တောင်ကိုရီးယားသရုပ်ဆောင် လီဒုန်ဂန် လူဦးရေရဲ့ ၁ ရာခိုင်နှုန်းသာဖြစ်လေ့ရှိတဲ့ ရှားပါးရောဂါ ခံစားနေရ

451

ရောင်နီ (NP News) - စက်တင်ဘာ ၃ဝ
"Queen for seven days" "Sweet 18" စတဲ့ ဒရာမာတွေနဲ့ နမည်ကျော်တဲ့ သရုပ်ဆောင် လီဒုန်ဂန် ဟာ ကိုရီးယား လူဦးရေရဲ့ ၁ ရာခိုင်နှုန်းသာ ဖြစ်ပွားတဲ့ Ankylosing spondylitis ရောဂါ ခံစားနေရတယ်လို့ သိရပါတယ်။
ဒီအကြောင်းကို SBS ရဲ့ 'My Ugly Duckling' ဒရာမာရိုက်ကူးနေစဉ် စက်တင်ဘာ ၂၈ ရက် မှာ သရုပ်ဆောင် လီဒုန်ဂန်က ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းရိုက်ကူးနေချိန်မှာ
လီက ဆက်တိုက် မျက်လုံးရောင်ရမ်းတဲ့ ဝေဒနာကို ခံစားခဲ့ရပြီး ဆေးရုံတက်ခဲ့ရပါတယ်။ ပုံမှန်မျက်လုံးစစ်ဆေးမှု အစား တစ်ကိုယ်လုံး ဓာတ်မှန်ရိုက်ပြီး ဓာတ်မှန်ရိုက်ခဲ့ရတာကြောင့် ပရိသတ်တွေက စိုးရိမ်ပူပန်ခဲ့ရပ်တယ်။ "မျက်လုံးတွေကနေ သွေးတွေစီးကျလာပြီး တစ်ခါတစ်လေ အမြင်အာရုံတွေ ပိတ်သွားတယ်။ ပိုဆိုးလာတဲ့အခါ အလင်းရောင်ကို မခံနိုင်ဖြစ်လာတယ်၊ အလင်းကိုကြည့်ရတာ နာကျင်ခံစားရပြီး အမြင်အာရုံတွေ မှိန်လာတာ ခံစားလာရတယ်" လို့ လီ က ပြောပါတယ်။
ရောဂါလက္ခဏာတွေကို တစ်နှစ်ကျော်ကြာ ခံစားခဲ့ရပြီး အခုမှပြင်းထန်လာတယ်လို့ ဆိုပါတယ်။ ဒီလို ရောဂါမျိုးဟာ တောင်ကိုရီးယား လူဦးရေရဲ့ ၁ ရာခိုင်နှုန်းသာဖြစ်လေ့ရှိပေမယ့် အဲဒီလူတွေထဲမှာတော့ လီ ဟာ ပါဝင် ခဲ့ပါတယ်။ လီဒုန်ဂမ်ဟာ "Sweet 18" "Leverage" "Stained Glass" စတဲ့ ဒရာမာတွေနဲ့ သူ့ခေတ်အခါက လူကြိုက်များ ရေပန်းစားခဲ့သူ ဖြစ်ပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ လီဒုန္ဂန္ လူဦးေရရဲ႕ ၁ ရာခိုင္ႏႈန္းသာ ျဖစ္ေလ့ရွိတဲ့ ရွားပါးေရာဂါ ခံစားေနရ
ေရာင္နီ (NP News) - စက္တင္ဘာ ၃ဝ
"Queen for seven days" "Sweet 18" စတဲ့ ဒရာမာေတြနဲ႔ နမည္ေက်ာ္တဲ့ သ႐ုပ္ေဆာင္ လီဒုန္ဂန္ ဟာ ကိုရီးယား လူဦးေရရဲ႕ ၁ ရာခိုင္ႏႈန္းသာ ျဖစ္ပြားတဲ့ Ankylosing spondylitis ေရာဂါ ခံစားေနရတယ္လို႔ သိရပါတယ္။
ဒီအေၾကာင္းကို SBS ရဲ႕ 'My Ugly Duckling' ဒရာမာ႐ိုက္ကူးေနစဥ္ စက္တင္ဘာ ၂၈ ရက္ မွာ သ႐ုပ္ေဆာင္ လီဒုန္ဂန္က ဖြင့္ဟခဲ့တာျဖစ္ပါတယ္။ ဇာတ္လမ္း႐ိုက္ကူးေနခ်ိန္မွာ
လီက ဆက္တိုက္ မ်က္လုံးေရာင္ရမ္းတဲ့ ေဝဒနာကို ခံစားခဲ့ရၿပီး ေဆး႐ုံတက္ခဲ့ရပါတယ္။ ပုံမွန္မ်က္လုံးစစ္ေဆးမႈ အစား တစ္ကိုယ္လုံး ဓာတ္မွန္႐ိုက္ၿပီး ဓာတ္မွန္႐ိုက္ခဲ့ရတာေၾကာင့္ ပရိသတ္ေတြက စိုးရိမ္ပူပန္ခဲ့ရပ္တယ္။ "မ်က္လုံးေတြကေန ေသြးေတြစီးက်လာၿပီး တစ္ခါတစ္ေလ အျမင္အာ႐ုံေတြ ပိတ္သြားတယ္။ ပိုဆိုးလာတဲ့အခါ အလင္းေရာင္ကို မခံႏိုင္ျဖစ္လာတယ္၊ အလင္းကိုၾကည့္ရတာ နာက်င္ခံစားရၿပီး အျမင္အာ႐ုံေတြ မွိန္လာတာ ခံစားလာရတယ္" လို႔ လီ က ေျပာပါတယ္။
ေရာဂါလကၡဏာေတြကို တစ္ႏွစ္ေက်ာ္ၾကာ ခံစားခဲ့ရၿပီး အခုမွျပင္းထန္လာတယ္လို႔ ဆိုပါတယ္။ ဒီလို ေရာဂါမ်ိဳးဟာ ေတာင္ကိုရီးယား လူဦးေရရဲ႕ ၁ ရာခိုင္ႏႈန္းသာျဖစ္ေလ့ရွိေပမယ့္ အဲဒီလူေတြထဲမွာေတာ့ လီ ဟာ ပါဝင္ ခဲ့ပါတယ္။ လီဒုန္ဂမ္ဟာ "Sweet 18" "Leverage" "Stained Glass" စတဲ့ ဒရာမာေတြနဲ႔ သူ႔ေခတ္အခါက လူႀကိဳက္မ်ား ေရပန္းစားခဲ့သူ ျဖစ္ပါတယ္။