ကွာလာလမ်ပူမြို့ရှိ အမေရိကန်သံရုံးရှေ့တွင် မလေးရှားနိုင်ငံသား ထောင်ချီဆန္ဒပြ

512

ဂျန်ဇက် (NP News) - အောက်တိုဘာ ၃
မလေးရှားနိုင်ငံသားထောင်ချီသည် ကွာလာလမ်ပူမြို့ရှိ အမေရိကန်သံရုံးရှေ့တွင် အစ္စရေးနိုင်ငံအပေါ် အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြောင်း သိရသည်။ မလေးရှားနိုင်ငံသို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် လာရောက်ခါနီးချိန်တွင် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အငြင်းပွားမှုများ မြင့်တက်လျက်ရှိနေကြောင်း သိရသည်။
ဆန္ဒပြပွဲတွင် ပါဝင်သူများက အမေရိကန်နိုင်ငံအနေဖြင့် ဂါဇာဒေသသို့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးပစ္စည်းများ တင်ဆောင်လာသောသင်္ဘောများ ဝင်ရောက်ခွင့်ပြုရန်အတွက် အစ္စရေးနိုင်ငံကို ဖိအားပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း သိရသည်။
ဂါဇာဒေသရှိ လူသားချင်းဆိုင်ရာစာနာမှုအကူညီလိုအပ်နေသောလူများအတွက် မလေးရှားနိုင်ငံက စေလွှတ်ခဲ့သော သင်္ဘော ၂၃ စီးကို အစ္စရေးနိုင်ငံက ဖမ်းဆီးထားကြောင်း သိရသည်။
ဆန္ဒပြပွဲတွင်ပါဝင်သည့် မလေးရှားနိုင်ငံများက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေဖြင့် ဂါဇာစစ်ပွဲငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တားဆီးနေသော အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကို တားဆီးရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အရှေ့တောင်အာရှထိပ်သီးအစည်းအဝေးကို တက်ရောက်ရန်အတွက် ယခုလအတွင်းတွင် မလေးရှားနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း
သိရသည်။ မလေးရှားနိုင်ငံ၏အကြီးမားဆုံးအတိုက်ခံပါတီဖြစ်သည့် PAS သည် မလေးရှားနိုင်ငံသို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် လာရောက်ချိန်အတွင်း ကြီးမားသောဆန္ဒပြပွဲများပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
မလေးရှားနိုင်ငံရှိအဖွဲ့အစည်းများသည် မလေးရှားနိုင်ငံသို့ အမေရိကန်သမ္မတအား ဖိတ်ခေါ်ခြင်းကို ငြင်းဆန်ပယ်ဖျက်ရန် တောင်းဆိုလျက်ရှိနေသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း မဟာသီယာမိုဟာမက်ကလည်း မလေးရှားအစိုးရအနေဖြင့် ပါလက်စတိုင်းလူများအပေါ် ကျူးလွန်နေသော အစ္စရေးနိုင်ငံကို ထောက်ခံနေသည့် အမေရိကန်နိုင်ငံ၏ သမ္မတဒေါ်နယ်ထရမ့်ကို ဖိတ်ခေါ်ခြင်းမျိုး မလုပ်ဆောင်ရန်တောင်း ဆိုထားကြောင်းသိရသည်။ အမေရိကန်နိုင်ငံသည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ နှင့် အစ္စရေးနိုင်ငံကြားဖြစ်ပွားလျက်ရှိနေသည့် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ဖိအားများကို ရင်ဆိုင်နေရသည်။ ပြင်သစ်သမ္မတ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ဂါဇာစစ်ပွဲ နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံကို ဝေဖန်ပြစ်တင်မှုများရှိနေကြောင်း သိရသည်။

Zawgyi Version:
ကြာလာလမ္ပူၿမိဳ႕ရွိ အေမရိကန္သံ႐ုံးေရွ႕တြင္ မေလးရွားႏိုင္ငံသား ေထာင္ခ်ီဆႏၵျပ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၃
မေလးရွားႏိုင္ငံသားေထာင္ခ်ီသည္ ကြာလာလမ္ပူၿမိဳ႕ရွိ အေမရိကန္သံ႐ုံးေရွ႕တြင္ အစၥေရးႏိုင္ငံအေပၚ အေရးယူေဆာင္႐ြက္ေပးရန္ ေတာင္းဆိုဆႏၵျပခဲ့ေၾကာင္း သိရသည္။ မေလးရွားႏိုင္ငံသို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ လာေရာက္ခါနီးခ်ိန္တြင္ ဂါဇာစစ္ပြဲႏွင့္ပတ္သက္ၿပီး အျငင္းပြားမႈမ်ား ျမင့္တက္လ်က္ရွိေနေၾကာင္း သိရသည္။
ဆႏၵျပပြဲတြင္ ပါဝင္သူမ်ားက အေမရိကန္ႏိုင္ငံအေနျဖင့္ ဂါဇာေဒသသို႔ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရးပစၥည္းမ်ား တင္ေဆာင္လာေသာသေဘၤာမ်ား ဝင္ေရာက္ခြင့္ျပဳရန္အတြက္ အစၥေရးႏိုင္ငံကို ဖိအားေပးရမည္ဟု ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။
ဂါဇာေဒသရွိ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီလိုအပ္ေနေသာလူမ်ားအတြက္ မေလးရွားႏိုင္ငံက ေစလႊတ္ခဲ့ေသာ သေဘၤာ ၂၃ စီးကို အစၥေရးႏိုင္ငံက ဖမ္းဆီးထားေၾကာင္း သိရသည္။
ဆႏၵျပပြဲတြင္ပါဝင္သည့္ မေလးရွားႏိုင္ငံမ်ားက အေမရိကန္သမၼတေဒၚနယ္ထရမ့္အေနျဖင့္ ဂါဇာစစ္ပြဲၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို တားဆီးေနေသာ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုကို တားဆီးရန္ တိုက္တြန္းခဲ့ေၾကာင္း သိရသည္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ အေရွ႕ေတာင္အာရွထိပ္သီးအစည္းအေဝးကို တက္ေရာက္ရန္အတြက္ ယခုလအတြင္းတြင္ မေလးရွားႏိုင္ငံသို႔ လာေရာက္မည္ျဖစ္ေၾကာင္း
သိရသည္။ မေလးရွားႏိုင္ငံ၏အႀကီးမားဆုံးအတိုက္ခံပါတီျဖစ္သည့္ PAS သည္ မေလးရွားႏိုင္ငံသို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ လာေရာက္ခ်ိန္အတြင္း ႀကီးမားေသာဆႏၵျပပြဲမ်ားျပဳလုပ္ရန္ စီစဥ္ထားေၾကာင္း သိရသည္။
မေလးရွားႏိုင္ငံရွိအဖြဲ႕အစည္းမ်ားသည္ မေလးရွားႏိုင္ငံသို႔ အေမရိကန္သမၼတအား ဖိတ္ေခၚျခင္းကို ျငင္းဆန္ပယ္ဖ်က္ရန္ ေတာင္းဆိုလ်က္ရွိေနသည္။
မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း မဟာသီယာမိုဟာမက္ကလည္း မေလးရွားအစိုးရအေနျဖင့္ ပါလက္စတိုင္းလူမ်ားအေပၚ က်ဴးလြန္ေနေသာ အစၥေရးႏိုင္ငံကို ေထာက္ခံေနသည့္ အေမရိကန္ႏိုင္ငံ၏ သမၼတေဒၚနယ္ထရမ့္ကို ဖိတ္ေခၚျခင္းမ်ိဳး မလုပ္ေဆာင္ရန္ေတာင္း ဆိုထားေၾကာင္းသိရသည္။ အေမရိကန္ႏိုင္ငံသည္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ ႏွင့္ အစၥေရးႏိုင္ငံၾကားျဖစ္ပြားလ်က္ရွိေနသည့္ ဂါဇာစစ္ပြဲႏွင့္ပတ္သက္ၿပီး ဖိအားမ်ားကို ရင္ဆိုင္ေနရသည္။ ျပင္သစ္သမၼတ အပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားက ဂါဇာစစ္ပြဲ ႏွင့္ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံကို ေဝဖန္ျပစ္တင္မႈမ်ားရွိေနေၾကာင္း သိရသည္။