ဂါဇာသဘောတူညီချက်ကို လက်မှတ်ရေးထိုးမပြီးခင်အချိန်အထိ အပစ်အခတ်ရပ်စဲထားဖို့ အစ္စရေးကို အီဂျစ် တိုက်တွန်း

 154

Pika (NP News) - အောက်တိုဘာ ၁၁
ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်မယ့်သဘောတူညီချက်ကို လက်မှတ်ရေးထိုးမပြီးခင် အချိန်အထိ အပစ်အခတ်ရပ်စဲထားဖို့ ဒါမှမဟုတ် တင်းမာမှုတွေကို လျှော့ချဖို့အတွက် အစ္စရေးကို ဆွဲဆောင်ဖို့ ကြားဝင်စေ့စပ်ပေးတဲ့အဖွဲ့တွေကို အီဂျစ်သမ္မတ Abdel Fattah al-Sisi က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ စီစဉ်ထားပေမယ့်လည်း အစ္စရေးက ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး Abdel Fattah al-Sisi က ယခုလို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် Abdel Fattah al-Sisi ဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ဖုန်းခေါ်ဆိုမှုတွေလုပ်ဆောင်ခဲ့ပြီး ဂါဇာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အသိအမှတ်ပြုတဲ့အနေနဲ့ အီဂျစ်မှာလုပ်ဆောင်မယ့် အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရဲ့အဆင့်တွေအားလုံးကို ဆက်လက်အကောင် အထည်ဖော်ဖို့ လိုအပ်ကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိတဲ့အချိန်အထိ ကြီးကြပ်မှုတွေ လုပ်ဆောင်ဖို့ ဒေါ်နယ်ထရမ့်ကို Abdel Fattah al-Sisi က တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။ ကျန်ရှိနေတဲ့ဓါးစာခံတွေ ပြန်လည်လွတ်မြောက်လာစေမယ့် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ အစ္စရေးနဲ့ဟားမက်လက်နက်ကိုင်အဖွဲ့တို့က သဘောတူညီခဲ့ပြီးနောက် Abdel Fattah al-Sisi ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

Zawgyi Version:
ဂါဇာသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးမၿပီးခင္အခ်ိန္အထိ အပစ္အခတ္ရပ္စဲထားဖို႔ အစၥေရးကို အီဂ်စ္ တိုက္တြန္း
Pika (NP News) - ေအာက္တိုဘာ ၁၁
ဂါဇာကမ္းေျမာင္ေဒသမွာျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္မယ့္သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးမၿပီးခင္ အခ်ိန္အထိ အပစ္အခတ္ရပ္စဲထားဖို႔ ဒါမွမဟုတ္ တင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔အတြက္ အစၥေရးကို ဆြဲေဆာင္ဖို႔ ၾကားဝင္ေစ့စပ္ေပးတဲ့အဖြဲ႕ေတြကို အီဂ်စ္သမၼတ Abdel Fattah al-Sisi က တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။
သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးဖို႔ စီစဥ္ထားေပမယ့္လည္း အစၥေရးက ဂါဇာကမ္းေျမာင္ေဒသမွာ တိုက္ခိုက္မႈေတြကို ဆက္လက္လုပ္ေဆာင္ေနတာေတြနဲ႔ပတ္သက္ၿပီး Abdel Fattah al-Sisi က ယခုလို ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ Abdel Fattah al-Sisi ဟာ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ဖုန္းေခၚဆိုမႈေတြလုပ္ေဆာင္ခဲ့ၿပီး ဂါဇာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို အသိအမွတ္ျပဳတဲ့အေနနဲ႔ အီဂ်စ္မွာလုပ္ေဆာင္မယ့္ အခမ္းအနားကို တက္ေရာက္ဖို႔ ဖိတ္ၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရဲ႕အဆင့္ေတြအားလုံးကို ဆက္လက္အေကာင္ အထည္ေဖာ္ဖို႔ လိုအပ္ေၾကာင္းနဲ႔ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရရွိတဲ့အခ်ိန္အထိ ႀကီးၾကပ္မႈေတြ လုပ္ေဆာင္ဖို႔ ေဒၚနယ္ထရမ့္ကို Abdel Fattah al-Sisi က တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။ က်န္ရွိေနတဲ့ဓါးစာခံေတြ ျပန္လည္လြတ္ေျမာက္လာေစမယ့္ ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးဖို႔ အစၥေရးနဲ႔ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔က သေဘာတူညီခဲ့ၿပီးေနာက္ Abdel Fattah al-Sisi ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.