NCA နှစ်ပတ်လည် အခမ်းအနား သို့ လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များလည်း တက်ရောက်ဖွယ်ရှိ

535

သုတကျော်(NP News)-အောက်တိုဘာ ၁၂
NCA နှစ်ပတ်လည်အခမ်းအနားသို့ NCA လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့များလည်း တက်ရောက်ဖွယ် ရှိကြောင်း သိရသည်။
NCA လက်မှတ်ရေးထိုးပြီးချိန်မှစ၍ NCA အထိမ်းအမှတ် နှစ်ပတ်လည်နေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပပြု လုပ်ခဲ့ပြီး လာမည့် (၂၀၂၅) ခုနှစ် အောက်တိုဘာလ(၁၅) ရက်တွင် (၁၀) နှစ် ပြည့်မြောက် မည်ဖြစ်ရာ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-(၁) (MICC-I) တွင် အောက်တိုဘာလ (၁၅) ရက်မှ (၁၇) ရက်အထိ နှစ် ပတ်လည်နှင့် အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပရန် စီစဉ်ထားခြင်းဖြစ်ပြီး နိုင်ငံရေးအနှစ်သာရရှိရှိဖြင့် ခမ်းနားစွာကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်မည်ဖြစ်ပြီး NCA ဖြစ်ပေါ်လာရေး ကြိုး ပမ်းဆောင်ရွက်ခဲ့သူ များ၊ NCA လက်မှတ်ရေးထိုးခဲ့ ကြသူများ၊ NCA အသိသက်သေများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင် များ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် လေ့လာသူများ ပါဝင်တက်ရောက်ရန်အတွက် ဖိတ် ကြားထားကြောင်းလည်းသိရသည်။ တက်ရောက် လာသူများမှ စုံစုံညီညီ ဆွေးနွေးပြီးပါက နိုင်ငံအတွက် လမ်းပြမြေပုံ တစ်ခုထွက်ပေါ်လာနိုင်ကြောင်း ရခိုင့်ဦး ဆောင်ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြော သည်။
“လာမယ့် ရွေးကောက်ပွဲ အလွန်ကာလမှာ တာဝန်အပ်နှင်းနိုင်အောင် အဖြေတစ်ခုတော့ ထွက်လာမှာပေါ့။ အနာဂတ်ကို မျှော်မှန်းတဲ့အဖြေ ပေါ့ဗျာ။ ဘယ်လို ချီတက်သင့်တယ်ဆိုတဲ့ Guideline လို့ မပြောရင်တောင် သွားသင့်တဲ့ မူဝါဒရေး ရာပိုင်းပေါ့ဗျာ။ Road map တစ်ခုတော့ ထွက်လာ နိုင်ပါတယ်” ဟု ၎င်းကဆိုသည်။ အနာဂတ်အတွက် အစီစဉ်များကို အဖြေထုတ်ပေးနိုင်မည်ဖြစ်ကြောင်းလည်း ဒေါက်တာ အေးမောင်က သုံးသပ်သည်။

Zawgyi Version:
NCA ႏွစ္ပတ္လည္ အခမ္းအနား သို႔ လက္မွတ္မေရးထိုးထားရေသးသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕မ်ားလည္း တက္ေရာက္ဖြယ္ရွိ
သုတေက်ာ္(NP News)-ေအာက္တိုဘာ ၁၂
NCA ႏွစ္ပတ္လည္အခမ္းအနားသို႔ NCA လက္မွတ္မေရးထိုးထားရေသးသည့္ တိုင္းရင္း သားလက္နက္ကိုင္ အဖြဲ႕မ်ားလည္း တက္ေရာက္ဖြယ္ ရွိေၾကာင္း သိရသည္။
NCA လက္မွတ္ေရးထိုးၿပီးခ်ိန္မွစ၍ NCA အထိမ္းအမွတ္ ႏွစ္ပတ္လည္ေန႔အခမ္းအနားမ်ားကို ႏွစ္စဥ္က်င္းပျပဳ လုပ္ခဲ့ၿပီး လာမည့္ (၂၀၂၅) ခုႏွစ္ ေအာက္တိုဘာလ(၁၅) ရက္တြင္ (၁၀) ႏွစ္ ျပည့္ေျမာက္ မည္ျဖစ္ရာ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္း ဗဟိုဌာန-(၁) (MICC-I) တြင္ ေအာက္တိုဘာလ (၁၅) ရက္မွ (၁၇) ရက္အထိ ႏွစ္ ပတ္လည္ႏွင့္ အလုပ္႐ုံေဆြးေႏြးပြဲကိုက်င္းပရန္ စီစဥ္ထားျခင္းျဖစ္ၿပီး ႏိုင္ငံေရးအႏွစ္သာရရွိရွိျဖင့္ ခမ္းနားစြာက်င္းပ မည္ျဖစ္ေၾကာင္း သိရသည္။
ဖြင့္ပြဲအခမ္းအနားသို႔ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကိုယ္တိုင္ တက္ေရာက္မည္ျဖစ္ၿပီး NCA ျဖစ္ေပၚလာေရး ႀကိဳး ပမ္းေဆာင္႐ြက္ခဲ့သူ မ်ား၊ NCA လက္မွတ္ေရးထိုးခဲ့ ၾကသူမ်ား၊ NCA အသိသက္ေသမ်ား၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊ ႏိုင္ငံေရးပါတီ ကိုယ္စားလွယ္မ်ား၊ ျပည္တြင္း၊ ျပည္ပမွ ဘာသာရပ္ဆိုင္ရာ ကြၽမ္းက်င္သူမ်ား၊ အသိပညာရွင္၊ အတတ္ပညာရွင္ မ်ား၊ တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေလ့လာသူမ်ား ပါဝင္တက္ေရာက္ရန္အတြက္ ဖိတ္ ၾကားထားေၾကာင္းလည္းသိရသည္။ တက္ေရာက္ လာသူမ်ားမွ စုံစုံညီညီ ေဆြးေႏြးၿပီးပါက ႏိုင္ငံအတြက္ လမ္းျပေျမပုံ တစ္ခုထြက္ေပၚလာႏိုင္ေၾကာင္း ရခိုင့္ဦး ေဆာင္ပါတီ၏ ဥကၠ႒ ေဒါက္တာေအးေမာင္က ေျပာ သည္။
“လာမယ့္ ေ႐ြးေကာက္ပြဲ အလြန္ကာလမွာ တာဝန္အပ္ႏွင္းႏိုင္ေအာင္ အေျဖတစ္ခုေတာ့ ထြက္လာမွာေပါ့။ အနာဂတ္ကို ေမွ်ာ္မွန္းတဲ့အေျဖ ေပါ့ဗ်ာ။ ဘယ္လို ခ်ီတက္သင့္တယ္ဆိုတဲ့ Guideline လို႔ မေျပာရင္ေတာင္ သြားသင့္တဲ့ မူဝါဒေရး ရာပိုင္းေပါ့ဗ်ာ။ Road map တစ္ခုေတာ့ ထြက္လာ ႏိုင္ပါတယ္” ဟု ၎ကဆိုသည္။ အနာဂတ္အတြက္ အစီစဥ္မ်ားကို အေျဖထုတ္ေပးႏိုင္မည္ျဖစ္ေၾကာင္းလည္း ေဒါက္တာ ေအးေမာင္က သုံးသပ္သည္။