“T-Dome” လေကြောင်းရန်ကာကွယ်ရေးစနစ်အသစ်ကို တည်ဆောက်မည်ဟု တရုတ်တိုင်ပေ သမ္မတပြော

167

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၄
တရုတ်တိုင်ပေ အနေဖြင့် “T-Dome” လို့ လူသိများသည့် ဘက်စုံသုံးလေကြောင်း ရန် ကာကွယ် ရေးစနစ်အသစ်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း တရုတ်တိုင်ပေသမ္မတ လိုင်ချန်တေး က ထုတ် ဖော်ပြောဆိုလိုက်သည်။
တရုတ်တိုင်ပေ နှင့် တရုတ်နိုင်ငံကြား အငြင်းပွားမှုများမြင့်တက်နေချိန်တွင် တရုတ်တိုင်ပေ က ကာကွယ်ရေးအသုံးစရိတ်များ ပိုမိုတိုးမြှင့်သုံးစွဲရန် စီစဉ်နေကြောင်းသိရသည်။ တရုတ်နိုင်ငံက တရုတ် တိုင်ပေသည် ၎င်းတို့လက်အောက်ခံဖြစ်ပြီး ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းနိုင်ရန် ကြိုးပမ်းမည်ဖြစ် သော်လည်း လိုအပ်မည်ဆိုလျှင် အင်အားသုံးသိမ်းပိုက်မည်ဟု ခြိမ်းခြောက်ထားသည်။
တရုတ်တိုင်ပေသည် တရုတ်နိုင်ငံလက်အောက်မှခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ရေးရယူနိုင်ရန် လိုလားနေရာ လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၏ စစ်ရေး နှင့် နိုင်ငံရေးဖိအားများကို ရင်ဆိုင်နေရသည်။ တရုတ်တိုင်ပေအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကိုပိုမိုအသုံးပြုမည်ဖြစ်ပြီး ယခုနှစ်အကုန်တွင် တရုတ်တိုင်ပေကျွန်းကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ရေးနှင့်ပတ်သက်ပြီး အထူးအသုံးစရိတ်ခွင့် ပြုပေးရန် တောင်းဆိုမည်ဟု သမ္မတ လိုင်ချန်တေးက ပြောသည်။
တရုတ်တိုင်ပေသမ္မတက “ကာကွယ်ရေး အသုံးစရိတ်ပိုမိုတိုးမြှင့်သုံးစွဲဖို့ ရည်ရွယ်ထားတယ်။ ရန်သူတွေရဲ့ခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်အောင် ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ဖို့လိုအပ်တယ်။ ကာကွယ်ရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးလာစေအောင် ကာကွယ်ရေးအသုံးစရိတ် ပိုမိုသုံးစွဲရမယ်။ ကျွန်တော် တို့ဟာ တရုတ်တိုင်ပေ ပိုင်နက်အတွင်း “T-Dome” လေကြောင်းရန် ကာကွယ်ရေးစနစ်အသစ်ကို တည် ဆောက်သွားမယ်။ တရုတ်တိုင်ပေကျွန်းမှာနေထိုင်တဲ့ လူတွေနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ ၊ ဘေးကင်း ဖို့ “T-Dome” လေကြောင်းရန် ကာကွယ်ရေးစနစ်ကို မဖြစ်မနေတည်ဆောက်ရမယ်” ဟုပြောသည်။ တရုတ် တိုင်ပေသမ္မတသည် ]ွှ-ီသာန} လေကြောင်းရန် ကာကွယ်ရေးစနစ် နှင့် ပတ်သက်သော အသေးစိတ် အခြေနေကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။
အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးကတော့ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်သုံးစွဲမည်ဆို သော တရုတ်သမ္မတ၏ပြောဆိုချက်များကိုအားပေးထောက်ခံကြောင်း ပြောဆိုထားသည်။ တရုတ် တိုင် ပေတွင် လိုင်ချန်တေး သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံ နှင့် တရုတ်တိုင်ပေ ကြား အငြင်းပွား မှုများ၊ တင်းမာမှုများ ပိုမိုဖြစ်လာခဲ့ကြောင်းသိရသည်။

Zawgyi Version:
“T-Dome” ေလေၾကာင္းရန္ကာကြယ္ေရးစနစ္အသစ္ကို တည္ေဆာက္မည္ဟု တ႐ုတ္တိုင္ေပ သမၼတေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၄
တ႐ုတ္တိုင္ေပ အေနျဖင့္ “T-Dome” လို႔ လူသိမ်ားသည့္ ဘက္စုံသုံးေလေၾကာင္း ရန္ ကာကြယ္ ေရးစနစ္အသစ္ကို တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း တ႐ုတ္တိုင္ေပသမၼတ လိုင္ခ်န္ေတး က ထုတ္ ေဖာ္ေျပာဆိုလိုက္သည္။
တ႐ုတ္တိုင္ေပ ႏွင့္ တ႐ုတ္ႏိုင္ငံၾကား အျငင္းပြားမႈမ်ားျမင့္တက္ေနခ်ိန္တြင္ တ႐ုတ္တိုင္ေပ က ကာကြယ္ေရးအသုံးစရိတ္မ်ား ပိုမိုတိုးျမႇင့္သုံးစြဲရန္ စီစဥ္ေနေၾကာင္းသိရသည္။ တ႐ုတ္ႏိုင္ငံက တ႐ုတ္ တိုင္ေပသည္ ၎တို႔လက္ေအာက္ခံျဖစ္ၿပီး ၿငိမ္းခ်မ္းစြာ ျပန္လည္ေပါင္းစည္းႏိုင္ရန္ ႀကိဳးပမ္းမည္ျဖစ္ ေသာ္လည္း လိုအပ္မည္ဆိုလွ်င္ အင္အားသုံးသိမ္းပိုက္မည္ဟု ၿခိမ္းေျခာက္ထားသည္။
တ႐ုတ္တိုင္ေပသည္ တ႐ုတ္ႏိုင္ငံလက္ေအာက္မွခြဲထြက္ၿပီး ကိုယ္ပိုင္လြတ္လပ္ေရးရယူႏိုင္ရန္ လိုလားေနရာ လက္ရွိအခ်ိန္တြင္ တ႐ုတ္ႏိုင္ငံ၏ စစ္ေရး ႏွင့္ ႏိုင္ငံေရးဖိအားမ်ားကို ရင္ဆိုင္ေနရသည္။ တ႐ုတ္တိုင္ေပအေနျဖင့္ ကာကြယ္ေရးအသုံးစရိတ္ကိုပိုမိုအသုံးျပဳမည္ျဖစ္ၿပီး ယခုႏွစ္အကုန္တြင္ တ႐ုတ္တိုင္ေပကြၽန္းကို ကာကြယ္ႏိုင္ရန္အတြက္ ကာကြယ္ေရးႏွင့္ပတ္သက္ၿပီး အထူးအသုံးစရိတ္ခြင့္ ျပဳေပးရန္ ေတာင္းဆိုမည္ဟု သမၼတ လိုင္ခ်န္ေတးက ေျပာသည္။
တ႐ုတ္တိုင္ေပသမၼတက “ကာကြယ္ေရး အသုံးစရိတ္ပိုမိုတိုးျမႇင့္သုံးစြဲဖို႔ ရည္႐ြယ္ထားတယ္။ ရန္သူေတြရဲ႕ၿခိမ္းေျခာက္မႈမ်ားကို တုံ႔ျပန္ႏိုင္ေအာင္ ကာကြယ္ေရးအသုံးစရိတ္တိုးျမႇင့္ဖို႔လိုအပ္တယ္။ ကာကြယ္ေရးလုပ္ငန္းေတြ ပိုမိုဖြံ႕ၿဖိဳးလာေစေအာင္ ကာကြယ္ေရးအသုံးစရိတ္ ပိုမိုသုံးစြဲရမယ္။ ကြၽန္ေတာ္ တို႔ဟာ တ႐ုတ္တိုင္ေပ ပိုင္နက္အတြင္း “T-Dome” ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္အသစ္ကို တည္ ေဆာက္သြားမယ္။ တ႐ုတ္တိုင္ေပကြၽန္းမွာေနထိုင္တဲ့ လူေတြနဲ႔ ပိုင္ဆိုင္မႈေတြကို ကာကြယ္ဖို႔ ၊ ေဘးကင္း ဖို႔ “T-Dome” ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ကို မျဖစ္မေနတည္ေဆာက္ရမယ္” ဟုေျပာသည္။ တ႐ုတ္ တိုင္ေပသမၼတသည္ ]ႊ-ီသာန} ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ ႏွင့္ ပတ္သက္ေသာ အေသးစိတ္ အေျခေနကို ထုတ္ေဖာ္ေျပာဆိုျခင္းမရွိခဲ့ေၾကာင္း သိရသည္။
အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦးကေတာ့ ကာကြယ္ေရးအသုံးစရိတ္တိုးျမႇင့္သုံးစြဲမည္ဆို ေသာ တ႐ုတ္သမၼတ၏ေျပာဆိုခ်က္မ်ားကိုအားေပးေထာက္ခံေၾကာင္း ေျပာဆိုထားသည္။ တ႐ုတ္ တိုင္ ေပတြင္ လိုင္ခ်န္ေတး သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း တ႐ုတ္ႏိုင္ငံ ႏွင့္ တ႐ုတ္တိုင္ေပ ၾကား အျငင္းပြား မႈမ်ား၊ တင္းမာမႈမ်ား ပိုမိုျဖစ္လာခဲ့ေၾကာင္းသိရသည္။