KIA/ KPF အဖွဲ့မှ အဖွဲ့ဝင် ၁၁ ဦး ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာ

2134

Pearl (NP News) - အောက်တိုဘာ ၁၄
KIA/ KPF အဖွဲ့မှ အဖွဲ့ဝင် ၁၁ ဦး ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာ ကြောင်း နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်က သတင်းထုတ်ပြန်ထားသည်။
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် KPF အဖွဲ့မှ အဖွဲ့ဝင် ၁၁ ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယမန်နေ့ ( အောက်တိုဘာ ၁၃ ရက်) က ကချင်ပြည်နယ်၊ ပူတာအိုမြို့ရှိ နယ်မြေခံတပ်နယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနား၌ ပူတာအိုတပ်နယ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာပုဒ်မများနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြား ခဲ့ကာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
KIA/ KPF အဖြဲ႕မွ အဖြဲ႕ဝင္ ၁၁ ဦး ဥပေဒေဘာင္အတြင္းသို႔ ထပ္မံဝင္ေရာက္လာ
Pearl (NP News) - ေအာက္တိုဘာ ၁၄
KIA/ KPF အဖြဲ႕မွ အဖြဲ႕ဝင္ ၁၁ ဦး ဥပေဒေဘာင္အတြင္းသို႔ ထပ္မံဝင္ေရာက္လာ ေၾကာင္း ႏိုင္ငံေတာ္ လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္က သတင္းထုတ္ျပန္ထားသည္။
ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လာၾကသည့္ KPF အဖြဲ႕မွ အဖြဲ႕ဝင္ ၁၁ ဦးတို႔ကို တာဝန္ရွိသူမ်ားက ႀကိဳဆိုလက္ခံ၍ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းအပ္ႏွံပြဲကို ယမန္ေန႔ ( ေအာက္တိုဘာ ၁၃ ရက္) က ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕ရွိ နယ္ေျမခံတပ္နယ္ခန္းမ၌ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
အခမ္းအနား၌ ပူတာအိုတပ္နယ္မွ တာဝန္ရွိသူတစ္ဦးက နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရးဆိုင္ရာပုဒ္မမ်ားႏွင့္ပတ္သက္၍ အသိပညာေပးရွင္းလင္းေျပာၾကား ခဲ့ကာ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လာၾကသူမ်ားအား ဝန္ခံကတိလက္မွတ္ေရးထိုးေစၿပီး မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းအပ္ႏွံေပးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္ရန္ ဆႏၵရွိသူမ်ား က်န္ရွိေနေသးေၾကာင္း သိရွိရၿပီး ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လိုသူမ်ားအေနျဖင့္ နီးစပ္ရာ တပ္စခန္းမ်ားႏွင့္ ရဲစခန္းမ်ားသို႔ ဆက္သြယ္သတင္းေပးပို႔လာပါက ႀကိဳဆိုလက္ခံၿပီး လိုအပ္သည့္ ကူညီေထာက္ပံ့မႈမ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္းႏွင့္ လက္နက္/ ခဲယမ္းမ်ားအတြက္ ဆုေၾကးေငြမ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။