ပြင်သစ်သမ္မတနဲ့ဖုန်းခေါ်ဆိုမှုအတွင်း လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ဒုံးကျည်တွေကို ယူကရိန်းသမ္မတ တောင်းဆို

164

Pika (NP News) - အောက်တိုဘာ ၁၄
ယူကရိန်းသမ္မတဇီလန်စကီးဟာ ပြင်သစ်သမ္မတမက်ခရွန်နဲ့ ဖုန်းခေါ်ဆိုမှုလုပ်ဆောင်စဉ်အချိန်အတွင်း ယူကရိန်းကို နောက်ထပ်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဇီလန်စကီးက “ကျွန်တော် ပြင်သစ်သမ္မတမက်ခရွန်နဲ့ ဖုန်းပြောခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဦးစားပေး လိုအပ်ချက်တွေဖြစ်တဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ဒုံးကျည်တွေအကြောင်း သူ့ကို အသိပေးခဲ့ပါ တယ်” လို့ ပြောခဲ့ပါတယ်။
ယူကရိန်းကို တာဝေးပစ် Tomahawk ဒုံးကျည်တွေထောက်ပံ့ပေးဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ဇီလန်စကီးက တောင်းဆိုခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ ဇီလန်စကီးရဲ့ မက်ခရွန်ကိုတောင်းဆိုမှု တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ဒါ့ပြင် ယူကရိန်းက အမေရိကန်ထုတ် Tomahawk ဒုံးကျည်တွေနဲ့ ဘာတွေလုပ်ဖို့ စီစဉ်ထားသလဲဆိုတာကို သိချင်မိတယ်လို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲအရှိန်မြင့်တက်လာတာမျိုး မဖြစ်စေချင်တာကြောင့် ယူကရိန်းကို Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ သဘောမတူခင် ယူကရိန်းရဲ့ရည်ရွယ်ချက်တွေကို သိချင်တာဖြစ်တယ် လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
Tomahawk ဒုံးကျည်တွေဟာ အကွာအဝေး(၂၅၀၀)ကီလိုမီတာလောက်အထိ ပျံသန်းနိုင်စွမ်းရှိပြီး ယူကရိန်းကသာ အဲဒီဒုံးကျည်တွေကို လက်ခံရရှိခဲ့မယ်ဆိုရင် ရုရှားနိုင်ငံရဲ့ဘယ်နေရာကိုမဆို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိသွားမှာ လည်း ဖြစ်ပါတယ်။ ရုရှားနိုင်ငံတွင်းကို ပစ်ခတ်တိုက်ခိုက်ဖို့အတွက် အမေရိကန်က ယူကရိန်းကို တာဝေးပစ် Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့မယ်ဆိုရင် အဲဒီထောက်ပံ့ပေးမှုက ရုရှား-အမေရိကန်ဆက်ဆံရေးကို ပျက်စီးစေလိမ့်မယ်လို့လည်း ရုရှားသမ္မတပူတင်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတိပေးပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ျပင္သစ္သမၼတနဲ႔ဖုန္းေခၚဆိုမႈအတြင္း ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြနဲ႔ဒုံးက်ည္ေတြကို ယူကရိန္းသမၼတ ေတာင္းဆို
Pika (NP News) - ေအာက္တိုဘာ ၁၄
ယူကရိန္းသမၼတဇီလန္စကီးဟာ ျပင္သစ္သမၼတမက္ခ႐ြန္နဲ႔ ဖုန္းေခၚဆိုမႈလုပ္ေဆာင္စဥ္အခ်ိန္အတြင္း ယူကရိန္းကို ေနာက္ထပ္ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြနဲ႔ ဒုံးက်ည္ေတြ ေထာက္ပံ့ေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ ဇီလန္စကီးက “ကြၽန္ေတာ္ ျပင္သစ္သမၼတမက္ခ႐ြန္နဲ႔ ဖုန္းေျပာခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ဦးစားေပး လိုအပ္ခ်က္ေတြျဖစ္တဲ့ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြနဲ႔ ဒုံးက်ည္ေတြအေၾကာင္း သူ႔ကို အသိေပးခဲ့ပါ တယ္” လို႔ ေျပာခဲ့ပါတယ္။
ယူကရိန္းကို တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြေထာက္ပံ့ေပးဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ကို ဇီလန္စကီးက ေတာင္းဆိုခဲ့ၿပီးေနာက္ သီတင္းပတ္အနည္းငယ္အၾကာမွာ ဇီလန္စကီးရဲ႕ မက္ခ႐ြန္ကိုေတာင္းဆိုမႈ ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ဒါ့ျပင္ ယူကရိန္းက အေမရိကန္ထုတ္ Tomahawk ဒုံးက်ည္ေတြနဲ႔ ဘာေတြလုပ္ဖို႔ စီစဥ္ထားသလဲဆိုတာကို သိခ်င္မိတယ္လို႔ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲအရွိန္ျမင့္တက္လာတာမ်ိဳး မျဖစ္ေစခ်င္တာေၾကာင့္ ယူကရိန္းကို Tomahawk ဒုံးက်ည္ေတြ ေထာက္ပံ့ေပးဖို႔ သေဘာမတူခင္ ယူကရိန္းရဲ႕ရည္႐ြယ္ခ်က္ေတြကို သိခ်င္တာျဖစ္တယ္ လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
Tomahawk ဒုံးက်ည္ေတြဟာ အကြာအေဝး(၂၅၀၀)ကီလိုမီတာေလာက္အထိ ပ်ံသန္းႏိုင္စြမ္းရွိၿပီး ယူကရိန္းကသာ အဲဒီဒုံးက်ည္ေတြကို လက္ခံရရွိခဲ့မယ္ဆိုရင္ ႐ုရွားႏိုင္ငံရဲ႕ဘယ္ေနရာကိုမဆို ပစ္ခတ္တိုက္ခိုက္ႏိုင္စြမ္းရွိသြားမွာ လည္း ျဖစ္ပါတယ္။ ႐ုရွားႏိုင္ငံတြင္းကို ပစ္ခတ္တိုက္ခိုက္ဖို႔အတြက္ အေမရိကန္က ယူကရိန္းကို တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြ ေထာက္ပံ့ေပးခဲ့မယ္ဆိုရင္ အဲဒီေထာက္ပံ့ေပးမႈက ႐ုရွား-အေမရိကန္ဆက္ဆံေရးကို ပ်က္စီးေစလိမ့္မယ္လို႔လည္း ႐ုရွားသမၼတပူတင္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတိေပးေျပာဆိုခဲ့ပါတယ္။