ဂါဇာသဘောတူညီချက်က ယူကရိန်းအတွက် မျှော်လင့်ချက်တွေကိုဖြစ်ပေါ်စေတယ်လို့ ယူကရိန်းသမ္မတပြော

 205

Pika (NP News) - အောက်တိုဘာ ၁၅

ဂါဇာအပစ်အခတ်ရပ်စဲရေးကို ရယူနိုင်ခဲ့မှုနဲ့အတူ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဇီလန်စကီးက “ကမ္ဘာကြီးရဲ့တစ်နေရာမှာ ငြိမ်းချမ်းရေးရရှိသွားတဲ့အချိန်မှာ အခြား ဒေသတွေမှာလည်း ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေ ပိုရှိလာပါတယ်။ အရှေ့အလယ်ပိုင်းဒေသအတွက် အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်ရင် ယူကရိန်းမှာ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်တွေရဲ့ဦးဆောင်မှုနဲ့ ဆုံးဖြတ်မှုတွေက ကျွန်တော်တို့အတွက် သေချာပေါက်အလုပ်ဖြစ်နိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲကို ဖြေရှင်းရာမှာ အမေရိကန်နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံအများ အပြားကို ဂျာမန်အဓိပတိဖရက်ဒရစ်မာ့ဇ်က တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးတော့ ဒေါ်နယ်ထရမ့်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ ဩဇာလွှမ်းမိုးနိုင်သလိုပဲ ယူကရိန်းမှာလည်း ဩဇာလွှမ်းမိုးနိုင်ဖို့ မျှော်လင့်မိတယ်လို့ ဖရက်ဒရစ်မာ့ဇ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၃)နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း နှစ်ဖက်စလုံးက သိသာထင်ရှားတဲ့သဘောတူညီချက်တွေကို ရယူနိုင်တာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။ ရုရှားနဲ့ယူကရိန်း တို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပေမယ့်လည်း အကျဉ်းသားအပြန်အလှန် လဲလှယ်ရေးနဲ့သေဆုံးခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေ အပြန်အလှန်ပေးအပ်ဖို့ သဘောတူညီချက်တွေကိုသာ ရယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဂါဇာသေဘာတူညီခ်က္က ယူကရိန္းအတြက္ ေမွ်ာ္လင့္ခ်က္ေတြကိုျဖစ္ေပၚေစတယ္လို႔ ယူကရိန္းသမၼတေျပာ
Pika (NP News) - ေအာက္တိုဘာ ၁၅
ဂါဇာအပစ္အခတ္ရပ္စဲေရးကို ရယူႏိုင္ခဲ့မႈနဲ႔အတူ အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ ႐ုရွား-ယူကရိန္းစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ လုပ္ေဆာင္ေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဇီလန္စကီးက “ကမာၻႀကီးရဲ႕တစ္ေနရာမွာ ၿငိမ္းခ်မ္းေရးရရွိသြားတဲ့အခ်ိန္မွာ အျခား ေဒသေတြမွာလည္း ၿငိမ္းခ်မ္းေရးအတြက္ ေမွ်ာ္လင့္ခ်က္ေတြ ပိုရွိလာပါတယ္။ အေရွ႕အလယ္ပိုင္းေဒသအတြက္ အပစ္အခတ္ရပ္စဲေရးနဲ႔ ၿငိမ္းခ်မ္းေရးကို အေကာင္အထည္ေဖာ္ႏိုင္ရင္ ယူကရိန္းမွာ ကမာၻလုံးဆိုင္ရာ ေခါင္းေဆာင္ေတြရဲ႕ဦးေဆာင္မႈနဲ႔ ဆုံးျဖတ္မႈေတြက ကြၽန္ေတာ္တို႔အတြက္ ေသခ်ာေပါက္အလုပ္ျဖစ္ႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ယူကရိန္းမွာျဖစ္ပြားေနတဲ့စစ္ပြဲကို ေျဖရွင္းရာမွာ အေမရိကန္နဲ႔ ဆက္လက္ပူးေပါင္းေဆာင္႐ြက္ဖို႔ ႏိုင္ငံအမ်ား အျပားကို ဂ်ာမန္အဓိပတိဖရက္ဒရစ္မာ့ဇ္က ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးေတာ့ ေဒၚနယ္ထရမ့္ဟာ အေရွ႕အလယ္ပိုင္းေဒသမွာ ဩဇာလႊမ္းမိုးႏိုင္သလိုပဲ ယူကရိန္းမွာလည္း ဩဇာလႊမ္းမိုးႏိုင္ဖို႔ ေမွ်ာ္လင့္မိတယ္လို႔ ဖရက္ဒရစ္မာ့ဇ္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၃)ႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း ႏွစ္ဖက္စလုံးက သိသာထင္ရွားတဲ့သေဘာတူညီခ်က္ေတြကို ရယူႏိုင္တာမ်ိဳးေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။ ႐ုရွားနဲ႔ယူကရိန္း တို႔ဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို အႀကိမ္ႀကိမ္လုပ္ေဆာင္ခဲ့ေပမယ့္လည္း အက်ဥ္းသားအျပန္အလွန္ လဲလွယ္ေရးနဲ႔ေသဆုံးခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ အျပန္အလွန္ေပးအပ္ဖို႔ သေဘာတူညီခ်က္ေတြကိုသာ ရယူႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.