ရုရှားသမ္မတပူတင်နှင့် ဘယ်ဂျီယံနိုင်ငံတွင် တွေ့ဆုံဆွေးနွေးမည်ဟု အမေရိကန်သမ္မတပြော

102

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၈
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ရုရှားသမ္မတပူတင်နှင့် ဘယ်ဂျီယံနိုင်ငံ ဘူဒါပတ်မြို့တွင် တွေ့ဆုံဆွေးနွေးဖွယ် ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့်အောက်တိုဘာလ ၁၆ ရက်တွင် ရုရှားသမ္မတပူတင်နှင့်ဖုန်းဆက်ဆွေးနွေးခဲ့ရာ တိုးတက်မှုများရှိလာခဲ့ပြီးနောက် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ခြင်းဖြစ် သည်။
ယူကရိန်းသမ္မတ ဇီလန်စကီးသည် အမေရိကန်သမ္မတကို တိုမာဟော့ ဒုံးကျည်များ ကူညီထောက်ပံ့ပေးရန် တွန်းအားပေးတောင်းဆိုနေချိန်တွင် ရုရှားသမ္မတ နှင့်အမေရိကန်သမ္မတကြား တွေ့ဆုံဆွေးနွေးသည့်အစီအစဉ် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတသည် ဟန်ဂေရီနိုင်ငံတွင် ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံဆွေးနွေးမည့် အကြောင်းပြောဆိုခဲ့သော်လည်း အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိပေ၊ ရုရှားသမ္မတပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ပြီးခဲ့သည့်သြဂုတ်လက တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုထပ်မံပြီး တွေ့ဆုံဆွေးနွေးရန် စီစဉ်လာခြင်းဖြစ်သည်။
အမေရိကန်သမ္မတက ''ပြီးခဲ့တဲ့ရက်ပိုင်းက ဖုန်းဆက်ဆွေးနွေးတာ တိုးတက်မှုများရှိခဲ့တယ်။ ကျွန်တော်နဲ့ ပူတင်ဟာ တွေ့ဆုံဆွေးနွေးမယ့် နေရာအတွက်လည်း သဘောတူညီခဲ့တယ်'' ဟု ပြောသည်။ အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် ရုရှားအစိုးရအဖွဲ့တာဝန်ရှိသူများသည် သမ္မတနှစ်ဦး မတွေ့ဆုံခင် ကနဦး အရင်တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဇန်နဝါရီလတွင် အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီးနောက် ရုရှားနှင့်ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေသည့်စစ်ပွဲ အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် ကြားဝင် ဆွေးနွေးခဲ့သော်လည်း တိုးတက်မှုများမရှိခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတအပြင် ယူကရိန်းသမ္မတနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ဖူးကြောင်း သိရသည်။

Zawgyi Version;
႐ုရွားသမၼတပူတင္ႏွင့္ ဘယ္ဂ်ီယံႏိုင္ငံတြင္ ေတြ႕ဆုံေဆြးေႏြးမည္ဟု အေမရိကန္သမၼတေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၈
အေမရိကန္သမၼတေဒၚနယ္ထရမ့္က ႐ုရွားသမၼတပူတင္ႏွင့္ ဘယ္ဂ်ီယံႏိုင္ငံ ဘူဒါပတ္ၿမိဳ႕တြင္ ေတြ႕ဆုံေဆြးေႏြးဖြယ္ ရွိေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ေဒၚနယ္ထရမ့္သည္ ၿပီးခဲ့သည့္ေအာက္တိုဘာလ ၁၆ ရက္တြင္ ႐ုရွားသမၼတပူတင္ႏွင့္ဖုန္းဆက္ေဆြးေႏြးခဲ့ရာ တိုးတက္မႈမ်ားရွိလာခဲ့ၿပီးေနာက္ ေတြ႕ဆုံေဆြးေႏြးရန္ စီစဥ္ခဲ့ျခင္းျဖစ္ သည္။
ယူကရိန္းသမၼတ ဇီလန္စကီးသည္ အေမရိကန္သမၼတကို တိုမာေဟာ့ ဒုံးက်ည္မ်ား ကူညီေထာက္ပံ့ေပးရန္ တြန္းအားေပးေတာင္းဆိုေနခ်ိန္တြင္ ႐ုရွားသမၼတ ႏွင့္အေမရိကန္သမၼတၾကား ေတြ႕ဆုံေဆြးေႏြးသည့္အစီအစဥ္ ျဖစ္လာခဲ့ျခင္းျဖစ္သည္။ အေမရိကန္သမၼတသည္ ဟန္ေဂရီႏိုင္ငံတြင္ ႐ုရွားသမၼတပူတင္ႏွင့္ေတြ႕ဆုံေဆြးေႏြးမည့္ အေၾကာင္းေျပာဆိုခဲ့ေသာ္လည္း အေသးစိတ္ကို ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳးမရွိေပ၊ ႐ုရွားသမၼတပူတင္ႏွင့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္တို႔သည္ ၿပီးခဲ့သည့္ၾသဂုတ္လက ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ယခုထပ္မံၿပီး ေတြ႕ဆုံေဆြးေႏြးရန္ စီစဥ္လာျခင္းျဖစ္သည္။
အေမရိကန္သမၼတက ''ၿပီးခဲ့တဲ့ရက္ပိုင္းက ဖုန္းဆက္ေဆြးေႏြးတာ တိုးတက္မႈမ်ားရွိခဲ့တယ္။ ကြၽန္ေတာ္နဲ႔ ပူတင္ဟာ ေတြ႕ဆုံေဆြးေႏြးမယ့္ ေနရာအတြက္လည္း သေဘာတူညီခဲ့တယ္'' ဟု ေျပာသည္။ အေမရိကန္အစိုးရ တာဝန္ရွိသူမ်ားႏွင့္ ႐ုရွားအစိုးရအဖြဲ႕တာဝန္ရွိသူမ်ားသည္ သမၼတႏွစ္ဦး မေတြ႕ဆုံခင္ ကနဦး အရင္ေတြ႕ဆုံေဆြးေႏြး မည္ျဖစ္ေၾကာင္း သိရသည္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ ဇန္နဝါရီလတြင္ အေမရိကန္သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ ႐ုရွားႏွင့္ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနသည့္စစ္ပြဲ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ရန္ ၾကားဝင္ ေဆြးေႏြးခဲ့ေသာ္လည္း တိုးတက္မႈမ်ားမရွိခဲ့ေၾကာင္း သိရသည္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ႐ုရွားသမၼတအျပင္ ယူကရိန္းသမၼတႏွင့္လည္း ေတြ႕ဆုံေဆြးေႏြးခဲ့ဖူးေၾကာင္း သိရသည္။