အိန္ဒိယဝန်ကြီးချုပ်က ရုရှားထံမှ စွမ်းအင်ဝယ်ယူခြင်းများ ရပ်တန့်မည်ဟုပြောဆိုထားကြောင်း အမေရိကန်သမ္မတ ပြော

 105

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၈
အိန္ဒိယဝန်ကြီးချုပ် နရမ်ဒရာမိုဒီအနေဖြင့် ရုရှားနိုင်ငံထံမှ ရေနံ နှင့် ဓါတ်ငွေ့များ ဝယ်ယူခြင်းကို ရပ်တန့်မည့် အကြောင်းကို အခိုင်အမာပြောဆိုထားကြောင်း အမေရိကန်သမ္မတက ထုတ်ဖော်ပြောဆိုလိုက်သည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း ယင်းကဲ့သို့ပြောဆို ခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတက ''ကျွန်တော်ဟာ အိန္ဒိယဝန်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း ရုရှားထံကနေ အိန္ဒိယ နိုင်ငံက စွမ်းအင်ဝယ်ယူနေတာတွေကို မပျော်မရွင်ဖြစ်ခဲ့ရတာကို ပြောခဲ့တယ်။ အဲဒီအချိန်မှာ အိန္ဒိယဝန်ကြီးချုပ်က ကျွန်တော်ကို ရုရှားနိုင်ငံထံကနေ စွမ်းအင်ဝယ်ယူနေတာကို ရပ်တန့်မယ့် အကြောင်းပြောခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ တရုတ်နိုင်ငံကိုလည်း အဲဒီလိုမျိုး ရုရှားနိုင်ငံထံကနေ စွမ်းအင်ဝယ်ယူနေတာတွေ ဆက်လက်ရပ်တန့်အောင် လုပ်ဆောင်ရမယ်'' ဟု ပြောသည်။ အမေရိကန်သမ္မတ၏ ပြောဆိုချက်ထွက်ပေါ်လာပြီးနောက် နာရီပိုင်းအကြာတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အိန္ဒိယနိုင်ငံ၏ အဓိကဦးစားပေးသည်အိန္ဒိယနိုင်ငံ၏ စွမ်းအင်စားသုံးသူများ၏ အကျိုးစီးပွားဘေးကင်းလုံခြုံစေရန်ဖြစ်ကြောင်း ပြောသည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ''ကျွန်တော်တို့နိုင်ငံအတွင်း စွမ်းအင်ဈေးနှုန်းများတည်ငြိမ်ဖို့နဲ့ စွမ်းအင်တွေကိုထောက်ပံ့ပေးနိုင်ဖို့ပါ။ အမေရိကန် ဟာ စိုးရိမ်မှုများရှိနေပေမယ့် ကျွန်တော်တို့ဟာ စွမ်းအင်ဝယ်ယူရေးကို တိုးချဲ့နိုင်ဖို့ နှစ်ပေါင်းများစွာကြာ ကြိုးပမ်းခဲ့တယ်။ ပြီးခဲ့တဲ့ ၁ဝ စုနှစ်အတွင်း တည်ငြိမ်တိုးတက်ခဲ့တယ်။ လက်ရှိအစိုးရဟာ အိန္ဒိယနိုင်ငံရဲ့ စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး အကျိုးစီးပွားကို စိတ်ဝင်စားတာကိုပြသခဲ့တယ်။ အဲဒီအတွက်လည်း ဆွေးနွေးနေတယ်'' ဟု ပြောသည်။
အမေရိကန်သမ္မတသည် ယူကရိန်းစစ်ပွဲနှင့်ဆက်နွယ်ပြီး အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကို ရု ရှားနိုင်ငံထံမှ စွမ်းအင်များ မဝယ်ယူရန် တောင်းဆိုနေသော်လည်း အိန္ဒိယနှင့်တရုတ်နိုင်ငံတို့က ဆက်လက်ဝယ်ယူ ခဲ့ကြောင်း သိရသည်။ ယူကရိန်းနှင့်ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများက ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ခဲ့ပြီးနောက် ရုရှားသည် စွမ်းအင်များကို အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့ထံ လျော့ဈေးဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

Zawgyi Version;
အိႏၵိယဝန္ႀကီးခ်ဳပ္က ႐ုရွားထံမွ စြမ္းအင္ဝယ္ယူျခင္းမ်ား ရပ္တန႔္မည္ဟုေျပာဆိုထားေၾကာင္း အေမရိကန္သမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၈
အိႏၵိယဝန္ႀကီးခ်ဳပ္ နရမ္ဒရာမိုဒီအေနျဖင့္ ႐ုရွားႏိုင္ငံထံမွ ေရနံ ႏွင့္ ဓါတ္ေငြ႕မ်ား ဝယ္ယူျခင္းကို ရပ္တန႔္မည့္ အေၾကာင္းကို အခိုင္အမာေျပာဆိုထားေၾကာင္း အေမရိကန္သမၼတက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္သည္ အိမ္ျဖဴေတာ္တြင္ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲအတြင္း ယင္းကဲ့သို႔ေျပာဆို ခဲ့ျခင္းျဖစ္သည္။
အေမရိကန္သမၼတက ''ကြၽန္ေတာ္ဟာ အိႏၵိယဝန္ႀကီးခ်ဳပ္နဲ႔ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ႐ုရွားထံကေန အိႏၵိယ ႏိုင္ငံက စြမ္းအင္ဝယ္ယူေနတာေတြကို မေပ်ာ္မ႐ြင္ျဖစ္ခဲ့ရတာကို ေျပာခဲ့တယ္။ အဲဒီအခ်ိန္မွာ အိႏၵိယဝန္ႀကီးခ်ဳပ္က ကြၽန္ေတာ္ကို ႐ုရွားႏိုင္ငံထံကေန စြမ္းအင္ဝယ္ယူေနတာကို ရပ္တန႔္မယ့္ အေၾကာင္းေျပာခဲ့ပါတယ္။ ဒါဟာ ႀကီးမားတဲ့ေျခလွမ္းတစ္ရပ္ျဖစ္တယ္။ လက္ရွိအခ်ိန္မွာ ကြၽန္ေတာ္တို႔ဟာ တ႐ုတ္ႏိုင္ငံကိုလည္း အဲဒီလိုမ်ိဳး ႐ုရွားႏိုင္ငံထံကေန စြမ္းအင္ဝယ္ယူေနတာေတြ ဆက္လက္ရပ္တန႔္ေအာင္ လုပ္ေဆာင္ရမယ္'' ဟု ေျပာသည္။ အေမရိကန္သမၼတ၏ ေျပာဆိုခ်က္ထြက္ေပၚလာၿပီးေနာက္ နာရီပိုင္းအၾကာတြင္ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက အိႏၵိယႏိုင္ငံ၏ အဓိကဦးစားေပးသည္အိႏၵိယႏိုင္ငံ၏ စြမ္းအင္စားသုံးသူမ်ား၏ အက်ိဳးစီးပြားေဘးကင္းလုံၿခဳံေစရန္ျဖစ္ေၾကာင္း ေျပာသည္။ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူက ''ကြၽန္ေတာ္တို႔ႏိုင္ငံအတြင္း စြမ္းအင္ေဈးႏႈန္းမ်ားတည္ၿငိမ္ဖို႔နဲ႔ စြမ္းအင္ေတြကိုေထာက္ပံ့ေပးႏိုင္ဖို႔ပါ။ အေမရိကန္ ဟာ စိုးရိမ္မႈမ်ားရွိေနေပမယ့္ ကြၽန္ေတာ္တို႔ဟာ စြမ္းအင္ဝယ္ယူေရးကို တိုးခ်ဲ႕ႏိုင္ဖို႔ ႏွစ္ေပါင္းမ်ားစြာၾကာ ႀကိဳးပမ္းခဲ့တယ္။ ၿပီးခဲ့တဲ့ ၁ဝ စုႏွစ္အတြင္း တည္ၿငိမ္တိုးတက္ခဲ့တယ္။ လက္ရွိအစိုးရဟာ အိႏၵိယႏိုင္ငံရဲ႕ စြမ္းအင္ ပူးေပါင္းေဆာင္႐ြက္ေရး အက်ိဳးစီးပြားကို စိတ္ဝင္စားတာကိုျပသခဲ့တယ္။ အဲဒီအတြက္လည္း ေဆြးေႏြးေနတယ္'' ဟု ေျပာသည္။
အေမရိကန္သမၼတသည္ ယူကရိန္းစစ္ပြဲႏွင့္ဆက္ႏြယ္ၿပီး အိႏၵိယႏွင့္ တ႐ုတ္ႏိုင္ငံတို႔ကို ႐ု ရွားႏိုင္ငံထံမွ စြမ္းအင္မ်ား မဝယ္ယူရန္ ေတာင္းဆိုေနေသာ္လည္း အိႏၵိယႏွင့္တ႐ုတ္ႏိုင္ငံတို႔က ဆက္လက္ဝယ္ယူ ခဲ့ေၾကာင္း သိရသည္။ ယူကရိန္းႏွင့္႐ုရွားႏိုင္ငံၾကား စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ဦးေဆာင္ေသာ အေနာက္အုပ္စုႏိုင္ငံမ်ားက ႐ုရွားႏိုင္ငံအေပၚ ပိတ္ဆို႔မႈအမ်ိဳးမ်ိဳးခ်မွတ္ခဲ့ၿပီးေနာက္ ႐ုရွားသည္ စြမ္းအင္မ်ားကို အိႏၵိယ ႏွင့္ တ႐ုတ္ႏိုင္ငံတို႔ထံ ေလ်ာ့ေဈးျဖင့္ ေရာင္းခ်ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.