သဘောတူညီချက်ကို အကောင်အထည်မဖော်ပါက ဂါဇာတွင် တိုက်ပွဲများပြန်လည်စတင်ရန် အစ္စရေးကိုပြောသွားမည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

99

Pika (NP News) - အောက်တိုဘာ ၁၈
ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းကို ဟားမက်လက်နက်ကိုင် အဖွဲ့က ဆက်လက်အကောင်အထည်မဖော်ပါက ဂါဇာတွင် တိုက်ပွဲများပြန်လည်စတင်ရန် အစ္စရေးစစ်တပ်ကို ပြောကြားသွားနိုင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ဟားမက်လက်နက်ကိုင်အဖွဲ့က လက်နက်ဖျက်သိမ်းရန် ငြင်းဆိုခဲ့ပါက ဘာတွေထပ်ဖြစ်လာနိုင်သလဲဆိုသည့် သတင်းထောက်များ၏ မေးခွန်းကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့ကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်က “အဲဒါကို ကျွန်တော်စဉ်းစားနေပါတယ်။ ကျွန်တော်တစ်ခွန်းပြောလိုက်တာနဲ့ အစ္စရေးက ဂါဇာမှာ တိုက်ပွဲတွေကို ပြန်လည်ဖော်ဆောင်ပါလိမ့်မယ်” ဟု ပြောခဲ့သည်။
ထို့ပြင် ၎င်းတို့လက်လှမ်းမှီသမျှ ဓါးစာခံများအားလုံးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ဟားမက်လက်နက်ကိုင်အဖွဲ့က သေဆုံးသွားသောဓါးစာခံများ၏ ရုပ်အလောင်းအနည်းငယ်ကိုသာ ပြန်လည်ပေးအပ်ခဲ့သောကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် ပြန်လည်ခွင့်ပြုခဲ့ သည့်အကူအညီများကို ဖြတ်တောက်ရန် (သို့မဟုတ်) ကန့်သတ်သွားမည်ဟု အစ္စရေးဘက်က ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။
တစ်ချိန်တည်းတွင်ပင် အစ္စရေးစစ်တပ်ကို ကူညီပေးခဲ့သည်ဟု စွပ်စွဲခံထားရသော ပါလက်စတိုင်းအများအပြားကို ဟားမက်လက်နက်ကိုင်အဖွဲ့က လူသိရှင်ကြား ကွပ်မျက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် အပြစ်မဲ့ပါလက်စတိုင်းပြည်သူများကို ပစ်ခတ်နေခြင်းအား ရပ်တန့်ရန် ဟားမက်လက်နက်ကိုင်အဖွဲ့ကို အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးက တိုက်တွန်းခဲ့ကြောင်း သိရသည်။

Zawgyi Version;
သေဘာတူညီခ်က္ကို အေကာင္အထည္မေဖာ္ပါက ဂါဇာတြင္ တိုက္ပြဲမ်ားျပန္လည္စတင္ရန္ အစၥေရးကိုေျပာသြားမည္ဟု ေဒၚနယ္ထရမ့္ ၿခိမ္းေျခာက္
Pika (NP News) - ေအာက္တိုဘာ ၁၈
ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္၏ တစ္စိတ္တစ္ပိုင္းကို ဟားမက္လက္နက္ကိုင္ အဖြဲ႕က ဆက္လက္အေကာင္အထည္မေဖာ္ပါက ဂါဇာတြင္ တိုက္ပြဲမ်ားျပန္လည္စတင္ရန္ အစၥေရးစစ္တပ္ကို ေျပာၾကားသြားႏိုင္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ဟားမက္လက္နက္ကိုင္အဖြဲ႕က လက္နက္ဖ်က္သိမ္းရန္ ျငင္းဆိုခဲ့ပါက ဘာေတြထပ္ျဖစ္လာႏိုင္သလဲဆိုသည့္ သတင္းေထာက္မ်ား၏ ေမးခြန္းကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားခဲ့ေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္က “အဲဒါကို ကြၽန္ေတာ္စဥ္းစားေနပါတယ္။ ကြၽန္ေတာ္တစ္ခြန္းေျပာလိုက္တာနဲ႔ အစၥေရးက ဂါဇာမွာ တိုက္ပြဲေတြကို ျပန္လည္ေဖာ္ေဆာင္ပါလိမ့္မယ္” ဟု ေျပာခဲ့သည္။
ထို႔ျပင္ ၎တို႔လက္လွမ္းမွီသမွ် ဓါးစာခံမ်ားအားလုံးကို ျပန္လႊတ္ေပးခဲ့ေၾကာင္း ဟားမက္လက္နက္ကိုင္အဖြဲ႕က ထုတ္ျပန္ခဲ့သည္။
သို႔ေသာ္လည္း ဟားမက္လက္နက္ကိုင္အဖြဲ႕က ေသဆုံးသြားေသာဓါးစာခံမ်ား၏ ႐ုပ္အေလာင္းအနည္းငယ္ကိုသာ ျပန္လည္ေပးအပ္ခဲ့ေသာေၾကာင့္ ဂါဇာကမ္းေျမာင္ေဒသတြင္ ျပန္လည္ခြင့္ျပဳခဲ့ သည့္အကူအညီမ်ားကို ျဖတ္ေတာက္ရန္ (သို႔မဟုတ္) ကန႔္သတ္သြားမည္ဟု အစၥေရးဘက္က ၿခိမ္းေျခာက္ ေျပာဆိုခဲ့ေၾကာင္း သိရသည္။
တစ္ခ်ိန္တည္းတြင္ပင္ အစၥေရးစစ္တပ္ကို ကူညီေပးခဲ့သည္ဟု စြပ္စြဲခံထားရေသာ ပါလက္စတိုင္းအမ်ားအျပားကို ဟားမက္လက္နက္ကိုင္အဖြဲ႕က လူသိရွင္ၾကား ကြပ္မ်က္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ အဆိုပါျဖစ္ရပ္မ်ားႏွင့္ပတ္သက္ၿပီး အၾကမ္းဖက္မႈမ်ားကို ရပ္တန႔္ရန္ႏွင့္ အျပစ္မဲ့ပါလက္စတိုင္းျပည္သူမ်ားကို ပစ္ခတ္ေနျခင္းအား ရပ္တန႔္ရန္ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို အေမရိကန္ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီးက တိုက္တြန္းခဲ့ေၾကာင္း သိရသည္။