ကာရေဘီယံဒေသတွင်ပြုလုပ်သောစစ်ဆင်ရေးနှင့်ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် အမေရိကန် ရေတပ်ဗိုလ်ချုပ်တစ်ဦး နုတ်ထွက်

113

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၈
အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး အယ်ဗင်ဟိုဆေးသည် အမေရိကန်နှင့် ဗင်နီဇွဲလားနိုင်ငံကြား တင်းမှုများ ရှိနေချိန် တွင် ရာထူးမှရုတ်တရက်နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။ ကာရေဘီယံဒေသတွင်ပြုလုပ်သော အမေရိကန်နိုင်ငံ၏ စစ်ဆင်ရေးနှင့်ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဟတ်ဆီ နှင့် ဗိုလ်ချုပ် ဟိုဆေးကြားတင်းမာမှုများရှိနေချိန်တွင် ဟိုဆေးက ရာထူးမှနုတ်ထွက်ကြောင်း သိရသည်။ အမေရိကန်ရေတပ်သည် ပြီးခဲ့သည့်ရက်ပိုင်းတွင် ကာရေဗီယံဒေသအတွင်း မူးယစ်ဆေးဝါးတင်ဆောင်သည်ဟု သံသယရှိသည့်သင်္ဘောများကို ပစ်မှတ်ထားကာတိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၁၇ ရက်ကလည်း ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးက ''ဟိုဆေးဟာ အမေရိကန်စစ်တပ်မှာ နှစ်ပေါင်း ၃၇ နှစ်ကြာ တာဝန်ယူခဲ့တယ်။ သူဟာ နှစ်အကုန်မှာ ရာထူးက အနားယူဖို့ စိစဉ်ထားပါတယ်။ ဟိုဆေးဟာ အမေရိကန်စစ်တပ်အတွက် နှစ်ပေါင်း များစွာကြာတာဝန်ယူခဲ့လို့ ကျေးဇူးတင်ပါတယ်'' ဟု ပြောသည်။
ဟိုဆေးသည်အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန် ခန့်အပ်ခဲ့သော ရေတပ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး အမေရိကန်စစ်ဌာနချုပ်၏ ကာရေဘီယံဒေသအတွင်းပြုလုပ်သော စစ်ဆင်ရေးများကို အဓိကထားတာဝန်ယူ ကြီးကြပ်ရသူဖြစ်ကြောင်း သိရသည်။ ဟိုဆေးက ''ကျွန်တော်ဟာအမေရိကန်နိုင်ငံအတွက် နှစ်ပေါင်းများစွာကြာ တာဝန်ယူခွင့်ရလို့ ဂုဏ်ယူပါတယ်။ ကျွန်တော်ဟာ အမေရိကန်စစ်တပ်မှာ နှစ်ပေါင်း ၃၇ နှစ်ကြာ တာဝန်ယူခွင့် ရခဲ့တယ်။ ပြီးတော့ ရေတပ်အတွက် ဒုတိယအကြီးအကဲ၊ အကြီးအကဲတာဝန်တွေကို ထမ်းဆောင်ခွင့်ရခဲ့တာက အလွန်ကြီးမားတဲ့ဂုဏ်ယူစရာကိစ္စတွေဖြစ်ပါတယ်'' ဟု ပြောသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ကာရေဘီယံဒေသတွင် မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းမှုများကိုပစ်မှတ်ထားပြီး ဖြိုခွင်းမှုများ လုပ်ဆောင်ခဲ့ပြီး နောက် မူးယစ်ဆေးဝါးတင်သွင်းသည့် သင်္ဘောများကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ကာေရဘီယံေဒသတြင္ျပဳလုပ္ေသာစစ္ဆင္ေရးႏွင့္ပတ္သက္ၿပီး အျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ အေမရိကန္ ေရတပ္ဗိုလ္ခ်ဳပ္တစ္ဦး ႏုတ္ထြက္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၈
အေမရိကန္ေရတပ္ဗိုလ္ခ်ဳပ္ႀကီး အယ္ဗင္ဟိုေဆးသည္ အေမရိကန္ႏွင့္ ဗင္နီဇြဲလားႏိုင္ငံၾကား တင္းမႈမ်ား ရွိေနခ်ိန္ တြင္ ရာထူးမွ႐ုတ္တရက္ႏုတ္ထြက္သြားခဲ့ေၾကာင္း သိရသည္။ ကာေရဘီယံေဒသတြင္ျပဳလုပ္ေသာ အေမရိကန္ႏိုင္ငံ၏ စစ္ဆင္ေရးႏွင့္ပတ္သက္ၿပီး အေမရိကန္ကာကြယ္ေရးဝန္ႀကီးဟတ္ဆီ ႏွင့္ ဗိုလ္ခ်ဳပ္ ဟိုေဆးၾကားတင္းမာမႈမ်ားရွိေနခ်ိန္တြင္ ဟိုေဆးက ရာထူးမွႏုတ္ထြက္ေၾကာင္း သိရသည္။ အေမရိကန္ေရတပ္သည္ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ကာေရဗီယံေဒသအတြင္း မူးယစ္ေဆးဝါးတင္ေဆာင္သည္ဟု သံသယရွိသည့္သေဘၤာမ်ားကို ပစ္မွတ္ထားကာတိုက္ခိုက္ခဲ့ၿပီး ေအာက္တိုဘာ ၁၇ ရက္ကလည္း ထပ္မံ ပစ္ခတ္ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
အေမရိကန္ကာကြယ္ေရးဝန္ႀကီးက ''ဟိုေဆးဟာ အေမရိကန္စစ္တပ္မွာ ႏွစ္ေပါင္း ၃၇ ႏွစ္ၾကာ တာဝန္ယူခဲ့တယ္။ သူဟာ ႏွစ္အကုန္မွာ ရာထူးက အနားယူဖို႔ စိစဥ္ထားပါတယ္။ ဟိုေဆးဟာ အေမရိကန္စစ္တပ္အတြက္ ႏွစ္ေပါင္း မ်ားစြာၾကာတာဝန္ယူခဲ့လို႔ ေက်းဇူးတင္ပါတယ္'' ဟု ေျပာသည္။
ဟိုေဆးသည္အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ ခန႔္အပ္ခဲ့ေသာ ေရတပ္ဗိုလ္ခ်ဳပ္တစ္ဦးျဖစ္ၿပီး အေမရိကန္စစ္ဌာနခ်ဳပ္၏ ကာေရဘီယံေဒသအတြင္းျပဳလုပ္ေသာ စစ္ဆင္ေရးမ်ားကို အဓိကထားတာဝန္ယူ ႀကီးၾကပ္ရသူျဖစ္ေၾကာင္း သိရသည္။ ဟိုေဆးက ''ကြၽန္ေတာ္ဟာအေမရိကန္ႏိုင္ငံအတြက္ ႏွစ္ေပါင္းမ်ားစြာၾကာ တာဝန္ယူခြင့္ရလို႔ ဂုဏ္ယူပါတယ္။ ကြၽန္ေတာ္ဟာ အေမရိကန္စစ္တပ္မွာ ႏွစ္ေပါင္း ၃၇ ႏွစ္ၾကာ တာဝန္ယူခြင့္ ရခဲ့တယ္။ ၿပီးေတာ့ ေရတပ္အတြက္ ဒုတိယအႀကီးအကဲ၊ အႀကီးအကဲတာဝန္ေတြကို ထမ္းေဆာင္ခြင့္ရခဲ့တာက အလြန္ႀကီးမားတဲ့ဂုဏ္ယူစရာကိစၥေတြျဖစ္ပါတယ္'' ဟု ေျပာသည္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ ကာေရဘီယံေဒသတြင္ မူးယစ္ေဆးဝါးေမွာင္ခိုတင္သြင္းမႈမ်ားကိုပစ္မွတ္ထားၿပီး ၿဖိဳခြင္းမႈမ်ား လုပ္ေဆာင္ခဲ့ၿပီး ေနာက္ မူးယစ္ေဆးဝါးတင္သြင္းသည့္ သေဘၤာမ်ားကိုပစ္မွတ္ထား တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။