စစ်ပွဲကိုအဆုံးသတ်ဖို့အတွက် သံတမန်ရေးအရ ဖြေရှင်းချက်တစ်ခုနဲ့ နီးကပ်နေပြီဆိုတာကို ယုံကြည်တယ်လို့ ရုရှား အစိုးရပြော

 40

Pika (NP News) - အောက်တိုဘာ ၂၆

ရုရှား၊အမေရိကန်နဲ့ယူကရိန်းတို့ဟာ ရုရှား-ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့အတွက် သံတမန်ရေးအရ ဖြေရှင်းမှု တစ်ခုနဲ့နီးကပ်နေပြီလို့ ယုံကြည်တယ်လို့ ရုရှားသမ္မတပူတင်ရဲ့အထူးသံတမန် Kirill Dmitriev က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတပူတင်တို့ကား တွေ့ဆုံမှုကို ဖျက်သိမ်းတာမျိုးမရှိကြောင်းနဲ့ လာမယ့်ရက်ပိုင်းအတွင်း ခေါင်းဆောင်နှစ်ဦးအကြား တွေ့ဆုံမှုဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ Kirill Dmitrievက ပြောကြားခဲ့ပါတယ်။
ပူတင်နဲ့ ဒေါ်နယ်ထရမ့်တို့ကြား တွေ့ဆုံမှုအတွက် အချိန်အတိအကျသတ်မှတ်ထားတာမျိုးမရှိသေးဘူးလို့ ရုရှားအစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ Kirill Dmitriev ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာ တာဖြစ်ပါတယ်။ Kirill Dmitriev က “ရုရှား၊ အမေရိကန် နဲ့ ယူကရိန်းတို့ဟာ သံတမန်ရေးအရ ဖြေရှင်းချက်တစ်ခုနဲ့ တော်တော်လေးကို နီးကပ်နေပြီလို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲဒီကိစ္စနဲ့ပတ်သက်တဲ့နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ Kirill Dmitriev က ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
စစ္ပြဲကိုအဆုံးသတ္ဖို႔အတြက္ သံတမန္ေရးအရ ေျဖရွင္းခ်က္တစ္ခုနဲ႔ နီးကပ္ေနၿပီဆိုတာကို ယုံၾကည္တယ္လို႔ ႐ုရွား အစိုးရေျပာ
Pika (NP News) - ေအာက္တိုဘာ ၂၆
႐ုရွား၊အေမရိကန္နဲ႔ယူကရိန္းတို႔ဟာ ႐ုရွား-ယူကရိန္းစစ္ပြဲကိုအဆုံးသတ္ဖို႔အတြက္ သံတမန္ေရးအရ ေျဖရွင္းမႈ တစ္ခုနဲ႔နီးကပ္ေနၿပီလို႔ ယုံၾကည္တယ္လို႔ ႐ုရွားသမၼတပူတင္ရဲ႕အထူးသံတမန္ Kirill Dmitriev က ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ႐ုရွားသမၼတပူတင္တို႔ကား ေတြ႕ဆုံမႈကို ဖ်က္သိမ္းတာမ်ိဳးမရွိေၾကာင္းနဲ႔ လာမယ့္ရက္ပိုင္းအတြင္း ေခါင္းေဆာင္ႏွစ္ဦးအၾကား ေတြ႕ဆုံမႈျဖစ္လာႏိုင္ဖြယ္ရွိေနတယ္လို႔ Kirill Dmitrievက ေျပာၾကားခဲ့ပါတယ္။
ပူတင္နဲ႔ ေဒၚနယ္ထရမ့္တို႔ၾကား ေတြ႕ဆုံမႈအတြက္ အခ်ိန္အတိအက်သတ္မွတ္ထားတာမ်ိဳးမရွိေသးဘူးလို႔ ႐ုရွားအစိုးရက ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ Kirill Dmitriev ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာ တာျဖစ္ပါတယ္။ Kirill Dmitriev က “႐ုရွား၊ အေမရိကန္ နဲ႔ ယူကရိန္းတို႔ဟာ သံတမန္ေရးအရ ေျဖရွင္းခ်က္တစ္ခုနဲ႔ ေတာ္ေတာ္ေလးကို နီးကပ္ေနၿပီလို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း အဲဒီကိစၥနဲ႔ပတ္သက္တဲ့ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ Kirill Dmitriev က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.