ခါးနာခြင်းကို ကုသရန်အတွက် ဖားအရှင်(၈)ကောင်ကို မျိုချခဲ့သည့် တရုတ်အမျိုးသမီး

 100

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၇

တရုတ်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ခါး နာခြင်းကို ကုသရန်အတွက် ဖားအရှင်(၈)ကောင်ကို မျိုချခဲ့ပြီးနောက် ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်းသိရသည်။ ခါးနာသည့်ဝေဒနာကို ခံစားရသည့်အချိန်တွင် လူအများစုက အကိုက်အခဲပျောက်ဆေးသောက်ခြင်း၊ လိမ်းဆေးလိမ်းခြင်းနှင့် ဆရာဝန်ပြခြင်းတို့ကို လုပ် ဆောင်လေ့ရှိကြသော်လည်း တရုတ်နိုင်ငံ Zhejiang ပြည်နယ် Hangzhou မြို့မှ အသက်ကြီးအမျိုးသမီး တစ်ဦးသည် ခါးနာခြင်းကိုကုသရန် အကောင်းဆုံး နည်းလမ်းတစ်ခုအဖြစ် ဖားအရှင်များကို မျိုချရန် ဆုံး ဖြတ်ခဲ့ကြောင်းသိရသည်။
ဖားများကို မျိုချခြင်းသည် ခါးနာခြင်းကို သက်သာစေနိုင်သည်ဆိုသည့် ကောလာဟလများ ထွက် ပေါ်လာခဲ့ပြီးနောက် Zhang ဟုခေါ်သော အမျိုးသမီးသည် ဖားများကိုဖမ်းပေးရန် ၎င်း၏ဆွေမျိုးများကို တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့နောက် Zhang သည် တစ်နေ့တည်းတွင်ပင် ဖား (၅) ကောင် ကို မျိုချခဲ့ပြီး နောက်တစ်နေ့တွင် နောက်ထပ်ဖား(၃)ကောင်ကို ထပ်မံမျိုချခဲ့ကြောင်း သိရသည်။ နောက် ပိုင်းတွင် Zhang သည် ဗိုက်အောင့်သည့်ဝေဒနာကို ခံစားလာခဲ့ရပြီး သည်းမခံနိုင်သည့်အဆုံးတွင် ခါးနာ ခြင်းကို ကုသရန်အတွက် ဖားအရှင်(၈)ကောင်ကို မျိုချမိခဲ့ကြောင်း ၎င်း၏မိသားစုများကို ဝန်ခံ ပြောဆိုခဲ့ သည်။ Zhang ကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးနောက် ၎င်း၏ခန္ဓာကိုယ်အတွင်းတွင် ကပ်ပါးကောင်များ ဝင် နေသည်ကို တွေ့ရှိခဲ့ရကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။
ဆရာဝန်တစ်ဦးက “ဖားအရှင်တွေကို မျိုချတာက လူနာရဲ့ အစာခြေစနစ်ကို ပျက်စီးစေပြီး ကပ် ပါးကောင်တွေကို ဝင်ရောက်စေနိုင်ပါတယ်” ဟုပြောဆိုခဲ့သည်။ Zhang သည် ဖားများနှင့်မြွေများကို စား သုံးခြင်း သို့မဟုတ် ထိတွေ့မှုများတွင် အဖြစ်များသော ကပ်ပါးပိုးဖြစ်သည့် Sparganum သန်ကောင်များ ကူးစက်ခံထားရကြောင်း ဆရာဝန်များ က ထုတ်ပြန်ပြောကြားခဲ့သည်။
ထို့နောက် Zhang သည် ဆေးရုံတွင် သီတင်းပတ်(၂)ပတ်ကြာ နေခဲ့ပြီးနောက် အပြည့်အဝ ပြန် လည်ကောင်းမွန်လာပြီး ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်းသိရသည်။

Zawgyi Version:
ခါးနာျခင္းကို ကုသရန္အတြက္ ဖားအရွင္(၈)ေကာင္ကို မ်ိဳခ်ခဲ့သည့္ တ႐ုတ္အမ်ိဳးသမီး
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၇
တ႐ုတ္ႏိုင္ငံမွ အမ်ိဳးသမီးတစ္ဦးသည္ ခါး နာျခင္းကို ကုသရန္အတြက္ ဖားအရွင္(၈)ေကာင္ကို မ်ိဳခ်ခဲ့ၿပီးေနာက္ ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ရေၾကာင္းသိရသည္။ ခါးနာသည့္ေဝဒနာကို ခံစားရသည့္အခ်ိန္တြင္ လူအမ်ားစုက အကိုက္အခဲေပ်ာက္ေဆးေသာက္ျခင္း၊ လိမ္းေဆးလိမ္းျခင္းႏွင့္ ဆရာဝန္ျပျခင္းတို႔ကို လုပ္ ေဆာင္ေလ့ရွိၾကေသာ္လည္း တ႐ုတ္ႏိုင္ငံ Zhejiang ျပည္နယ္ Hangzhou ၿမိဳ႕မွ အသက္ႀကီးအမ်ိဳးသမီး တစ္ဦးသည္ ခါးနာျခင္းကိုကုသရန္ အေကာင္းဆုံး နည္းလမ္းတစ္ခုအျဖစ္ ဖားအရွင္မ်ားကို မ်ိဳခ်ရန္ ဆုံး ျဖတ္ခဲ့ေၾကာင္းသိရသည္။
ဖားမ်ားကို မ်ိဳခ်ျခင္းသည္ ခါးနာျခင္းကို သက္သာေစႏိုင္သည္ဆိုသည့္ ေကာလာဟလမ်ား ထြက္ ေပၚလာခဲ့ၿပီးေနာက္ Zhang ဟုေခၚေသာ အမ်ိဳးသမီးသည္ ဖားမ်ားကိုဖမ္းေပးရန္ ၎၏ေဆြမ်ိဳးမ်ားကို ေတာင္းဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ေနာက္ Zhang သည္ တစ္ေန႔တည္းတြင္ပင္ ဖား (၅) ေကာင္ ကို မ်ိဳခ်ခဲ့ၿပီး ေနာက္တစ္ေန႔တြင္ ေနာက္ထပ္ဖား(၃)ေကာင္ကို ထပ္မံမ်ိဳခ်ခဲ့ေၾကာင္း သိရသည္။ ေနာက္ ပိုင္းတြင္ Zhang သည္ ဗိုက္ေအာင့္သည့္ေဝဒနာကို ခံစားလာခဲ့ရၿပီး သည္းမခံႏိုင္သည့္အဆုံးတြင္ ခါးနာ ျခင္းကို ကုသရန္အတြက္ ဖားအရွင္(၈)ေကာင္ကို မ်ိဳခ်မိခဲ့ေၾကာင္း ၎၏မိသားစုမ်ားကို ဝန္ခံ ေျပာဆိုခဲ့ သည္။ Zhang ကို ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ၿပီးေနာက္ ၎၏ခႏၶာကိုယ္အတြင္းတြင္ ကပ္ပါးေကာင္မ်ား ဝင္ ေနသည္ကို ေတြ႕ရွိခဲ့ရေၾကာင္း ဆရာဝန္မ်ားက ေျပာၾကားခဲ့သည္။
ဆရာဝန္တစ္ဦးက “ဖားအရွင္ေတြကို မ်ိဳခ်တာက လူနာရဲ႕ အစာေျခစနစ္ကို ပ်က္စီးေစၿပီး ကပ္ ပါးေကာင္ေတြကို ဝင္ေရာက္ေစႏိုင္ပါတယ္” ဟုေျပာဆိုခဲ့သည္။ Zhang သည္ ဖားမ်ားႏွင့္ေႁမြမ်ားကို စား သုံးျခင္း သို႔မဟုတ္ ထိေတြ႕မႈမ်ားတြင္ အျဖစ္မ်ားေသာ ကပ္ပါးပိုးျဖစ္သည့္ Sparganum သန္ေကာင္မ်ား ကူးစက္ခံထားရေၾကာင္း ဆရာဝန္မ်ား က ထုတ္ျပန္ေျပာၾကားခဲ့သည္။
ထို႔ေနာက္ Zhang သည္ ေဆး႐ုံတြင္ သီတင္းပတ္(၂)ပတ္ၾကာ ေနခဲ့ၿပီးေနာက္ အျပည့္အဝ ျပန္ လည္ေကာင္းမြန္လာၿပီး ေဆး႐ုံမွဆင္းခြင့္ရရွိခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.