အာရှအမျိုးသမီး ချန်ပီယံလိဂ် ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲများအတွက် လက်မှတ်ခနှင့် အပြန် Bus ကားခများကို အခမဲ့ စီစဉ်ပေးထား

637

စော (NP News) - နိုဝင်ဘာ ၈
အာရှအမျိုးသမီးချန်ပီယံလိဂ် ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲများအတွက် လက်မှတ်ခနှင့် အပြန် Bus ကားခများကို အခမဲ့စီစဉ်ပေးထားကြောင်း မြန်မာနိုင်ငံဘောလုံးပွဲအဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
မနက်ဖြန် (နိုဝင်ဘာ ၉ရက်)နေ့တွင် စတင်ကျင်းပမည့် MMISPE FC အမျိုးသမီးအသင်း ယှဉ်ပြိုင်မည့် အာရှ အမျိုးသမီး ချန်ပီယံလိဂ် အုပ်စု(ဂ) ပွဲစဉ်များအတွက် ကြိုတင်လက်မှတ်များကို သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏကွင်း ဂိတ်အမှတ်(၂)တွင် ရိုးရိုးတန်းအတွက် ငွေ (၂၀၀၀) ကျပ်၊ အထူးတန်းအတွက် ငွေ (၅၀၀၀) ကျပ်ဖြင့် ရုံးချိန်အတွင်း ယမန်နေ့(နိုဝင်ဘာ ၇ ရက်) က ရောင်းချပေးခဲ့ကြောင်း သိရသည်။
“ဒီနေ့ မနက်မှာတော့ ကျွန်တော်တို့ အဖွဲ့ချုပ်ဥက္ကဋ္ဌရဲ့လမ်းညွှန်မှုနဲ့ ပရိသတ်တွေကို အခမဲ့အကုန်စီစဉ်ပေးတာ ပေါ့နော်။ ကွင်းဝင်ကြေးလက်မှတ်ကော အပြန်Busကားကော အကုန်အခမဲ့ဖြစ်သွားအောင် စီစဉ်ပေးတာပါ။ အဓိကက ရည်ရွယ်တာကတော့ ပရိသတ်တွေများများလည်း ဝင်ရောက်ကြည့်ရှုအားပေးနိုင်ဖို့ နောက်ပြီးတော့ ပွဲချိန်က မြန်မာပွဲ ISPE ပွဲစဉ်တွေ ဆိုရင် အပြန်မှာ နောက်ကျတော့ အဲဒီရက်တွေအနေနဲ့သွားရလာရတာ ကားခတွေ စိုက်ထုတ်ရတာရှိမယ်။ မုန့်စားရတာရှိမယ်။ လူတစ်ဦးအနေနဲ့ အနည်းဆုံး တစ်သောင်းလောက်သုံးပြီး ဒီပွဲကို ကြည့်ရမဲ့အနေအထားမှာရှိတော့ ငွေကုန်ကြေးကျသက်သာသွားအောင် လက်မှတ်ခတွေ အကုန်လုံး အခမဲ့ ဝင်ရောက်ကြည့်ရှုခွင့်ရအောင် သတင်းထုတ်ပြန်ပေးတာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါ ပွဲစဉ်များကို နိုဝင်ဘာ ၉ ရက် ည ၇နာရီ၊ နိုဝင်ဘာ ၁၂ ရက်၊ ညနေ ၃ နာရီ နှင့် နိုဝင်ဘာ ၁၅ ရက် ည ၇ နာရီ တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပွဲကြည်သူများ အပြန်အဆင်ပြေရန်အတွက် BUS ကားစီးရေ (၃၀)ခန့် ပြင်ဆင်ပေး ကာ ည (၉)နာရီခွဲတွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
“ပွဲတွေ အကုန်လုံးပါပဲ တစ်နေ့မှ နှစ်ပွဲ အခမဲ့ကြည့်ရမှာပါ။ အားလုံး (၆)ပွဲပေါ့နော်။ အသင်းတွေက အသင်းကောင်း တွေပဲလေ။ ဂျပန်တို့ ၊ ကိုရီးယားတို့၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား ကကလပ်တွေ အသင်းတွေ ပါတယ်ဆို တော့ အသင်းတွေက အာရှအဆင့်၊ ကမ္ဘာ့အဆင့်အသင်းတွေပဲ ကစားသမားတွေကလည်း ကစားသမားကောင်း တွေပဲဆိုတော့ ပွဲတွေကတော့ ပွဲကြီးပွဲကောင်းတွေလို့ ပြောရမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းပွဲစဉ်များအတွက် ကြိုတင်လက်မှတ် စောင်ရေ (၁၀၀) ကျော် ရောင်းချခဲ့၍ ယင်းလက်မှတ်ခများကို ရုံးအတွင်း လက်မှတ်နှင့် ဝယ်ယူသူမှတ်ပုံတင်နံပါတ်တိုက်ကာ ငွေပြန်အမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အာရွအမ်ိဳးသမီး ခ်န္ပီယံလိဂ္ ကလပ္ခ်န္ပီယံရွစ္ၿပိဳင္ပြဲမ်ားအတြက္ လက္မွတ္ခႏွင့္ အျပန္ Bus ကားခမ်ားကို အခမဲ့စီစဥ္ေပးထား
ေစာ (NP News) - ႏိုဝင္ဘာ ၈
အာရွအမ်ိဳးသမီးခ်န္ပီယံလိဂ္ ကလပ္ခ်န္ပီယံရွစ္ၿပိဳင္ပြဲမ်ားအတြက္ လက္မွတ္ခႏွင့္ အျပန္ Bus ကားခမ်ားကို အခမဲ့စီစဥ္ေပးထားေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးပြဲအဖြဲ႕ခ်ဳပ္မွတာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
မနက္ျဖန္ (ႏိုဝင္ဘာ ၉ရက္)ေန႔တြင္ စတင္က်င္းပမည့္ MMISPE FC အမ်ိဳးသမီးအသင္း ယွဥ္ၿပိဳင္မည့္ အာရွ အမ်ိဳးသမီး ခ်န္ပီယံလိဂ္ အုပ္စု(ဂ) ပြဲစဥ္မ်ားအတြက္ ႀကိဳတင္လက္မွတ္မ်ားကို သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ သုဝဏၰကြင္း ဂိတ္အမွတ္(၂)တြင္ ႐ိုး႐ိုးတန္းအတြက္ ေငြ (၂၀၀၀) က်ပ္၊ အထူးတန္းအတြက္ ေငြ (၅၀၀၀) က်ပ္ျဖင့္ ႐ုံးခ်ိန္အတြင္း ယမန္ေန႔(ႏိုဝင္ဘာ ၇ ရက္) က ေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။
“ဒီေန႔ မနက္မွာေတာ့ ကြၽန္ေတာ္တို႔ အဖြဲ႕ခ်ဳပ္ဥကၠ႒ရဲ႕လမ္းၫႊန္မႈနဲ႔ ပရိသတ္ေတြကို အခမဲ့အကုန္စီစဥ္ေပးတာ ေပါ့ေနာ္။ ကြင္းဝင္ေၾကးလက္မွတ္ေကာ အျပန္Busကားေကာ အကုန္အခမဲ့ျဖစ္သြားေအာင္ စီစဥ္ေပးတာပါ။ အဓိကက ရည္႐ြယ္တာကေတာ့ ပရိသတ္ေတြမ်ားမ်ားလည္း ဝင္ေရာက္ၾကည့္ရႈအားေပးႏိုင္ဖို႔ ေနာက္ၿပီးေတာ့ ပြဲခ်ိန္က ျမန္မာပြဲ ISPE ပြဲစဥ္ေတြ ဆိုရင္ အျပန္မွာ ေနာက္က်ေတာ့ အဲဒီရက္ေတြအေနနဲ႔သြားရလာရတာ ကားခေတြ စိုက္ထုတ္ရတာရွိမယ္။ မုန႔္စားရတာရွိမယ္။ လူတစ္ဦးအေနနဲ႔ အနည္းဆုံး တစ္ေသာင္းေလာက္သုံးၿပီး ဒီပြဲကို ၾကည့္ရမဲ့အေနအထားမွာရွိေတာ့ ေငြကုန္ေၾကးက်သက္သာသြားေအာင္ လက္မွတ္ခေတြ အကုန္လုံး အခမဲ့ ဝင္ေရာက္ၾကည့္ရႈခြင့္ရေအာင္ သတင္းထုတ္ျပန္ေပးတာပါ” ဟု ၎က ေျပာသည္။
အဆိုပါ ပြဲစဥ္မ်ားကို ႏိုဝင္ဘာ ၉ ရက္ ည ၇နာရီ၊ ႏိုဝင္ဘာ ၁၂ ရက္၊ ညေန ၃ နာရီ ႏွင့္ ႏိုဝင္ဘာ ၁၅ ရက္ ည ၇ နာရီ တို႔တြင္ က်င္းပသြားမည္ျဖစ္ၿပီး ပြဲၾကည္သူမ်ား အျပန္အဆင္ေျပရန္အတြက္ BUS ကားစီးေရ (၃၀)ခန႔္ ျပင္ဆင္ေပး ကာ ည (၉)နာရီခြဲတြင္ စတင္ထြက္ခြာမည္ျဖစ္ေၾကာင္း သိရသည္။
“ပြဲေတြ အကုန္လုံးပါပဲ တစ္ေန႔မွ ႏွစ္ပြဲ အခမဲ့ၾကည့္ရမွာပါ။ အားလုံး (၆)ပြဲေပါ့ေနာ္။ အသင္းေတြက အသင္းေကာင္း ေတြပဲေလ။ ဂ်ပန္တို႔ ၊ ကိုရီးယားတို႔၊ ေတာင္ကိုရီးယား၊ ေျမာက္ကိုရီးယား ကကလပ္ေတြ အသင္းေတြ ပါတယ္ဆို ေတာ့ အသင္းေတြက အာရွအဆင့္၊ ကမာၻ႔အဆင့္အသင္းေတြပဲ ကစားသမားေတြကလည္း ကစားသမားေကာင္း ေတြပဲဆိုေတာ့ ပြဲေတြကေတာ့ ပြဲႀကီးပြဲေကာင္းေတြလို႔ ေျပာရမွာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။
ယင္းပြဲစဥ္မ်ားအတြက္ ႀကိဳတင္လက္မွတ္ ေစာင္ေရ (၁၀၀) ေက်ာ္ ေရာင္းခ်ခဲ့၍ ယင္းလက္မွတ္ခမ်ားကို ႐ုံးအတြင္း လက္မွတ္ႏွင့္ ဝယ္ယူသူမွတ္ပုံတင္နံပါတ္တိုက္ကာ ေငြျပန္အမ္းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။