ဖားကန့်တွင် အများပြည်သူသွားလာရာလမ်းများ၌ မိုင်းထောင်မှုများကြောင့် ထိခိုက်သေဆုံးမှုများရှိနေ

168

သက်ပိုင် (NP News) - နိုဝင်ဘာ ၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ အများပြည်သူသွားလာရာ လမ်းများတွင် မိုင်းထောင်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ဖြစ်ပွားလျက်ရှိနေကြောင်း ဒေသခံများက NP News သို့ ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၈) ရက် ညပိုင်းအချိန်ခန့်က ဖားကန့်မြို့၊ယူမာကျေးရွာ အဝင်တံတားထိပ်တွင် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးသည် မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ယနေ့(နိုဝင်ဘာ ၉ ရက်) နံနက် (၁၁)နာရီခန့်ကလည်း မှော်စီစာကျေးရွာ မိန်းလမ်းမကြီးပေါ်တွင် မိုင်းပေါက်ကွဲမှုကြောင့် အသက် (၂၀)အရွယ် အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
“တောထဲကလူတွေက မိုင်းထောင်တာ။ ဒေသခံတွေက ပုံမှန်ဆိုင်ကယ်နဲ့ပဲသွားကြတာ။ သူတို့ဆိုင်ကယ်နဲ့သွားတဲ့အချိန်မှာ မိုင်းပေါက်တော့ အခုလိုဖြစ်ကုန်တာ။ညတုန်းက ထိတဲ့ နှစ်ယောက်ဆိုရင် မနက်ကျမှပဲ နာရေးကားနဲ့လာသယ်သွားတာ။ ဆုံးသွားတဲ့ကောင်မလေး ဆိုရင်လည်း မိုင်းစမှန်ပြီး ရင်ဘက်ထိသွားလို့ ပွဲချင်းပြီးသေသွားရတာ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ လကုန်ပိုင်းမှစတင်ကာ ဖားကန့်မြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုများ ခေတ္တရပ်တန့်ခဲ့သော်လည်း နိုဝင်ဘာလ (၈) ရက်က စတင်ကာ လက်နက်ကြီးသံများကို ပြန်ကြားခဲ့ရကြောင်း နှင့် ထိုသို့လက်နက်ကြီးပစ်ခတ်သံများနှင့်အတူ ယခုကဲ့သို့ လူအများသွားလာရာနေရာများတွင် မိုင်းထောင်မှုများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“မနေ့က မကြားရတာကြာပြီဖြစ်တဲ့လက်နက်ကြီးသံတွေကို ပြန်စကြားရတယ်။အချို့ လူနေအိမ်တွေပေါ်ကို ကျတာတွေလည်း ရှိတယ်။ ဘယ်သူပစ်မှန်းတော့မသိဘူး။ နောက်ပြီး တောထဲကလူတွေက မိုင်းလာထောင်ကြတယ်လို့တော့ ပြောတာပဲ။ဒါပေမဲ့ ကျွန်တော်ပြောချင်တာက တိုက်ပွဲဖြစ်ရင် ဖြစ်တဲ့နေရာမှာ မလုပ်ကြလဲ အခုလိုလူတကာ သွားနေတဲ့နေရာမှာ ထောင်တာတော့ တော်တော်တရားလွန်တာပေါ့ဗျာ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
ဖားကန့်ဒေသတွင် ပြီးခဲ့သည့် ဇွန်လ လဆန်းပိုင်းမှစတင်ကာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက အရပ်သားပြည်သူများကို အကြောင်းပြချက်မရှိ သေနတ်ဖြင့် ပစ်သတ်ခြင်း၊ အရပ်သားပြည်သူများ သွားလာရာနေရာများနှင့်ကျောက်ဝိုင်းများတွင် လက်လုပ်မိုင်းများထောင်ထားခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ဖားကန႔္တြင္ အမ်ားျပည္သူသြားလာရာလမ္းမ်ား၌ မိုင္းေထာင္မႈမ်ားေၾကာင့္ ထိခိုက္ေသဆုံးမႈမ်ားရွိေန
သက္ပိုင္ (NP News) - ႏိုဝင္ဘာ ၉
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၌ အမ်ားျပည္သူသြားလာရာ လမ္းမ်ားတြင္ မိုင္းေထာင္မႈမ်ားေၾကာင့္ အရပ္သားျပည္သူမ်ား ထိခိုက္ေသဆုံးမႈမ်ား ျဖစ္ပြားလ်က္ရွိေနေၾကာင္း ေဒသခံမ်ားက NP News သို႔ ေျပာသည္။
ၿပီးခဲ့သည့္ ႏိုဝင္ဘာလ (၈) ရက္ ညပိုင္းအခ်ိန္ခန႔္က ဖားကန႔္ၿမိဳ႕၊ယူမာေက်း႐ြာ အဝင္တံတားထိပ္တြင္ အမ်ိဳးသားတစ္ဦးႏွင့္အမ်ိဳးသမီးတစ္ဦးသည္ မိုင္းေၾကာင့္ ထိခိုက္ဒဏ္ရာ ရရွိခဲ့ၿပီး ယေန႔(ႏိုဝင္ဘာ ၉ ရက္) နံနက္ (၁၁)နာရီခန႔္ကလည္း ေမွာ္စီစာေက်း႐ြာ မိန္းလမ္းမႀကီးေပၚတြင္ မိုင္းေပါက္ကြဲမႈေၾကာင့္ အသက္ (၂၀)အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ေသဆုံးမႈျဖစ္ပြားခဲ့ရေၾကာင္း ေဒသခံမ်ားက ဆိုသည္။
“ေတာထဲကလူေတြက မိုင္းေထာင္တာ။ ေဒသခံေတြက ပုံမွန္ဆိုင္ကယ္နဲ႔ပဲသြားၾကတာ။ သူတို႔ဆိုင္ကယ္နဲ႔သြားတဲ့အခ်ိန္မွာ မိုင္းေပါက္ေတာ့ အခုလိုျဖစ္ကုန္တာ။ညတုန္းက ထိတဲ့ ႏွစ္ေယာက္ဆိုရင္ မနက္က်မွပဲ နာေရးကားနဲ႔လာသယ္သြားတာ။ ဆုံးသြားတဲ့ေကာင္မေလး ဆိုရင္လည္း မိုင္းစမွန္ၿပီး ရင္ဘက္ထိသြားလို႔ ပြဲခ်င္းၿပီးေသသြားရတာ” ဟု အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးက ေျပာသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာလ လကုန္ပိုင္းမွစတင္ကာ ဖားကန႔္ၿမိဳ႕နယ္တြင္ လက္နက္ႀကီးပစ္ခတ္မႈႏွင့္ တိုက္ပြဲျဖစ္ပြားမႈမ်ား ေခတၱရပ္တန႔္ခဲ့ေသာ္လည္း ႏိုဝင္ဘာလ (၈) ရက္က စတင္ကာ လက္နက္ႀကီးသံမ်ားကို ျပန္ၾကားခဲ့ရေၾကာင္း ႏွင့္ ထိုသို႔လက္နက္ႀကီးပစ္ခတ္သံမ်ားႏွင့္အတူ ယခုကဲ့သို႔ လူအမ်ားသြားလာရာေနရာမ်ားတြင္ မိုင္းေထာင္မႈမ်ား ျပန္လည္ျဖစ္ပြားလာျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ဆိုသည္။
“မေန႔က မၾကားရတာၾကာၿပီျဖစ္တဲ့လက္နက္ႀကီးသံေတြကို ျပန္စၾကားရတယ္။အခ်ိဳ႕ လူေနအိမ္ေတြေပၚကို က်တာေတြလည္း ရွိတယ္။ ဘယ္သူပစ္မွန္းေတာ့မသိဘူး။ ေနာက္ၿပီး ေတာထဲကလူေတြက မိုင္းလာေထာင္ၾကတယ္လို႔ေတာ့ ေျပာတာပဲ။ဒါေပမဲ့ ကြၽန္ေတာ္ေျပာခ်င္တာက တိုက္ပြဲျဖစ္ရင္ ျဖစ္တဲ့ေနရာမွာ မလုပ္ၾကလဲ အခုလိုလူတကာ သြားေနတဲ့ေနရာမွာ ေထာင္တာေတာ့ ေတာ္ေတာ္တရားလြန္တာေပါ့ဗ်ာ” ဟု အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးက ေျပာသည္။
ဖားကန႔္ေဒသတြင္ ၿပီးခဲ့သည့္ ဇြန္လ လဆန္းပိုင္းမွစတင္ကာ အၾကမ္းဖက္လက္နက္ကိုင္အဖြဲ႕မ်ားက အရပ္သားျပည္သူမ်ားကို အေၾကာင္းျပခ်က္မရွိ ေသနတ္ျဖင့္ ပစ္သတ္ျခင္း၊ အရပ္သားျပည္သူမ်ား သြားလာရာေနရာမ်ားႏွင့္ေက်ာက္ဝိုင္းမ်ားတြင္ လက္လုပ္မိုင္းမ်ားေထာင္ထားျခင္းတို႔ကို ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။