ယူကရိန်းကို အသုံးပြုပြီး ရုရှားကိုအနိုင်ယူဖို့က မဖြစ်နိုင်ဘူးလို့ ရုရှားအစိုးရပြော

 221

Pika(NP News )-နိုဝင်ဘာ ၁၃
ယူကရိန်းကို ပစ္စည်းကိရိယာတစ်ခုအဖြစ် အသုံးပြုပြီး ရုရှားကို အနိုင်ယူဖို့က မဖြစ်နိုင်ဘူးဆိုတာကို အနောက်အုပ်စုက စတင်နားလည်လာကြပြီလို့ ရုရှားရဲ့ ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် ဗစ်စလီနီဗန်ဇီရာက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ယူကရိန်းနဲ့တင်မဟုတ်ဘဲ အနောက်အုပ်စုနိုင်ငံတွေနဲ့ပါဖြစ်ပွားနေတဲ့ ပဋိပက္ခမျိုးဖြစ်တယ်လို့ ဗစ်စလီနီဗန်ဇီရာက ပြောကြားခဲ့ပြီး ယူကရိန်းက ရုရှားကို အနိုင်ယူဖို့ကြိုးပမ်းနေတဲ့ အနောက်အုပ်စုရဲ့ အသုံးချခံပစ္စည်းကိရိယာမျိုးသာဖြစ်တယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ယူကရိန်းရဲ့ အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံအများအပြားဟာ ရုရှားကို အနိုင်ယူဖို့ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ကြပေမယ့်လည်း ရုရှားကို အနိုင်ယူဖို့က မဖြစ်နိုင်ဘူးဆိုတာကို မဖြစ်နိုင်ဘူးဆိုတာကို နားလည်လာကြမှုနဲ့အတူ အဲ့ဒီလိုမျိုးပြောဆိုချက်တွေလည်း နည်းပါးလာပြီဖြစ်တယ်လို့ ဗစ်စလီနီဗန်ဇီရာက ပြောကြားခဲ့ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၃)နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း နှစ်ဘက်စလုံးက သိသာထင်ရှားတဲ့ သဘောတူညီချက်တွေကို ရယူနိုင်တာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။ဒါ့ပြင် ပြီးခဲ့တဲ့လတွေအတွင်း ရုရှားနဲ့ယူကရိန်းတို့ဟာ အကျဉ်းသားအပြန်အလှန်လဲလှယ်မှုတွေနဲ့ သေဆုံးခဲ့တဲ့စစ်သားတွေရဲ့ ရုပ်အလောင်းတွေ ပြန်လည်ပေးအပ်မှုကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းကို အသုံးျပဳၿပီး ႐ုရွားကိုအႏိုင္ယူဖို႔က မျဖစ္ႏိုင္ဘူးလို႔ ႐ုရွားအစိုးရေျပာ
Pika(NP News )-ႏိုဝင္ဘာ ၁၃
ယူကရိန္းကို ပစၥည္းကိရိယာတစ္ခုအျဖစ္ အသုံးျပဳၿပီး ႐ုရွားကို အႏိုင္ယူဖို႔က မျဖစ္ႏိုင္ဘူးဆိုတာကို အေနာက္အုပ္စုက စတင္နားလည္လာၾကၿပီလို႔ ႐ုရွားရဲ႕ ကုလသမဂၢဆိုင္ရာအၿမဲတမ္းကိုယ္စားလွယ္ ဗစ္စလီနီဗန္ဇီရာက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။လက္ရွိျဖစ္ပြားေနတဲ့ ပဋိပကၡဟာ ယူကရိန္းနဲ႔တင္မဟုတ္ဘဲ အေနာက္အုပ္စုႏိုင္ငံေတြနဲ႔ပါျဖစ္ပြားေနတဲ့ ပဋိပကၡမ်ိဳးျဖစ္တယ္လို႔ ဗစ္စလီနီဗန္ဇီရာက ေျပာၾကားခဲ့ၿပီး ယူကရိန္းက ႐ုရွားကို အႏိုင္ယူဖို႔ႀကိဳးပမ္းေနတဲ့ အေနာက္အုပ္စုရဲ႕ အသုံးခ်ခံပစၥည္းကိရိယာမ်ိဳးသာျဖစ္တယ္လို႔ ထပ္မံေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ယူကရိန္းရဲ႕ အေနာက္အုပ္စုေက်ာေထာက္ေနာက္ခံႏိုင္ငံအမ်ားအျပားဟာ ႐ုရွားကို အႏိုင္ယူဖို႔ ပြင့္ပြင့္လင္းလင္းေျပာဆိုခဲ့ၾကေပမယ့္လည္း ႐ုရွားကို အႏိုင္ယူဖို႔က မျဖစ္ႏိုင္ဘူးဆိုတာကို မျဖစ္ႏိုင္ဘူးဆိုတာကို နားလည္လာၾကမႈနဲ႔အတူ အဲ့ဒီလိုမ်ိဳးေျပာဆိုခ်က္ေတြလည္း နည္းပါးလာၿပီျဖစ္တယ္လို႔ ဗစ္စလီနီဗန္ဇီရာက ေျပာၾကားခဲ့ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၃)ႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း ႏွစ္ဘက္စလုံးက သိသာထင္ရွားတဲ့ သေဘာတူညီခ်က္ေတြကို ရယူႏိုင္တာမ်ိဳးေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။ဒါ့ျပင္ ၿပီးခဲ့တဲ့လေတြအတြင္း ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ အက်ဥ္းသားအျပန္အလွန္လဲလွယ္မႈေတြနဲ႔ ေသဆုံးခဲ့တဲ့စစ္သားေတြရဲ႕ ႐ုပ္အေလာင္းေတြ ျပန္လည္ေပးအပ္မႈကို အႀကိမ္ေပါင္းမ်ားစြာ လုပ္ေဆာင္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.