PDF အဖွဲ့၏ ဖမ်းဆီးခံထားရသော ဝင်းဝင်းနို့ဆီမြန်မာကျောင်းဆရာတော် ပြန်လည်လွတ်မြောက်

6934

သန့်ဇင် (NP News) ဇန်နဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် PDF အဖွဲ့၏ ဖမ်းဆီးခံခဲ့ရသော ဝင်းဝင်းနို့ဆီမြန်မာကျောင်းဆရာတော် ယနေ့ (ဇန်နဝါရီ ၄ ရက်) တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၅ ရက်၊ နံနက်ပိုင်းက ရွှေဘိုမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသော အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာရှိဝင်းဝင်းနို့ဆီမြန်မာကျောင်းဆရာတော် ဒေါက်တာဝိသုတ နှင့်အတူ ကိုရင်ကြီးတစ်ပါး၊ ဒကာမတစ်ဦး အစရှိသည့် ပုဂ္ဂိုလ်များအား ရွှေဘိုမြို့အထွက် ကင်းဗျားကျေးရွာအနီးတွင် ပကဖ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
"ဆရာတော်ကြီး အမှန်တကယ် ပြန်လည်လွတ်မြောက်လာပါပြီ" ဟု ဆရာတော်တစ်ပါးက လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် အသိပေးထားသည်။
ဖမ်းဆီးခံခဲ့ရသော ဆရာတော်ဒေါက်တာဝိသုတသည် ရွှေဘိုမြို့ဇာတိဖြစ်ပြီး ဗုဒ္ဓဂါယာတွင် အိန္ဒိယနိုင်ငံသို့ ပညာသင်ကြားရန် လာရောက်ကြသော ရဟန်းသံဃာများ၊ ဘုရားဖူး လာရောက်ကြသော ပုဂ္ဂိုလ်များ တည်းခိုကြသည့် ဝင်းဝင်းနို့ဆီမြန်မာကျောင်းအား တည်ထောင်ထားသည့် ဆရာတော်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘာသာသာသနာကို အထူးလေးစားကာ အိန္ဒိယ-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေး၊ ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေးကို တစိုက်မတ်မတ်ကြိုးပမ်းအားထုတ်လျက်ရှိသော ဆရာတော်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
PDF အဖြဲ႕၏ ဖမ္းဆီးခံထားရေသာ ဝင္းဝင္းႏို႔ဆီျမန္မာေက်ာင္းဆရာေတာ္ ျပန္လည္လြတ္ေျမာက္
သန႔္ဇင္ (NP News) ဇန္နဝါရီ ၄
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္တြင္ PDF အဖြဲ႕၏ ဖမ္းဆီးခံခဲ့ရေသာ ဝင္းဝင္းႏို႔ဆီျမန္မာေက်ာင္းဆရာေတာ္ ယေန႔ (ဇန္နဝါရီ ၄ ရက္) တြင္ ျပန္လည္လြတ္ေျမာက္လာေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၅ ခုႏွစ္ ႏိုဝင္ဘာ ၅ ရက္၊ နံနက္ပိုင္းက ေ႐ႊဘိုၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ ထြက္ခြာလာသည့္ ခရီးသည္တင္ယာဥ္ေပၚတြင္ လိုက္ပါလာေသာ အိႏၵိယႏိုင္ငံ၊ ဗုဒၶဂါယာရွိဝင္းဝင္းႏို႔ဆီျမန္မာေက်ာင္းဆရာေတာ္ ေဒါက္တာဝိသုတ ႏွင့္အတူ ကိုရင္ႀကီးတစ္ပါး၊ ဒကာမတစ္ဦး အစရွိသည့္ ပုဂၢိဳလ္မ်ားအား ေ႐ႊဘိုၿမိဳ႕အထြက္ ကင္းဗ်ားေက်း႐ြာအနီးတြင္ ပကဖ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
"ဆရာေတာ္ႀကီး အမွန္တကယ္ ျပန္လည္လြတ္ေျမာက္လာပါၿပီ" ဟု ဆရာေတာ္တစ္ပါးက လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ အသိေပးထားသည္။
ဖမ္းဆီးခံခဲ့ရေသာ ဆရာေတာ္ေဒါက္တာဝိသုတသည္ ေ႐ႊဘိုၿမိဳ႕ဇာတိျဖစ္ၿပီး ဗုဒၶဂါယာတြင္ အိႏၵိယႏိုင္ငံသို႔ ပညာသင္ၾကားရန္ လာေရာက္ၾကေသာ ရဟန္းသံဃာမ်ား၊ ဘုရားဖူး လာေရာက္ၾကေသာ ပုဂၢိဳလ္မ်ား တည္းခိုၾကသည့္ ဝင္းဝင္းႏို႔ဆီျမန္မာေက်ာင္းအား တည္ေထာင္ထားသည့္ ဆရာေတာ္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ဘာသာသာသနာကို အထူးေလးစားကာ အိႏၵိယ-ျမန္မာႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး၊ ဗုဒၶသာသနာထြန္းကားျပန႔္ပြားေရးကို တစိုက္မတ္မတ္ႀကိဳးပမ္းအားထုတ္လ်က္ရွိေသာ ဆရာေတာ္ျဖစ္ေၾကာင္းလည္း သိရသည္။