လာမည့်ဘဏ္ဍာနှစ်အတွင်း ပင်းပက်စက်ရုံမှ သံစိမ်းထုတ်လုပ်နိုင်ရန် မျှော်မှန်းဆောင်ရွက်နေ

365

Pearl (NP News) - ဇန်နဝါရီ ၈
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)တွင် သံစိမ်း ထုတ်ရန်ပြင်ဆင်နေပြီး အဆိုပါစီမံကိန်းအတွင်း အလုပ်ရုံ(၂၂)ခုရှိကာ (၁၉)ရုံကို စမ်းသပ်လည်ပတ်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
“ Pig Iron ထုတ်ဖို့အတွက်ကို ရုရှားနိုင်ငံ က TPE ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်တာမှာ (၁၉) ရုံက စမ်းသပ်တာပြီးသွားပြီ။ အဓိက(၃)ရုံကျန်တာ။ အောက်ဆီဂျင်ထုတ်လုပ်ရေးအလုပ်ရုံရယ်၊ အဓိက သံရည်ကျိုမယ့် Romelt အလုပ်ရုံရယ်။ နောက် စွန့် ပစ်အပူသုံးဓာတ်အားပေးအလုပ်ရုံရယ်။ အဲဒါတွေပြီး မှ Pig Iron ကထွက်မှာ။ မူလ ဒီဇိုင်းအရဆိုရင် တစ် နှစ်ကို တန်ချိန် (၂)သိန်းထွက်မှာ”ဟု အဆိုပါစီမံ ကိန်းနှင့်နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
ကျန်အလုပ်ရုံ(၃)ရုံကို ရုရှားနိုင်ငံမှကုမ္ပဏီတစ်ခုနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်နေပြီး ပြီးစီးပါက သံစိမ်း(Pig Iron)ထုတ်လုပ်မှု စတင်မည်ဖြစ်ကာ နှစ်စဉ်တန်ချိန်(၂)သိန်း ထွက်ရှိမည်ဖြစ် ကြောင်းသိရသည်။
“ကုန်ကြမ်း သံရိုင်း(၂)မျိုးက စက်ရုံနားမှာ ပဲရှိတယ်။ သံရိုင်းတွေဆိုတာ တန်ချိန် သန်း(၇၀) လောက်ရှိတယ်။ ပြီးတော့ ထုံးကျောက်ကလည်း စက် ရုံနားကရွာမှာရှိတယ်။ ဒိုလိုမိုက်ကျတော့လည်း စက်ရုံနဲ့ (၆)မိုင်လောက်ပဲဝေးတယ်။ ဟိုပုံးမြို့နယ်ထဲကယူမှာ။ နောက် သဲကိုကျတော့ ပြင်ညောင်ဘက် ကတင် ဒါခေါ်ပြီးဝယ်မယ်။ နောက် ကျောက်မီးသွေးက ကျေးသီးကနေတင်မယ်။ အဲဒါက နည်းနည်းဝေး တယ်။ ကုန်ကြမ်းလုပ်ကွက်တွေက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်းက တူးဖော်ထုတ်လုပ်ခွင့်ရပြီးသား”ဟုပြောသည်။
လာမည့် (၂၀၂၆-၂၀၂၇)ဘဏ္ဍာနှစ်အတွင်း သံစိမ်းစတင်ထုတ်လုပ်နိုင်ရန်မျှော်မှန်းထားပြီး အဆိုပါ သံစိမ်းကို သံရည်ကျိုလုပ်ငန်းများနှင့် အမှတ် (၁)သံမဏိစက်ရုံမြင်းခြံရှိ သံမဏိထုတ်လုပ်သည့် လုပ်ငန်း ၌ ရာခိုင်နှုန်းတစ်ခုအနေဖြင့် ထည့်သွင်းအသုံးပြုနိုင်ကြောင်းလည်းသိရသည်။
“ကျန်နေတာမှာ အောက်ဆီဂျင်အလုပ်ရုံကို အရင် ရုရှားကကျွမ်းကျင်သူတွေနဲ့ပူးပေါင်းပြီး လုပ် နေတာပေါ့။ ဒီဖေဖော်ဝါရီလောက်မှာ အောက်ဆီဂျင်ထွက်အောင်ပေါ့။ အဲဒါနဲ့အတူတူပဲ ကျန်တဲ့အလုပ် ရုံကိုလည်း ဆက်ပြီးလုပ်မှာ။ ကျန်တဲ့ Romelt ကတော့ အဓိကသံရည်ကျိုတာပေါ့။ အဲဒါကတော့ ရုရှား နိုင်ငံက ထောက်ပံ့ကြေးပေးမှာပေါ့။ ထောက်ပံ့ကြေးရ ရင်လုပ်ဖို့အတွက်စီစဉ်ထားတာပေါ့။ လာမယ့်နှစ် ထဲတော့ပြီးလောက်ပါတယ်။ လာမယ့်ဘဏ္ဍာနှစ်ထဲထွက် ရှိဖို့ကိုတော့ မျှော်မှန်းထားတာပေါ့။ လုပ်နေ ကြတာပဲ။ ရုရှားကလည်း တောက်လျှောက်လာပြီး လုပ်နေတာပဲ”ဟု ၎င်းကဆက်ပြောသည်။
အဆိုပါစီမံကိန်းကို ယခင်က အကြောင်း အမျိုးမျိုးကြောင့်ရပ်နားထားခဲ့ရာ (၂၀၂၁)ခုနှစ် နောက် ပိုင်းမှစတင်၍ ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်လာခြင်းဖြစ်သည်။

Zawgyi Version:
လာမည့္ဘ႑ာႏွစ္အတြင္း ပင္းပက္စက္႐ုံမွ သံစိမ္းထုတ္လုပ္ႏိုင္ရန္ ေမွ်ာ္မွန္းေဆာင္႐ြက္ေန
Pearl (NP News) - ဇန္နဝါရီ ၈
ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕နယ္ရွိ အမွတ္(၂)သံမဏိစက္႐ုံ(ပင္းပက္)တြင္ သံစိမ္း ထုတ္ရန္ျပင္ဆင္ေနၿပီး အဆိုပါစီမံကိန္းအတြင္း အလုပ္႐ုံ(၂၂)ခုရွိကာ (၁၉)႐ုံကို စမ္းသပ္လည္ပတ္ခဲ့ၿပီး ျဖစ္ေၾကာင္းသိရသည္။
“ Pig Iron ထုတ္ဖို႔အတြက္ကို ႐ုရွားႏိုင္ငံ က TPE ကုမၸဏီနဲ႔ပူးေပါင္းေဆာင္႐ြက္တာမွာ (၁၉) ႐ုံက စမ္းသပ္တာၿပီးသြားၿပီ။ အဓိက(၃)႐ုံက်န္တာ။ ေအာက္ဆီဂ်င္ထုတ္လုပ္ေရးအလုပ္႐ုံရယ္၊ အဓိက သံရည္က်ိဳမယ့္ Romelt အလုပ္႐ုံရယ္။ ေနာက္ စြန႔္ ပစ္အပူသုံးဓာတ္အားေပးအလုပ္႐ုံရယ္။ အဲဒါေတြၿပီး မွ Pig Iron ကထြက္မွာ။ မူလ ဒီဇိုင္းအရဆိုရင္ တစ္ ႏွစ္ကို တန္ခ်ိန္ (၂)သိန္းထြက္မွာ”ဟု အဆိုပါစီမံ ကိန္းႏွင့္နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
က်န္အလုပ္႐ုံ(၃)႐ုံကို ႐ုရွားႏိုင္ငံမွကုမၸဏီတစ္ခုႏွင့္ပူးေပါင္း၍ ဆက္လက္ေဆာင္႐ြက္ေနၿပီး ၿပီးစီးပါက သံစိမ္း(Pig Iron)ထုတ္လုပ္မႈ စတင္မည္ျဖစ္ကာ ႏွစ္စဥ္တန္ခ်ိန္(၂)သိန္း ထြက္ရွိမည္ျဖစ္ ေၾကာင္းသိရသည္။
“ကုန္ၾကမ္း သံ႐ိုင္း(၂)မ်ိဳးက စက္႐ုံနားမွာ ပဲရွိတယ္။ သံ႐ိုင္းေတြဆိုတာ တန္ခ်ိန္ သန္း(၇၀) ေလာက္ရွိတယ္။ ၿပီးေတာ့ ထုံးေက်ာက္ကလည္း စက္ ႐ုံနားက႐ြာမွာရွိတယ္။ ဒိုလိုမိုက္က်ေတာ့လည္း စက္႐ုံနဲ႔ (၆)မိုင္ေလာက္ပဲေဝးတယ္။ ဟိုပုံးၿမိဳ႕နယ္ထဲကယူမွာ။ ေနာက္ သဲကိုက်ေတာ့ ျပင္ေညာင္ဘက္ ကတင္ ဒါေခၚၿပီးဝယ္မယ္။ ေနာက္ ေက်ာက္မီးေသြးက ေက်းသီးကေနတင္မယ္။ အဲဒါက နည္းနည္းေဝး တယ္။ ကုန္ၾကမ္းလုပ္ကြက္ေတြက သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ အမွတ္ (၁) သတၱဳတြင္းလုပ္ငန္းက တူးေဖာ္ထုတ္လုပ္ခြင့္ရၿပီးသား”ဟုေျပာသည္။
လာမည့္ (၂၀၂၆-၂၀၂၇)ဘ႑ာႏွစ္အတြင္း သံစိမ္းစတင္ထုတ္လုပ္ႏိုင္ရန္ေမွ်ာ္မွန္းထားၿပီး အဆိုပါ သံစိမ္းကို သံရည္က်ိဳလုပ္ငန္းမ်ားႏွင့္ အမွတ္ (၁)သံမဏိစက္႐ုံျမင္းၿခံရွိ သံမဏိထုတ္လုပ္သည့္ လုပ္ငန္း ၌ ရာခိုင္ႏႈန္းတစ္ခုအေနျဖင့္ ထည့္သြင္းအသုံးျပဳႏိုင္ေၾကာင္းလည္းသိရသည္။
“က်န္ေနတာမွာ ေအာက္ဆီဂ်င္အလုပ္႐ုံကို အရင္ ႐ုရွားကကြၽမ္းက်င္သူေတြနဲ႔ပူးေပါင္းၿပီး လုပ္ ေနတာေပါ့။ ဒီေဖေဖာ္ဝါရီေလာက္မွာ ေအာက္ဆီဂ်င္ထြက္ေအာင္ေပါ့။ အဲဒါနဲ႔အတူတူပဲ က်န္တဲ့အလုပ္ ႐ုံကိုလည္း ဆက္ၿပီးလုပ္မွာ။ က်န္တဲ့ Romelt ကေတာ့ အဓိကသံရည္က်ိဳတာေပါ့။ အဲဒါကေတာ့ ႐ုရွား ႏိုင္ငံက ေထာက္ပံ့ေၾကးေပးမွာေပါ့။ ေထာက္ပံ့ေၾကးရ ရင္လုပ္ဖို႔အတြက္စီစဥ္ထားတာေပါ့။ လာမယ့္ႏွစ္ ထဲေတာ့ၿပီးေလာက္ပါတယ္။ လာမယ့္ဘ႑ာႏွစ္ထဲထြက္ ရွိဖို႔ကိုေတာ့ ေမွ်ာ္မွန္းထားတာေပါ့။ လုပ္ေန ၾကတာပဲ။ ႐ုရွားကလည္း ေတာက္ေလွ်ာက္လာၿပီး လုပ္ေနတာပဲ”ဟု ၎ကဆက္ေျပာသည္။
အဆိုပါစီမံကိန္းကို ယခင္က အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ရပ္နားထားခဲ့ရာ (၂၀၂၁)ခုႏွစ္ ေနာက္ ပိုင္းမွစတင္၍ ျပန္လည္အေကာင္အထည္ေဖာ္ေဆာင္႐ြက္လာျခင္းျဖစ္သည္။