ရုရှားငွေကြေး ရူဘယ်တန်ဖိုးက (၁၉၉၄)ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်ကို ရောက်ရှိ

 151

Pika (NP News) - ဇန်နဝါရီ ၈

(၂၀၂၅)ခုနှစ်အတွင်း ရုရှားနိုင်ငံသုံးငွေကြေး ရူဘယ်သည် အခြားကမ္ဘာလုံးဆိုင်ရာငွေကြေး များထက် တန်ဖိုးပို မြင့်ခဲ့ပြီး (၁၉၉၄)ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း Bloomberg သတင်းဌာန၏ တွက်ချက်မှုများအရသိရသည်။ (၂၀၂၅)ခုနှစ်အတွင်း ရုရှားငွေကြေးရူဘယ်သည် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးပိုင် ဆိုင်မှု(၅)ခုထဲမှ တစ်ခုဖြစ်လာခဲ့ပြီး အဖိုးတန် သတ္တုများဖြစ်သည့် ပလက်တီနမ်၊ ငွေ၊ palladium နှင့် ရွှေတို့နောက်တွင်ရှိနေကြောင်း သိရသည်။
(၂၀၂၅)ခုနှစ်အစောပိုင်းမှစတင်ကာ ရူဘယ်တန်ဖိုးမှာ (၄၅)ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ယူကရိန်းပဋိပက္ခမ ဖြစ်ပွားမီအချိန်က တွေ့မြင်ခဲ့ဖူးခြင်း မျိုးမရှိသောအဆင့်တစ်ခုကို နီးကပ်လာနေကြောင်း Bloomberg က ဖော်ပြ ထားသည်။ ရူဘယ်ငွေကြေး၏ အားကောင်းလာမှုသည် အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ကြားတွင် ရုရှား၏နိုင်ငံခြားငွေ ဝယ်လိုအား သိသိသာသာကျဆင်းမှုများနှင့် ဆက်စပ် နေကြောင်းလည်းသိရသည်။
အနောက်အုပ်စုနိုင်ငံများက ပိတ်ဆို့အရေး ယူမှုများလုပ်ဆောင်ခဲ့မှုနှင့်အတူ ရုရှားနှင့်မိတ်ဖက်နိုင်ငံများက ၎င်းတို့ကြား ကုန်သွယ်မှုများတွင် နိုင်ငံခြားငွေကြေးများအစား နိုင်ငံသုံးငွေကြေးများကိုအသုံးပြု ခဲ့ခြင်းကြောင့် ၎င်းတို့၏ နိုင်ငံသုံးငွေကြေးများမှာ တန်ဖိုးပိုမိုမြင့်တက်လာခဲ့ခြင်းလည်းဖြစ်သည်။ ထို့ပြင် ယူကရိန်းပဋိပက္ခနှင့် ဆက်စပ်နေသည့် ပိတ်ဆို့အရေးယူ မှုများကြားတွင် ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်ရန် ရုရှားဗဟိုဘဏ်ကလုပ်ဆောင်ခဲ့သည့် အတိုးနှုန်း လျှော့ချမှုသည်လည်း ရူဘယ်ငွေကြေးကို တန်ဖိုးပိုမို မြင့်တက်စေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
႐ုရွားေငြေၾကး ႐ူဘယ္တန္ဖိုးက (၁၉၉၄)ခုႏွစ္ေနာက္ပိုင္း အျမင့္ဆုံးအဆင့္ကို ေရာက္ရွိ
Pika (NP News) - ဇန္နဝါရီ ၈
(၂၀၂၅)ခုႏွစ္အတြင္း ႐ုရွားႏိုင္ငံသုံးေငြေၾကး ႐ူဘယ္သည္ အျခားကမာၻလုံးဆိုင္ရာေငြေၾကး မ်ားထက္ တန္ဖိုးပို ျမင့္ခဲ့ၿပီး (၁၉၉၄)ခုႏွစ္ေနာက္ပိုင္း အျမင့္ဆုံးျဖစ္ေၾကာင္း Bloomberg သတင္းဌာန၏ တြက္ခ်က္မႈမ်ားအရသိရသည္။ (၂၀၂၅)ခုႏွစ္အတြင္း ႐ုရွားေငြေၾကး႐ူဘယ္သည္ ကမာၻ႔တန္ဖိုးအျမင့္ဆုံးပိုင္ ဆိုင္မႈ(၅)ခုထဲမွ တစ္ခုျဖစ္လာခဲ့ၿပီး အဖိုးတန္ သတၱဳမ်ားျဖစ္သည့္ ပလက္တီနမ္၊ ေငြ၊ palladium ႏွင့္ ေ႐ႊတို႔ေနာက္တြင္ရွိေနေၾကာင္း သိရသည္။
(၂၀၂၅)ခုႏွစ္အေစာပိုင္းမွစတင္ကာ ႐ူဘယ္တန္ဖိုးမွာ (၄၅)ရာခိုင္ႏႈန္းျမင့္တက္လာခဲ့ၿပီး ယူကရိန္းပဋိပကၡမ ျဖစ္ပြားမီအခ်ိန္က ေတြ႕ျမင္ခဲ့ဖူးျခင္း မ်ိဳးမရွိေသာအဆင့္တစ္ခုကို နီးကပ္လာေနေၾကာင္း Bloomberg က ေဖာ္ျပ ထားသည္။ ႐ူဘယ္ေငြေၾကး၏ အားေကာင္းလာမႈသည္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ပိတ္ဆို႔အေရးယူမႈမ်ား ၾကားတြင္ ႐ုရွား၏ႏိုင္ငံျခားေငြ ဝယ္လိုအား သိသိသာသာက်ဆင္းမႈမ်ားႏွင့္ ဆက္စပ္ ေနေၾကာင္းလည္းသိရသည္။
အေနာက္အုပ္စုႏိုင္ငံမ်ားက ပိတ္ဆို႔အေရး ယူမႈမ်ားလုပ္ေဆာင္ခဲ့မႈႏွင့္အတူ ႐ုရွားႏွင့္မိတ္ဖက္ႏိုင္ငံမ်ားက ၎တို႔ၾကား ကုန္သြယ္မႈမ်ားတြင္ ႏိုင္ငံျခားေငြေၾကးမ်ားအစား ႏိုင္ငံသုံးေငြေၾကးမ်ားကိုအသုံးျပဳ ခဲ့ျခင္းေၾကာင့္ ၎တို႔၏ ႏိုင္ငံသုံးေငြေၾကးမ်ားမွာ တန္ဖိုးပိုမိုျမင့္တက္လာခဲ့ျခင္းလည္းျဖစ္သည္။ ထို႔ျပင္ ယူကရိန္းပဋိပကၡႏွင့္ ဆက္စပ္ေနသည့္ ပိတ္ဆို႔အေရးယူ မႈမ်ားၾကားတြင္ ေငြေၾကးေဖာင္းပြမႈကိုထိန္းခ်ဳပ္ရန္ ႐ုရွားဗဟိုဘဏ္ကလုပ္ေဆာင္ခဲ့သည့္ အတိုးႏႈန္း ေလွ်ာ့ခ်မႈသည္လည္း ႐ူဘယ္ေငြေၾကးကို တန္ဖိုးပိုမို ျမင့္တက္ေစခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.