“အဓိကကတော့ ကလေးတွေနဲ့မိဘတွေကို စစ်မှုထမ်းနဲ့ပဲခြိမ်းခြောက်တယ်” ဂျပန်လုပ်သား(၇၀ဝ)ကျော် လိမ်လည်ခံရခြင်းနှင့် ပြည်ပလုပ်သားပြဿနာအတွင်းရေးများ .. (၂)

 269

Pearl (NP News) - ဇန်နဝါရီ ၈

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့လုပ်သားစေလွှတ်ခြင်းများထိန်းချုပ်ကန့်သတ်ထား သည့်အတွက် ဂျပန်သို့ သွားရောက်လုပ်ကိုင်လိုသည့်လုပ်သားများအနေဖြင့် တာချီလိတ်နယ်စပ်ဂိတ်မှ တစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ကူးကာ ဂျပန်သို့သွားရောက်လုပ်ကိုင်မှုများရှိလာခဲ့သည်။ ထို့ပြင် အဆိုပါ လမ်းကြောင်းမှတစ်ဆင့် ဂျပန်သို့ပို့ဆောင်ပေးမည်ဟုဆိုကာ လိမ်လည်မှုများရှိလာနေပြီး လက်ရှိတွင် ဂျပန်သို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာလုပ်သား(၇၀ဝ)ကျော်ခန့်သည် ထိုင်းနိုင်ငံအတွင်း၌ သောင်တင်နေကြောင်းသိရသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ပြည်ပအလုပ်အကိုင်ရှာဖွေ ရေးအေဂျင်စီ လုပ်ကိုင်သူများနှင့် NP News မှတွေ့ဆုံဆွေးနွေးထားသည်များကို ကောက်နုတ်ဖော်ပြ အပ်ပါသည်။

မေး - ကုမ္ပဏီတွေအနေနဲ့ အခွန်မဆောင်ရင်ကော ဘာတွေဆက်ဖြစ်မလဲ။
ဖြေ - အခု ဒီဇင်ဘာ(၃၁)မှာမဆောင်ရင် ကုမ္ပဏီ (၃၀ဝ)ကျော်သွားမှာ။ နံပါတ်(၁)က တစ်လပိတ်သိမ်း တယ်တို့၊ (၆)လပိတ်သိမ်းတယ်တို့ စမှာ။ ငါတို့ပြောပါတယ်၊ ကြေညာချက်ထုတ်ထားတယ်။ အဲဒီထဲက ဘယ်လောက်ဆောင်လဲ။ မဆောင်တဲ့ကောင်တွေ ထုတ်ဆိုပြီး လုပ်ဦးမှာ။ အခု သူတို့အသည်းအသန် နှစ် မကုန်ခင်အပြီးလုပ်ပေးရမယ်ဆိုတော့ လုပ်ပြီးတင် ပေးလိုက်တယ်။ တင်ပေးလိုက်တော့။ တင်ထားတာ ကြာပြီ။ နိုဝင်ဘာလကုန်တည်းကတင်ထားတာကို ပြီးခဲ့တဲ့တစ်ပတ်ကျော်လောက်က ကျွန်တော့်ကိုဘာ ပြောလဲဆိုရင် ထုံးစံအတိုင်း ကျွန်တော့်ကလေးတွေ လစာပေးရတဲ့ဟာက အသုံးစရိတ်တွေတင်ထားတာ ဟိုဟာကမရဘူး၊ ဒါကမရဘူးနဲ့ရစ်တာ။ ထုံးစံအတိုင်းပေါ့နော် အမြဲတမ်းလိုလိုဖြစ်နေပြီ။ ပိုက်ဆံ (၅) သိန်းလောက် စာအိတ်ထဲထည့်ပြီးပေးတဲ့ကိစ္စကို အခွန်မှူးက ပြန်ယူသွားတဲ့။ မင်းတို့ အခုလက်ရှိ စရိတ် တွေကို ပေါင်းလိုက်ရင် သိန်း (၄၅၀)လောက်ထပ်တက်မယ်တဲ့။ သိန်း(၉၀ဝ)ကျော်ကနေ သိန်း(၄၅၀) လောက် ထပ်တက်မယ်တဲ့။ မတက်ချင်ရင် သိန်း (၁၂၀)ကို K Pay မပါဘူး။ AYA Pay မပါဘူး။ Banking မပါဘူး။ ‌ငွေသား အထုပ်(၄)ထုပ်ခွဲပြီးလာပေးပါ။ အဲဒါကို လက်မှတ်ထိုးပေးမယ်ဆိုပြီး ပေါ်တင်တောင်း တာ။ အခုခေတ်ကြီးက အဲဒီလိုဖြစ်နေလားပေါ့။ ရှင်းရှင်းပြောရရင် ငွေညှစ်တာပဲ။ အခုက ကျွန်တော်ခြိမ်း ခြောက်ခံရတာ။ (အလည)ကလုပ်တာကတစ်မျိုး။ အခုအခွန်ကတစ်မျိုး။ သူများတွေကတော့ ဒီကောင် လုပ်ငန်းရှင်ပဲ။ အလုပ်တွေလုပ်နေရတာ။ ပိုက်ဆံတွေ ရနေမှာလို့မြင်တယ်။ မဟုတ်ဘူး။ အံ့ဩစရာကြီး။ အခုက ရန်ကင်းက အခွန်ရုံး(၄)မှာ။ တစုတစည်း တည်းစားရအောင်လား ဘယ်လိုလဲတော့မသိဘူး။ အခု အဲဒီလိုကိုပြောတာ။ ကျွန်တော့်ရုံးက Chief Acc က “ဆရာမရယ် (၁၂၀)တော့မလုပ်ပါနဲ့၊ ၁၀ဝ ပဲထား ပေးပါ” ဆို‌တော့ “ငါ ဈေးရောင်းနေတာမဟုတ်ဘူး။ နင်တို့ကိုလျှော့ပေးရအောင်။ နင်တို့ ဈေးလာဆစ်ရ‌ အောင်” တဲ့ ဒါ ပြီးခဲ့တဲ့ကြာသပတေးကမှ။ အရင်တစ်ခါမှ ကြမ်းကြမ်းတမ်းတမ်းကြီးတောင်းတာ မကြုံ ဖူးပါဘူး။ သူတို့ကသိတယ်လေ။ (အလည)က ကျွန်တော့်ကိုစာထုတ်ထားတာ။ ကျွန်တော်တို့ အခွန် ဆောင်ကိုဆောင်ရမယ် ပေးကိုပေးရမယ်ဆိုတာ။
မေး - လာမယ့်အစိုးရလက်ထက်မှာ အခွန်ကို သေချာလိုက်လိမ့်မယ်။ Sector လိုက်ကိုဖြည်ပြီးလိုက် မှာ။ ခေတ်အဆက်ဆက် သေချာမလုပ်တာကို အခုအစိုးရက လုပ်လိမ့်မယ်။ နောက်ကြောင်းတွေ ပြန်လိုက် မှာ။ ကောင်းကောင်းမွန်မွန်‌ဆောင်ဖို့သွားတဲ့လူကို အခွန်ဦးစီးတွေကကျစ်တာ။ မဆောင်တဲ့ကောင်က အန္တရာယ်ကင်းတယ်။ လာမယ့်အစိုးရအသစ်မှာလုပ်မှာ။
ဖြေ - အခုကျွန်တော်တို့ ဒီဇင်ဘာမတိုင်ခင် အေဂျင်စီတွေကိုလုပ်တယ်ဆိုတာ ဒါထင်တယ်။ သူတို့တွေက ဒီဇင်ဘာမတိုင်ခင် (အလည)ကို ပြန်တင်ရမယ်ဆိုတာ သူတို့ကကောင်းကောင်းသိထားတယ်။ ဘယ် ကဏ္ဍမှာမဆို ဒါကြီးက တော်တော်ဆိုးဆိုးရွားရွားဖြစ်နေတာပေါ့။ ကျွန်တော် ဒီလောက်အခွန်ဆောင် ချင်တယ်။ မဖြစ်မနေတော့ဆောင်ရမှာပေါ့နော်။ တကယ့်တကယ်ဆို (အလည)တို့ဘာတို့ ဘာဖိအားမှ မရှိရင် ဆောင်ချင်မှဆောင်မှာပေါ့။ ဒါမှမဟုတ်လည်း တစ်ခုခုလုပ်မှာပေါ့။ ကိုယ်လည်း ‌‌ဆောင်ဖို့ရည်ရွယ် ထားပြီးသား။ သင့်တင့်လျောက်ပတ်တဲ့ Amount ပေါ့။ အခုတော့မဟုတ်ဘူး။ ဒီဟာကို ပိုကျအောင်လုပ် တာ။ ဥပမာ သိန်း (၉၀ဝ)ကျော် ကနေ သိန်း (၆၀ဝ)ကျော်ပဲကျအောင်လုပ်ပေးမယ်ဆိုရင် တစ်မျိုး။ အခု က ကိုယ်ကျထားတဲ့ Amount ကို မှန်မှန်ကန်ကန်နဲ့တင်ပြထားတာကို ထပ်ပြီးတော့ (၄၅၀) ကျော်ကျ အောင်လုပ်မယ်။ မလုပ်စေချင်ရင်(၁၀ဝ) ကျော်ပေးဆိုတာ။ ကျွန်တော်တို့မှာက (အလည)က စာရင်းက ပေါ်တင်ပဲထုတ်ထားတာ။ မဖြစ်မနေ ဒီလကုန်ပြရမယ်ဆိုတာ အခွန်မှူးတွေကသိထားပြီးသား။
မေး - အဲဒီဂျပန်လုပ်သားပို့တဲ့ကိစ္စက ဘယ်လိုပုံစံနဲ့ ဖြေရှင်းဖို့သင့်လဲ။
ဖြေ - နံပါတ်(၁)ကတော့ ပွဲစားကိုရ‌အောင်ရှာ။ သေချာတာကတော့ ကလေးတွေက သူတို့ဆုံးရှုံးတာကို ပြန်ရဖို့မလွယ်ဘူး။ သူတို့က နှစ်ခါနာပုံစံမျိုးဖြစ်တာပေါ့။ အေဂျင်စီခကုန်တယ်။ ဟိုဘက်မှာ ကမ်းကူးပြီး တော့ကုန်တယ်။ သွားရလာရနဲ့ အချိန်တွေအကြာကြီးဆိုတော့ သုံးခဲ့တဲ့ဟာတွေလည်းဆုံးတယ်။ နောက် ဒီ ဘက်ကိုပြန်ဝင်လာရင် အပေါ်လမ်းကနေ ပြန်လာလို့ မရဘူး။ အောက်လမ်းကလာရင် အောက်လမ်းက သွားမယ်ဆိုတဲ့ ပွဲစားကိုပိုက်ဆံပေးပြီး ယိုးဒယားက အထွက်တုံး၊ ဗမာပြည်က အဝင်တုံးတွေ ထု။ ဒီ ပတ်စပို့နဲ့ ရန်ကုန်ကိုလာရဦးမှာဆိုတော့။ အစတည်းက အေဂျင်စီတွေက သူတို့တစ်ဝက် ပွဲစားတစ်ဝက် လို့ ရည်စူးလိုက်ရင် သိန်း (၉)သောင်းမှာ သိန်း (၄)သောင်း ကျော်က ပွဲစားလက်ထဲမှာ။ ဒီပိုက်ဆံ ပြန်ရ စရာအကြောင်းမရှိဘူး။ နောက် သူတို့ကျောင်းသားတွေကို မိတ်ဆက်ပေးထားတဲ့ကျောင်းတွေ။ ကလေး ထွက်သွားရင် ကျောင်းတွေကိုပေးရတာတော့ ဒီကျောင်း ပိုင်ရှင်ကိုဖမ်းနိုင်ရင် ကျွန်‌တော်ကြားတာတော့ မိတ်ဖက်လုပ်ထားတဲ့ ဆာကူရာကျောင်းဆိုလည်း ပိုင်ရှင်ကငယ်ငယ်လေး။ ကျောင်းဆိုလည်း (၄) ၊ (၅) ကျောင်းဖွင့်ထားတယ်။ အဲဒီကောင်လေးဆိုလည်း လုပ်ချင်လို့ရည်ရွယ်တာတော့မဟုတ်ဘူး။ အေဂျင်စီ ဘက်က ကျောင်းသားရှိရင်ပို့ပေးပါဆိုလို့ သူတို့လည်း ပို့ပေးလိုက်တာ။ ပို့ပေးရာကနေ ကျောင်းသားမိတ် ဆက်လို့ ပိုက်ဆံရလို့ယူလိုက်တာပဲ။ ဖြစ်ချင်တော့ ပွဲ စားလုပ်လိုက်လို့ ကျွန်တော်ထင်တယ်။ ကျောင်း ရဲ့ပိုင်ရှင်ကိုပါလိုက်လို့ အခုဆို ဝရမ်းပြေးဖြစ်နေပြီ။
မေး - COE ကျတော့ကော အတုနဲ့လား။ စာရွက်စာတမ်းအတုတွေနဲ့ထွက်တယ်ကြားလို့လေ။ အမှန်ဆို COE ကျပြီဆိုတာနဲ့ ဂျပန်ကိုထွက်ရမှာမလား။
ဖြေ - ကျွန်‌တော်ထင်တာမမှားရင် COE ကျပြီလို့ ပြောပြီးတော့ ထိုင်းဘက်ကိုထွက်သွားတာ။ COE ကျ တော့ အတုမဖြစ်နိုင်ဘူး။ အဓိကကတော့ ကလေးတွေနဲ့မိဘတွေကို ဘယ်လိုလုပ်လဲဆိုတော့ စစ်မှုထမ်း နဲ့ပဲခြိမ်းခြောက်တာ။ စစ်မှုထမ်းဆွဲတယ်ဆိုပြီး ရန် ကုန်မှာစောင့်တာထက် ထိုင်းမှာသွားစောင့်ဆိုပြီး တော့။ စာရွက်စာတမ်းအတုဆိုတာက အခု လူခေါ်တဲ့အလုပ် ခေါ်စာအတုထုတ်လို့ရတယ်။ နောက်ပြီး တော့ အလုပ်စာချုပ်။ ဟိုဘက်က အလုပ်ရှင်နဲ့ထိုးတဲ့စာချုပ်က အတုလုပ်လို့ရတယ်။ အဲဒါတွေ အတု။
မေး - ဒါဆို COE မကျဘဲ ထိုင်းမှာသွားစောင့်နေကြတာလား။
ဖြေ - အဲဒါဖြစ်ဖို့များတယ်။ ဇာတ်လမ်းအတိအကျ တော့မသိသေးဘူး။ ဖြစ်တဲ့ကလေးတစ်ယောက် လောက်နဲ့တွေ့ရင် သိပြီ။ အခုက စစ်မှုထမ်းနဲ့ပဲ ခြိမ်းခြောက်တာ။ အရေးကြီးဆုံးအချက် အဲဒီအေဂျင် စီတွေက ဘယ်လိုပြောပြီး ခေါ်တယ်ထင်လဲ။ မင်းတို့ ဂျပန်သွားဖို့က ဂျပန်စာတတ်ဖို့မလိုဘူးတဲ့။ အဲဒီက တည်းကလွဲနေပြီ။
မေး - အေဂျင်စီဘက်ကျတော့ အေဂျင်စီနာမည်ခံပြီး တခြားအဖွဲ့အစည်းကလုပ်နေတာလား။ ဥပမာ နေ ဝန်းကမ္ဘာဆိုရင် MD ကသတ်သတ်။ ပို့ပေးတဲ့အဖွဲ့ အစည်းက သတ်သတ်။ အဲဒီလိုလား။
ဖြေ - အေဂျင်စီလောကက နည်းနည်းရှုပ်တယ်။ ဥပမာအားဖြင့် အေဂျင်စီတစ်ခုသည် အနည်းဆုံး တစ် နှစ်ကို လူ (၆)ယောက်နဲ့အထက် မပို့မနေရဆိုတဲ့ စည်းမျဉ်းစည်းကမ်းကြီးရှိတယ်။ မပို့နိုင်ရင် အဲဒီအေ ဂျင်စီကို သက်တမ်းတိုးရင် (၁)နှစ်မပေးတော့ဘူး။ (၆)လပဲပေးတော့တယ်။ တချို့ လုပ်ခေါ်စာ လုံးဝမရ တဲ့အေဂျင်စီမျိုးဆိုရင် သူများဆီကနေ အငှားခေါ်ပြီး တော့ပို့ရတာမျိုးတွေလည်းရှိသလို တချို့ကျတော့ လည်း ငါ့မှာ ဂျပန်ကုမ္ပဏီအသိလည်းရှိတယ်။ ငါ့မှာ ကလေးလည်းရှိတယ်။ အေဂျင်စီလိုင်စင်မရှိဘူး။ မင်းမှာရှိတယ်။ မင်းကဒေါ်လာ(၁၅၀ဝ)ရရင် ငါက မင်းကို တစ်ယောက်ကို ဒေါ်လာ(၅၀ဝ)အနေနဲ့ အေဂျင်စီငှားပေးတဲ့အတွက်ကို ခေါင်းကပ်တယ်လို့ခေါ်တယ်။ ဆိုပြီးတော့ အဲဒီလိုအေဂျင်စီငှားစားတဲ့ ကုမ္ပဏီတွေလည်းရှိတယ်၊ လိုင်စင်ငှားစားတာတွေရှိတယ်။ အဲဒီတော့ ဖြစ်နိုင်တာက နောက်ထပ် ခေါင်းကပ်တဲ့အဖွဲ့အစည်းကိုချပေးလိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ခုနကပြောတဲ့ ပိုင်ရှင်က သတ်သတ်၊ အောက်က အဖွဲ့အစည်းက သတ်သတ်ဆိုရင်တော့ လိမ်တာပဲ။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့ကုမ္ပဏီဆိုရင် ကျွန်တော်နဲ့ ခွဲခြားလို့မရဘူး။ နောက်ဆုံး လက်မှတ်ထိုးတာ MD ပဲလေ။ ဒါရိုက်တာ ကိုယ်စားထိုးတယ်ဆိုရင်လည်း ထိုးလို့ရတဲ့နေရာရှိတယ်။ ထိုးလို့မရတဲ့နေရာရှိမယ်။ အေဂျင်စီလိုင်စင် ငှားလိုက်တယ်ဆိုတာတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဖွဲ့အစည်းတစ်ခုတည်းကပဲ လုပ်နိုင်တာ။ ပိုက်ဆံရလို့ကိုလုပ်တာ။ နောက်တစ်ခုက COE အတုလုပ်တာ လည်းမဖြစ်နိုင်ဘူး။ COE က စစ်လို့ရတယ်။
မေး - ဒါဆို အဲဒီ (၇၀ဝ) က COE မရဘဲနဲ့ ထိုင်းကို ရောက်သွားတယ်ပေါ့။ တစ်ခါတည်းတော့မဖြစ်နိုင် ဘူးပေါ့။
ဖြေ - တစ်လကို (၅၀)လောက်၊ (၇၀)လောက် သွားတာကနေ အဲဒီလိုထွက်ရာကနေ ဒီလို (၇၀ဝ)ကျော် ဖြစ်သွားတာ။
မေး - ဘယ်လိုပဲဖြစ်ဖြစ် COE ကျတယ်ဆိုရင် ဂျပန်ကိုရောက်မှာပဲ။
ဖြေ - ရောက်မှာပဲ ။ COE ကျဖို့ ဂျပန် လဝက ကလည်း သေအောင်စစ်တာ။ အခုလိုမျိုးဖြစ်ခဲ့ရင် COE အတုဆိုရင် ဒီဘက်ကအေဂျင်စီသည် ပါးရည်နပ်ရည် မရှိလို့ COE ကိုလည်းမစစ်နိုင်ဘူး။ စာချုပ်ကိုလည်း မစစ်နိုင်ဘူး။ နောက်လာတဲ့ အလုပ်ခေါ်စာ။ အလုပ်ခေါ်စာမှာလည်း ခေါ်တဲ့အလုပ်နဲ့ ကိုက်၊ မကိုက် သေ ချာကြည့်ရတာ။ ပေးတဲ့လစာ ဟုတ်လား မဟုတ်လား ကြည့်ရတာ။ ပြီးရင် မြို့ပေါ်ကကုမ္ပဏီတွေဆို လည်း ရှိလား၊ မရှိလားဆိုတာ ကိုယ့်အသိမိတ်ဆွေ လုပ်သား နဲ့ပတ်သက်တဲ့ အလုပ်လုပ်နေတဲ့လူတွေရှိ တယ်။ သူတို့တွေနဲ့ ပြန်ပြီးချိန်ကိုက်ရတယ်။ ချိန်ထိုးရတယ်။ ဂျပန်သွားရင်လည်း ကိုယ်မိတ်ဆက်ပေးခဲ့ တဲ့ကလေးတွေ အဆင်ပြေလား ၊ နေကောင်းလား အလုပ်သေချာ လုပ်ရဲ့လားပေါ့။ မားကက်တင်းဆင်း ရင်းနဲ့ ကလေးတွေကိုလိုက်တွေ့ရတာ။ ထွက်ပြေးသွားရင်လည်း သွားပြီးတောင်းပန်ရတာ။ တချို့က တော့လည်း လျော် ကြေးတောင်းတာ။ အဲဒီကျလည်းပေးရတယ်။ နောက်ထပ် လုပ်သားသေဆုံးတာဆို လည်း အေဂျင်စီကတာဝန်ယူပေးရတယ်။
မေး - အခု သေချာတာကတော့ ထိုင်းမှာ သောင်တင်နေပြီ။ အခုက အစိုးရတာဝန်ယူပြီး ပြန်ခေါ်ရမှာ လား။ အေဂျင်စီကို ပြန်ပြောရမှာလား။ ဘယ်သူက အဲဒီလူ (၇၀ဝ)ကိုဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ ပြဿနာရှိတယ်။
ဖြေ - အစိုးရက ဝင်ရင်တော့ တော်တော်အသုံးမကျ တဲ့အစိုးရဆိုပြီးအပြောခံရမှာ။ ထွက်သွား ကတည်း က မင်းတို့ကောင်တွေ သေချာမစိစစ်ဘူးလား။ မင်းတို့ ကောင်တွေ ဒီအပေါက်ကိုသိသိကြီးနဲ့။ ဒီအောက် လမ်း အပေါက်ကြီးက အရေးယူရင်လည်းရတယ်။ တာဝန်ခံ ရင်လည်းရရဲ့သားနဲ့ပို့ဆွမ်းတွေစား၊ လုပ် စရာရှိတာ တွေလုပ်ထားကြပြီးတော့။ ဒါသည်လည်း (အလည)ကလွှတ်ထားတဲ့အပေါက်ကြီးရော လဝက ကလွှတ်ထားတဲ့အပေါက်ကြီးရော။ သိနေရင်းတန်းလန်းနဲ့ပဲ ဒါတွေဖြစ်သွားတာ။ မရှင်းနိုင်ဘူး လားဆိုတော့ နောက်ဆုံးကျရင် အစိုးရကိုပဲ တစ်ပတ်ပြန်လည်ပြီး တော့လာမှာပဲ။ ဖြစ်သွားတာလည်း ဒီအဖွဲ့အစည်းတွေကြောင့်ပဲ။ ဆိုတော့ တာဝန်ယူရမလားလို့မေးရင်တော့ တာဝန်ယူပေးရင်တော့ ဒီ ကလေးတွေရဲ့ဘဝက အဆင်ပြေသွားတာပေါ့။ ဗမာပြည်မှာ (၁၀ဝ)ကျော် သောင်တင်နေတာရှိတယ် လေ။ အဲဒီကလေးတွေကတော့ ပိုက်ဆံပြန်မရတာကလွဲရင် ဘာမှမဖြစ်သေးဘူး။ ဟိုဟာကတော့ နိစ္စဒူဝ ရက်တိုးလာလေ Living Cost တိုးလာလေ။ လမ်းပျောက်လေ။ ရှင်းရှင်းပြောရရင် ပိုက်ဆံက မိဘတွေ ကုန်တာ။ ဒီကလေး တွေရဲ့ ဘဝသည် အစိုးရတာဝန်ယူပြီး လုပ်ပေးလိုက်ရင်တော့ တော်တော်လေး အဆင်ပြေသွားမှာပေါ့။ ဒါပေမဲ့ လည်း မဟုတ်ရင်တော့ လမ်းပျောက်တာ၊ ဒုက္ခရောက်တာတွေ ဖြစ်သွား မှာ။ အဲဒီမှာ မိန်းကလေးတွေ သာပါသွားရင် ယိုးဒယားဆိုတာသိတဲ့အတိုင်း ပျက်စီးလွယ်တာ။ အများကြီး စဉ်းစားရမှာ။ ဘယ်သူတွေ အပြစ်တင်တင် ငါတို့ဂရုမစိုက်ဘူး။ ငါတို့လူမျိုးပဲဆိုပြီးဆိုရင် ကောင်းတာပေါ့။
မေး - အခုလောလောဆယ် ကလေး(၇၀ဝ)ကို လုံ လုံခြုံခြုံဖြစ်အောင်လုပ်ပေးရမယ်။ မှားတာ မှန်တာ နောက်မှပြင်မယ်။ လောလောဆယ် ဒီ(၇၀ဝ)ကို ဒီအ တိုင်းကြီးပစ်ထားလို့မရဘူးလေ။ ကိုယ့်နိုင်ငံသား တွေ။ ကလေးတွေကိစ္စပြေလည်မှ နောက်ထပ်ကွင်းဆက် ကိုပြန်လိုက်။ လိုက်ပြီးမှ လွတ်နေတဲ့ အပေါက် တွေ ပြန်ပိတ်။
ဖြေ - လုပ်ရင်တော့ကောင်းတာပေါ့။ ဒီအပေါက်ကြီး ပွင့်နေတာကြာလှပြီ။ လူတိုင်းသိနေတဲ့ လျှို့ဝှက် ချက်ကြီးလေ။ ဘာမှမလုပ်လို့ပဲ ဒီလိုဖြစ်လာတာ။ ဟိုအရင်တုန်းက စစလုပ်လုပ်ချင်းက တားတယ်လို့ လုပ်သေးတယ်။ ကြားထဲက ဂိတ်ကတားပြီး ပတ်စပို့နဲ့ဖုန်းတွေ သိမ်းသွားလို့ တစ်ယောက်ဘယ်လောက် ဆိုပြီး လိုက်ထုတ်ပြီး အဆင်ပြေလို့ ဂျပန်တောင်ရောက်ကုန်ပြီ အခုတော့။ အဲဒီအချိန်တုန်းက ဟိုလူ လည်းဖြစ်၊ ဒီလူလည်းဖြစ်။ အဲဒီနောက်ပိုင်းကစပြီး ဘာမှမဖြစ်တော့ဘူး။ ရှင်းရှင်းပြောရရင် ဝေစုမတည့် ကြတာလားမသိဘူး အဲဒီတုန်းကဖြစ်တာ ရဲဂိတ်။ နောက်ပိုင်း အဝေတည့်သွားကြတဲ့အချိန် ဘာမှ မရစ် တော့ဘူး။ လွန်ခဲ့တဲ့ (၆)လ၊ (၈)လတည်းက အဲဒီအပေါက်က ဖြောင့်ဖြောင့်ဖြူးဖြူးဖြစ်နေတာ။ အခု တော့ နိုင်ငံတော်က တာဝန်ယူပေးရင်တော့ ကောင်းတာပေါ့။
မေး - အခုပြည်တွင်းမှာလည်း ပတ်စပို့တွေ သိမ်းခံထားရတယ်ကြားတယ်။
ဖြေ - အဲဒါကတော့ တကယ်အေဂျင်စီတွေ သိမ်းကြ တာပဲ။ မသိမ်းလို့မရဘူး။ ကလေးတွေက အင်တာ ဗျူး အောင်ပြီးရင် ပတ်စပို့ကိုသိမ်းရတယ်။ သိမ်းရတဲ့ရည်ရွယ်ချက်သည် အစ်ကိုတို့သည် အကုန်လုပ် ပေးရလို့ သိမ်းထားတာ။ သူတို့လက်ထဲပျောက်သွားတာ ဘာညာဖြစ်တဲ့အပြင်ကို အားနည်းချက်တစ်ခုက ဒီမှာ အင်တာဗျူးဝင်တယ် လစာက ဂျပန်ငွေ ယန်း (၁၅)သောင်းရတယ်။ နောက်ထပ် အေဂျင်စီတစ်ခုက ဒီလုပ်ငန်းမျိုးကိုပဲခေါ်တယ်။ လစာ(၁၆)သောင်းနဲ့။ သူတို့က စည်းမရှိဘူး။ သူတို့လက်ထဲ ပတ်စပို့ရှိနေရင် သူတို့သွားလို့ရတဲ့ ပတ်စပို့ဖြစ်လားဆိုတာ တောင်းကြည့်တယ်။ In hand ပြနိုင်မှ အင်တာဗျူးအဝင်ခံ တာ။ သူတို့လက်ထဲသာထည့်ထားရင် ဒီဘက်မှာ အင်တာဗျူးအောင်တယ် COE တင်တယ်။ နောက်တစ် ဖက်မှာလည်း COE တင်လိုက်တဲ့အခါ COE သွားဆုံရင် ဒီဘက်ကအေဂျင်စီကိုပါမယုံတာဖြစ်တဲ့အတွက် နောက်ဆိုရင် ဘယ်အေဂျင်စီကလဲ။ ပြီးခဲ့တဲ့တစ် ခေါက်က တခြားအေဂျင်စီတင်တာကို အခု ဒီအေဂျင်စီ ကလည်းထပ်တင်တယ်။ မင်းတို့ကုမ္ပဏီတွေ မသင်္ကာစရာကောင်းတယ်ဆိုပြီး Black list ဝင်သွားရင် ဒီ အေဂျင်စီတွေထပ်ပြီးတော့ လဝကမှာတင်လို့ မရတာတွေဖြစ်တယ်။ အဲဒါကြောင့် မဖြစ်မနေ ဒီပတ်စပို့ တွေကိုယူပြီး သိမ်းထားတာဖြစ်တယ်။ နေဝန်း ကမ္ဘာနဲ့ဆုလာဘ်မြင့်မိုရ်သိမ်းတာကတော့ ဘယ်လောက် ရှိမလဲမသိဘူး။ သူတို့ ဘယ်လောက်ကိုင်ထားလဲမသိဘူး။ (၁၀ဝ)ကိုင်ထားတာတော့သိတယ်။ အေဂျင်စီ တွေရဲ့ထုံးစံကတော့ အင်တာဗျူးအောင်ရင် ကိုင်ကိုကိုင်ထားတယ်။
မေး - လက်ရှိ ပြည်တွင်းမှာ ဂျပန်သွားဖို့စောင့်နေတာ ဘယ်လောက်လောက်များလဲ။
ဖြေ - မရှိဘူးဆို (၃)(၄)ထောင်ကတော့ ရှိမှာပဲ။ အေဂျင်စီအကုန်လုံးပေါင်းရင် ။
မေး - အခု အလိမ်ခံရတဲ့(၇၀ဝ)အတွက် အင်တာဗျူးကကော ကြားကပွဲစားဆိုတဲ့လူကပဲ ဖန်တီးပေးတာ လား။
ဖြေ - အဲဒါမသိသေးဘူး။ ပွင့်ပွင်းလင်းလင်းပြောရရင် ဒါကိုချမပြဘူး။ အေဂျင်စီတွေက သိတဲ့အတိုင်းပဲ။ အခုတော့ အေဂျင်စီက တာဝန် ခံကိုခံရမယ်။ ဒုတိယ ကလေးကိုမိတ်ဆက်‌ပေးတဲ့ကျောင်းတွေကတော့ ဒုတိယအဆင့်ပေါ့။ အဲဒီမှာလည်း အေဂျင်စီလိုင်စင်ရတာမကြာသေးဘူး။ ဆုလာဘ်မြင့်မိုရ်ကတော့ အပိတ်ခံထားရတယ်။ ရှေ့မှာတုန်းက (၂၅) ရာခိုင်နှုန်းနဲ့ သို့ မဟုတ် အကြောင်းအရာတစ်ခုခုကြောင့် ပိတ် ခံထားရတာဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ခံရမှာပဲ။ ဒုတိယနစ်နာတာလည်း သူပဲ။
မေး - ဂျပန်မှာ လုပ်သားလိုအပ်ချက် ဘယ်လောက် ရှိလဲ။ မြန်မာက အလုပ်သမားခွဲတမ်း ဘယ်လောက် ရလဲ။
ဖြေ - အရင်ကတော့ (၂)သိန်းလောက်ရှိတယ်။ အခုကတော့ (၁)သိန်းလောက်ဖြစ်မယ်။ ဘာလို့ဆို ဗမာ ပြည်က လူခေါ်ဖို့တော်တော်ကြောက်သွားပြီ။ အရင်ကတော့ တစ်နှစ်ကို (၂)သိန်းလောက်။ ဘာဖြစ်လို့ လဲဆိုတော့ရောက်မလာလို့။ ဂျပန်လူမျိုးက အကုန်အဆင်သင့်လုပ်ထားပြီးသား။ တချို့ဆို နှစ်ပေါက် နေပြီ ဂျပန်မရောက်ဘူး။ အခု မြန်မာလုပ်သားဈေးကွက်ကြီးက အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်ကိုခွဲပေး လိုက်ရပြီ။ လူများတဲ့နေရာတွေ၊ တခြားလုပ်သားများများထွက်မယ့်နေရာတွေလိုက်ခေါ်တာ။ သူတို့သိ တယ် မြန်မာလူမျိုး ဂျပန်စာတော်တယ်။ အလုပ်ကို သေချာလုပ်တယ်ဆိုတာသိတယ်။ လက်ကျော မတင်းဘူး တစ်နှစ် မပြည့်ခင်ထွက်တယ်ဆိုတာလည်းသိတယ်။ လုပ်သား ဈေးကွက်သည် ပေါက်ကုန် ဖြစ်သွားပြီ။ အခုတော့ အစိုးရပေါ်လစီကြောင့် မလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့ ကြောက်နေတာ။ ရှေ့မှာ ပိုက်ဆံတွေကုန် ထားတာအများကြီးပဲ။ အဲဒီတော့ အင်ဒိုနီးရှားပြောင်းကြတယ်။ ဂျပန်တွေက တော့ရှင်းပါတယ်။ ဒီလုပ်ငန်းကိုစလုပ်တဲ့အချိန်တည်းက ဂျပန်လူမျိုးသည် မြန်မာတွေက သူတို့အပေါ် မှာကျေးဇူးရှိတယ်။ အဲဒါကြောင့် မြန်မာပြည်ကို ကြီးပွားတိုးတက်အောင် လုပ်ပေး ချင်တယ်။ ပြီးတော့ မြန်မာလူမျိုးသည် ဗုဒ္ဓဘာသာမို့ ဗုဒ္ဓဘာသာတိုင်းပြည်က လူတွေကိုပဲခေါ်ချင်တယ်။ ဖိလစ်ပိုင်တို့လို ခရစ်ယာန်တိုင်းပြည်ဆိုလည်း အရမ်း ခရစ်ယာန်ဆန်မှာကိုကြောက်တယ်။ မွတ်စလင်ဆိုလည်း ဘာသာ ရေးနဲ့ပတ်သက်ပြီး ပွဲလုပ်တာတွေမကြိုက်ဘူး။ အဲဒီအတွက်ကြောင့် ဗုဒ္ဓဘာသာတိုင်းပြည်ကို ခေါ်ချင် တာမို့လို့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း မပါဘူး။ သီရိလင်္ကာ၊ ဘူတန်။ အခုတော့ အစ္စလာမ် တိုင်းပြည်တွေကိုပါ မရတဲ့အဆုံးလိုက်ခေါ်နေတာ။ ဒါကတော့ စီးပွားရေးအမြင်အရ ကြည့်မယ်ဆိုရင် မလာနိုင်တော့တဲ့ဟာကို မျှော်လင့်ချက်ထားနေမယ့်အစား ရနိုင်မယ့်ဟာကနေခေါ်လိုက်တော့မယ် ဆိုတာ မျိုးဖြစ်နိုင်တယ်။
(ဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
“အဓိကကေတာ့ ကေလးေတြနဲ႔မိဘေတြကို စစ္မႈထမ္းနဲ႔ပဲၿခိမ္းေျခာက္တယ္” ဂ်ပန္လုပ္သား(၇၀ဝ)ေက်ာ္ လိမ္လည္ခံရျခင္းႏွင့္ ျပည္ပလုပ္သားျပႆနာအတြင္းေရးမ်ား .. (၂)
Pearl (NP News) - ဇန္နဝါရီ ၈
အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ ျပည္ပသို႔လုပ္သားေစလႊတ္ျခင္းမ်ားထိန္းခ်ဳပ္ကန႔္သတ္ထား သည့္အတြက္ ဂ်ပန္သို႔ သြားေရာက္လုပ္ကိုင္လိုသည့္လုပ္သားမ်ားအေနျဖင့္ တာခ်ီလိတ္နယ္စပ္ဂိတ္မွ တစ္ဆင့္ ထိုင္းႏိုင္ငံဘက္သို႔ကူးကာ ဂ်ပန္သို႔သြားေရာက္လုပ္ကိုင္မႈမ်ားရွိလာခဲ့သည္။ ထို႔ျပင္ အဆိုပါ လမ္းေၾကာင္းမွတစ္ဆင့္ ဂ်ပန္သို႔ပို႔ေဆာင္ေပးမည္ဟုဆိုကာ လိမ္လည္မႈမ်ားရွိလာေနၿပီး လက္ရွိတြင္ ဂ်ပန္သို႔ သြားေရာက္အလုပ္လုပ္ကိုင္လိုသည့္ ျမန္မာလုပ္သား(၇၀ဝ)ေက်ာ္ခန႔္သည္ ထိုင္းႏိုင္ငံအတြင္း၌ ေသာင္တင္ေနေၾကာင္းသိရသည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ျပည္ပအလုပ္အကိုင္ရွာေဖြ ေရးေအဂ်င္စီ လုပ္ကိုင္သူမ်ားႏွင့္ NP News မွေတြ႕ဆုံေဆြးေႏြးထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပ အပ္ပါသည္။

ေမး - ကုမၸဏီေတြအေနနဲ႔ အခြန္မေဆာင္ရင္ေကာ ဘာေတြဆက္ျဖစ္မလဲ။
ေျဖ - အခု ဒီဇင္ဘာ(၃၁)မွာမေဆာင္ရင္ ကုမၸဏီ (၃၀ဝ)ေက်ာ္သြားမွာ။ နံပါတ္(၁)က တစ္လပိတ္သိမ္း တယ္တို႔၊ (၆)လပိတ္သိမ္းတယ္တို႔ စမွာ။ ငါတို႔ေျပာပါတယ္၊ ေၾကညာခ်က္ထုတ္ထားတယ္။ အဲဒီထဲက ဘယ္ေလာက္ေဆာင္လဲ။ မေဆာင္တဲ့ေကာင္ေတြ ထုတ္ဆိုၿပီး လုပ္ဦးမွာ။ အခု သူတို႔အသည္းအသန္ ႏွစ္ မကုန္ခင္အၿပီးလုပ္ေပးရမယ္ဆိုေတာ့ လုပ္ၿပီးတင္ ေပးလိုက္တယ္။ တင္ေပးလိုက္ေတာ့။ တင္ထားတာ ၾကာၿပီ။ ႏိုဝင္ဘာလကုန္တည္းကတင္ထားတာကို ၿပီးခဲ့တဲ့တစ္ပတ္ေက်ာ္ေလာက္က ကြၽန္ေတာ့္ကိုဘာ ေျပာလဲဆိုရင္ ထုံးစံအတိုင္း ကြၽန္ေတာ့္ကေလးေတြ လစာေပးရတဲ့ဟာက အသုံးစရိတ္ေတြတင္ထားတာ ဟိုဟာကမရဘူး၊ ဒါကမရဘူးနဲ႔ရစ္တာ။ ထုံးစံအတိုင္းေပါ့ေနာ္ အၿမဲတမ္းလိုလိုျဖစ္ေနၿပီ။ ပိုက္ဆံ (၅) သိန္းေလာက္ စာအိတ္ထဲထည့္ၿပီးေပးတဲ့ကိစၥကို အခြန္မႉးက ျပန္ယူသြားတဲ့။ မင္းတို႔ အခုလက္ရွိ စရိတ္ ေတြကို ေပါင္းလိုက္ရင္ သိန္း (၄၅၀)ေလာက္ထပ္တက္မယ္တဲ့။ သိန္း(၉၀ဝ)ေက်ာ္ကေန သိန္း(၄၅၀) ေလာက္ ထပ္တက္မယ္တဲ့။ မတက္ခ်င္ရင္ သိန္း (၁၂၀)ကို K Pay မပါဘူး။ AYA Pay မပါဘူး။ Banking မပါဘူး။ ‌ေငြသား အထုပ္(၄)ထုပ္ခြဲၿပီးလာေပးပါ။ အဲဒါကို လက္မွတ္ထိုးေပးမယ္ဆိုၿပီး ေပၚတင္ေတာင္း တာ။ အခုေခတ္ႀကီးက အဲဒီလိုျဖစ္ေနလားေပါ့။ ရွင္းရွင္းေျပာရရင္ ေငြညႇစ္တာပဲ။ အခုက ကြၽန္ေတာ္ၿခိမ္း ေျခာက္ခံရတာ။ (အလည)ကလုပ္တာကတစ္မ်ိဳး။ အခုအခြန္ကတစ္မ်ိဳး။ သူမ်ားေတြကေတာ့ ဒီေကာင္ လုပ္ငန္းရွင္ပဲ။ အလုပ္ေတြလုပ္ေနရတာ။ ပိုက္ဆံေတြ ရေနမွာလို႔ျမင္တယ္။ မဟုတ္ဘူး။ အံ့ဩစရာႀကီး။ အခုက ရန္ကင္းက အခြန္႐ုံး(၄)မွာ။ တစုတစည္း တည္းစားရေအာင္လား ဘယ္လိုလဲေတာ့မသိဘူး။ အခု အဲဒီလိုကိုေျပာတာ။ ကြၽန္ေတာ့္႐ုံးက Chief Acc က “ဆရာမရယ္ (၁၂၀)ေတာ့မလုပ္ပါနဲ႔၊ ၁၀ဝ ပဲထား ေပးပါ” ဆို‌ေတာ့ “ငါ ေဈးေရာင္းေနတာမဟုတ္ဘူး။ နင္တို႔ကိုေလွ်ာ့ေပးရေအာင္။ နင္တို႔ ေဈးလာဆစ္ရ‌ ေအာင္” တဲ့ ဒါ ၿပီးခဲ့တဲ့ၾကာသပေတးကမွ။ အရင္တစ္ခါမွ ၾကမ္းၾကမ္းတမ္းတမ္းႀကီးေတာင္းတာ မႀကဳံ ဖူးပါဘူး။ သူတို႔ကသိတယ္ေလ။ (အလည)က ကြၽန္ေတာ့္ကိုစာထုတ္ထားတာ။ ကြၽန္ေတာ္တို႔ အခြန္ ေဆာင္ကိုေဆာင္ရမယ္ ေပးကိုေပးရမယ္ဆိုတာ။
ေမး - လာမယ့္အစိုးရလက္ထက္မွာ အခြန္ကို ေသခ်ာလိုက္လိမ့္မယ္။ Sector လိုက္ကိုျဖည္ၿပီးလိုက္ မွာ။ ေခတ္အဆက္ဆက္ ေသခ်ာမလုပ္တာကို အခုအစိုးရက လုပ္လိမ့္မယ္။ ေနာက္ေၾကာင္းေတြ ျပန္လိုက္ မွာ။ ေကာင္းေကာင္းမြန္မြန္‌ေဆာင္ဖို႔သြားတဲ့လူကို အခြန္ဦးစီးေတြကက်စ္တာ။ မေဆာင္တဲ့ေကာင္က အႏၲရာယ္ကင္းတယ္။ လာမယ့္အစိုးရအသစ္မွာလုပ္မွာ။
ေျဖ - အခုကြၽန္ေတာ္တို႔ ဒီဇင္ဘာမတိုင္ခင္ ေအဂ်င္စီေတြကိုလုပ္တယ္ဆိုတာ ဒါထင္တယ္။ သူတို႔ေတြက ဒီဇင္ဘာမတိုင္ခင္ (အလည)ကို ျပန္တင္ရမယ္ဆိုတာ သူတို႔ကေကာင္းေကာင္းသိထားတယ္။ ဘယ္ က႑မွာမဆို ဒါႀကီးက ေတာ္ေတာ္ဆိုးဆိုး႐ြား႐ြားျဖစ္ေနတာေပါ့။ ကြၽန္ေတာ္ ဒီေလာက္အခြန္ေဆာင္ ခ်င္တယ္။ မျဖစ္မေနေတာ့ေဆာင္ရမွာေပါ့ေနာ္။ တကယ့္တကယ္ဆို (အလည)တို႔ဘာတို႔ ဘာဖိအားမွ မရွိရင္ ေဆာင္ခ်င္မွေဆာင္မွာေပါ့။ ဒါမွမဟုတ္လည္း တစ္ခုခုလုပ္မွာေပါ့။ ကိုယ္လည္း ‌‌ေဆာင္ဖို႔ရည္႐ြယ္ ထားၿပီးသား။ သင့္တင့္ေလ်ာက္ပတ္တဲ့ Amount ေပါ့။ အခုေတာ့မဟုတ္ဘူး။ ဒီဟာကို ပိုက်ေအာင္လုပ္ တာ။ ဥပမာ သိန္း (၉၀ဝ)ေက်ာ္ ကေန သိန္း (၆၀ဝ)ေက်ာ္ပဲက်ေအာင္လုပ္ေပးမယ္ဆိုရင္ တစ္မ်ိဳး။ အခု က ကိုယ္က်ထားတဲ့ Amount ကို မွန္မွန္ကန္ကန္နဲ႔တင္ျပထားတာကို ထပ္ၿပီးေတာ့ (၄၅၀) ေက်ာ္က် ေအာင္လုပ္မယ္။ မလုပ္ေစခ်င္ရင္(၁၀ဝ) ေက်ာ္ေပးဆိုတာ။ ကြၽန္ေတာ္တို႔မွာက (အလည)က စာရင္းက ေပၚတင္ပဲထုတ္ထားတာ။ မျဖစ္မေန ဒီလကုန္ျပရမယ္ဆိုတာ အခြန္မႉးေတြကသိထားၿပီးသား။
ေမး - အဲဒီဂ်ပန္လုပ္သားပို႔တဲ့ကိစၥက ဘယ္လိုပုံစံနဲ႔ ေျဖရွင္းဖို႔သင့္လဲ။
ေျဖ - နံပါတ္(၁)ကေတာ့ ပြဲစားကိုရ‌ေအာင္ရွာ။ ေသခ်ာတာကေတာ့ ကေလးေတြက သူတို႔ဆုံးရႈံးတာကို ျပန္ရဖို႔မလြယ္ဘူး။ သူတို႔က ႏွစ္ခါနာပုံစံမ်ိဳးျဖစ္တာေပါ့။ ေအဂ်င္စီခကုန္တယ္။ ဟိုဘက္မွာ ကမ္းကူးၿပီး ေတာ့ကုန္တယ္။ သြားရလာရနဲ႔ အခ်ိန္ေတြအၾကာႀကီးဆိုေတာ့ သုံးခဲ့တဲ့ဟာေတြလည္းဆုံးတယ္။ ေနာက္ ဒီ ဘက္ကိုျပန္ဝင္လာရင္ အေပၚလမ္းကေန ျပန္လာလို႔ မရဘူး။ ေအာက္လမ္းကလာရင္ ေအာက္လမ္းက သြားမယ္ဆိုတဲ့ ပြဲစားကိုပိုက္ဆံေပးၿပီး ယိုးဒယားက အထြက္တုံး၊ ဗမာျပည္က အဝင္တုံးေတြ ထု။ ဒီ ပတ္စပို႔နဲ႔ ရန္ကုန္ကိုလာရဦးမွာဆိုေတာ့။ အစတည္းက ေအဂ်င္စီေတြက သူတို႔တစ္ဝက္ ပြဲစားတစ္ဝက္ လို႔ ရည္စူးလိုက္ရင္ သိန္း (၉)ေသာင္းမွာ သိန္း (၄)ေသာင္း ေက်ာ္က ပြဲစားလက္ထဲမွာ။ ဒီပိုက္ဆံ ျပန္ရ စရာအေၾကာင္းမရွိဘူး။ ေနာက္ သူတို႔ေက်ာင္းသားေတြကို မိတ္ဆက္ေပးထားတဲ့ေက်ာင္းေတြ။ ကေလး ထြက္သြားရင္ ေက်ာင္းေတြကိုေပးရတာေတာ့ ဒီေက်ာင္း ပိုင္ရွင္ကိုဖမ္းႏိုင္ရင္ ကြၽန္‌ေတာ္ၾကားတာေတာ့ မိတ္ဖက္လုပ္ထားတဲ့ ဆာကူရာေက်ာင္းဆိုလည္း ပိုင္ရွင္ကငယ္ငယ္ေလး။ ေက်ာင္းဆိုလည္း (၄) ၊ (၅) ေက်ာင္းဖြင့္ထားတယ္။ အဲဒီေကာင္ေလးဆိုလည္း လုပ္ခ်င္လို႔ရည္႐ြယ္တာေတာ့မဟုတ္ဘူး။ ေအဂ်င္စီ ဘက္က ေက်ာင္းသားရွိရင္ပို႔ေပးပါဆိုလို႔ သူတို႔လည္း ပို႔ေပးလိုက္တာ။ ပို႔ေပးရာကေန ေက်ာင္းသားမိတ္ ဆက္လို႔ ပိုက္ဆံရလို႔ယူလိုက္တာပဲ။ ျဖစ္ခ်င္ေတာ့ ပြဲ စားလုပ္လိုက္လို႔ ကြၽန္ေတာ္ထင္တယ္။ ေက်ာင္း ရဲ႕ပိုင္ရွင္ကိုပါလိုက္လို႔ အခုဆို ဝရမ္းေျပးျဖစ္ေနၿပီ။
ေမး - COE က်ေတာ့ေကာ အတုနဲ႔လား။ စာ႐ြက္စာတမ္းအတုေတြနဲ႔ထြက္တယ္ၾကားလို႔ေလ။ အမွန္ဆို COE က်ၿပီဆိုတာနဲ႔ ဂ်ပန္ကိုထြက္ရမွာမလား။
ေျဖ - ကြၽန္‌ေတာ္ထင္တာမမွားရင္ COE က်ၿပီလို႔ ေျပာၿပီးေတာ့ ထိုင္းဘက္ကိုထြက္သြားတာ။ COE က် ေတာ့ အတုမျဖစ္ႏိုင္ဘူး။ အဓိကကေတာ့ ကေလးေတြနဲ႔မိဘေတြကို ဘယ္လိုလုပ္လဲဆိုေတာ့ စစ္မႈထမ္း နဲ႔ပဲၿခိမ္းေျခာက္တာ။ စစ္မႈထမ္းဆြဲတယ္ဆိုၿပီး ရန္ ကုန္မွာေစာင့္တာထက္ ထိုင္းမွာသြားေစာင့္ဆိုၿပီး ေတာ့။ စာ႐ြက္စာတမ္းအတုဆိုတာက အခု လူေခၚတဲ့အလုပ္ ေခၚစာအတုထုတ္လို႔ရတယ္။ ေနာက္ၿပီး ေတာ့ အလုပ္စာခ်ဳပ္။ ဟိုဘက္က အလုပ္ရွင္နဲ႔ထိုးတဲ့စာခ်ဳပ္က အတုလုပ္လို႔ရတယ္။ အဲဒါေတြ အတု။
ေမး - ဒါဆို COE မက်ဘဲ ထိုင္းမွာသြားေစာင့္ေနၾကတာလား။
ေျဖ - အဲဒါျဖစ္ဖို႔မ်ားတယ္။ ဇာတ္လမ္းအတိအက် ေတာ့မသိေသးဘူး။ ျဖစ္တဲ့ကေလးတစ္ေယာက္ ေလာက္နဲ႔ေတြ႕ရင္ သိၿပီ။ အခုက စစ္မႈထမ္းနဲ႔ပဲ ၿခိမ္းေျခာက္တာ။ အေရးႀကီးဆုံးအခ်က္ အဲဒီေအဂ်င္ စီေတြက ဘယ္လိုေျပာၿပီး ေခၚတယ္ထင္လဲ။ မင္းတို႔ ဂ်ပန္သြားဖို႔က ဂ်ပန္စာတတ္ဖို႔မလိုဘူးတဲ့။ အဲဒီက တည္းကလြဲေနၿပီ။
ေမး - ေအဂ်င္စီဘက္က်ေတာ့ ေအဂ်င္စီနာမည္ခံၿပီး တျခားအဖြဲ႕အစည္းကလုပ္ေနတာလား။ ဥပမာ ေန ဝန္းကမာၻဆိုရင္ MD ကသတ္သတ္။ ပို႔ေပးတဲ့အဖြဲ႕ အစည္းက သတ္သတ္။ အဲဒီလိုလား။
ေျဖ - ေအဂ်င္စီေလာကက နည္းနည္းရႈပ္တယ္။ ဥပမာအားျဖင့္ ေအဂ်င္စီတစ္ခုသည္ အနည္းဆုံး တစ္ ႏွစ္ကို လူ (၆)ေယာက္နဲ႔အထက္ မပို႔မေနရဆိုတဲ့ စည္းမ်ဥ္းစည္းကမ္းႀကီးရွိတယ္။ မပို႔ႏိုင္ရင္ အဲဒီေအ ဂ်င္စီကို သက္တမ္းတိုးရင္ (၁)ႏွစ္မေပးေတာ့ဘူး။ (၆)လပဲေပးေတာ့တယ္။ တခ်ိဳ႕ လုပ္ေခၚစာ လုံးဝမရ တဲ့ေအဂ်င္စီမ်ိဳးဆိုရင္ သူမ်ားဆီကေန အငွားေခၚၿပီး ေတာ့ပို႔ရတာမ်ိဳးေတြလည္းရွိသလို တခ်ိဳ႕က်ေတာ့ လည္း ငါ့မွာ ဂ်ပန္ကုမၸဏီအသိလည္းရွိတယ္။ ငါ့မွာ ကေလးလည္းရွိတယ္။ ေအဂ်င္စီလိုင္စင္မရွိဘူး။ မင္းမွာရွိတယ္။ မင္းကေဒၚလာ(၁၅၀ဝ)ရရင္ ငါက မင္းကို တစ္ေယာက္ကို ေဒၚလာ(၅၀ဝ)အေနနဲ႔ ေအဂ်င္စီငွားေပးတဲ့အတြက္ကို ေခါင္းကပ္တယ္လို႔ေခၚတယ္။ ဆိုၿပီးေတာ့ အဲဒီလိုေအဂ်င္စီငွားစားတဲ့ ကုမၸဏီေတြလည္းရွိတယ္၊ လိုင္စင္ငွားစားတာေတြရွိတယ္။ အဲဒီေတာ့ ျဖစ္ႏိုင္တာက ေနာက္ထပ္ ေခါင္းကပ္တဲ့အဖြဲ႕အစည္းကိုခ်ေပးလိုက္တာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ ဒါေပမဲ့ ခုနကေျပာတဲ့ ပိုင္ရွင္က သတ္သတ္၊ ေအာက္က အဖြဲ႕အစည္းက သတ္သတ္ဆိုရင္ေတာ့ လိမ္တာပဲ။ ဘာျဖစ္လို႔ လဲဆိုေတာ့ ကြၽန္ေတာ္တို႔ကုမၸဏီဆိုရင္ ကြၽန္ေတာ္နဲ႔ ခြဲျခားလို႔မရဘူး။ ေနာက္ဆုံး လက္မွတ္ထိုးတာ MD ပဲေလ။ ဒါ႐ိုက္တာ ကိုယ္စားထိုးတယ္ဆိုရင္လည္း ထိုးလို႔ရတဲ့ေနရာရွိတယ္။ ထိုးလို႔မရတဲ့ေနရာရွိမယ္။ ေအဂ်င္စီလိုင္စင္ ငွားလိုက္တယ္ဆိုတာေတာ့ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ အဖြဲ႕အစည္းတစ္ခုတည္းကပဲ လုပ္ႏိုင္တာ။ ပိုက္ဆံရလို႔ကိုလုပ္တာ။ ေနာက္တစ္ခုက COE အတုလုပ္တာ လည္းမျဖစ္ႏိုင္ဘူး။ COE က စစ္လို႔ရတယ္။
ေမး - ဒါဆို အဲဒီ (၇၀ဝ) က COE မရဘဲနဲ႔ ထိုင္းကို ေရာက္သြားတယ္ေပါ့။ တစ္ခါတည္းေတာ့မျဖစ္ႏိုင္ ဘူးေပါ့။
ေျဖ - တစ္လကို (၅၀)ေလာက္၊ (၇၀)ေလာက္ သြားတာကေန အဲဒီလိုထြက္ရာကေန ဒီလို (၇၀ဝ)ေက်ာ္ ျဖစ္သြားတာ။
ေမး - ဘယ္လိုပဲျဖစ္ျဖစ္ COE က်တယ္ဆိုရင္ ဂ်ပန္ကိုေရာက္မွာပဲ။
ေျဖ - ေရာက္မွာပဲ ။ COE က်ဖို႔ ဂ်ပန္ လဝက ကလည္း ေသေအာင္စစ္တာ။ အခုလိုမ်ိဳးျဖစ္ခဲ့ရင္ COE အတုဆိုရင္ ဒီဘက္ကေအဂ်င္စီသည္ ပါးရည္နပ္ရည္ မရွိလို႔ COE ကိုလည္းမစစ္ႏိုင္ဘူး။ စာခ်ဳပ္ကိုလည္း မစစ္ႏိုင္ဘူး။ ေနာက္လာတဲ့ အလုပ္ေခၚစာ။ အလုပ္ေခၚစာမွာလည္း ေခၚတဲ့အလုပ္နဲ႔ ကိုက္၊ မကိုက္ ေသ ခ်ာၾကည့္ရတာ။ ေပးတဲ့လစာ ဟုတ္လား မဟုတ္လား ၾကည့္ရတာ။ ၿပီးရင္ ၿမိဳ႕ေပၚကကုမၸဏီေတြဆို လည္း ရွိလား၊ မရွိလားဆိုတာ ကိုယ့္အသိမိတ္ေဆြ လုပ္သား နဲ႔ပတ္သက္တဲ့ အလုပ္လုပ္ေနတဲ့လူေတြရွိ တယ္။ သူတို႔ေတြနဲ႔ ျပန္ၿပီးခ်ိန္ကိုက္ရတယ္။ ခ်ိန္ထိုးရတယ္။ ဂ်ပန္သြားရင္လည္း ကိုယ္မိတ္ဆက္ေပးခဲ့ တဲ့ကေလးေတြ အဆင္ေျပလား ၊ ေနေကာင္းလား အလုပ္ေသခ်ာ လုပ္ရဲ႕လားေပါ့။ မားကက္တင္းဆင္း ရင္းနဲ႔ ကေလးေတြကိုလိုက္ေတြ႕ရတာ။ ထြက္ေျပးသြားရင္လည္း သြားၿပီးေတာင္းပန္ရတာ။ တခ်ိဳ႕က ေတာ့လည္း ေလ်ာ္ ေၾကးေတာင္းတာ။ အဲဒီက်လည္းေပးရတယ္။ ေနာက္ထပ္ လုပ္သားေသဆုံးတာဆို လည္း ေအဂ်င္စီကတာဝန္ယူေပးရတယ္။
ေမး - အခု ေသခ်ာတာကေတာ့ ထိုင္းမွာ ေသာင္တင္ေနၿပီ။ အခုက အစိုးရတာဝန္ယူၿပီး ျပန္ေခၚရမွာ လား။ ေအဂ်င္စီကို ျပန္ေျပာရမွာလား။ ဘယ္သူက အဲဒီလူ (၇၀ဝ)ကိုဘယ္လိုစီမံခန႔္ခြဲမလဲဆိုတာ ျပႆနာရွိတယ္။
ေျဖ - အစိုးရက ဝင္ရင္ေတာ့ ေတာ္ေတာ္အသုံးမက် တဲ့အစိုးရဆိုၿပီးအေျပာခံရမွာ။ ထြက္သြား ကတည္း က မင္းတို႔ေကာင္ေတြ ေသခ်ာမစိစစ္ဘူးလား။ မင္းတို႔ ေကာင္ေတြ ဒီအေပါက္ကိုသိသိႀကီးနဲ႔။ ဒီေအာက္ လမ္း အေပါက္ႀကီးက အေရးယူရင္လည္းရတယ္။ တာဝန္ခံ ရင္လည္းရရဲ႕သားနဲ႔ပို႔ဆြမ္းေတြစား၊ လုပ္ စရာရွိတာ ေတြလုပ္ထားၾကၿပီးေတာ့။ ဒါသည္လည္း (အလည)ကလႊတ္ထားတဲ့အေပါက္ႀကီးေရာ လဝက ကလႊတ္ထားတဲ့အေပါက္ႀကီးေရာ။ သိေနရင္းတန္းလန္းနဲ႔ပဲ ဒါေတြျဖစ္သြားတာ။ မရွင္းႏိုင္ဘူး လားဆိုေတာ့ ေနာက္ဆုံးက်ရင္ အစိုးရကိုပဲ တစ္ပတ္ျပန္လည္ၿပီး ေတာ့လာမွာပဲ။ ျဖစ္သြားတာလည္း ဒီအဖြဲ႕အစည္းေတြေၾကာင့္ပဲ။ ဆိုေတာ့ တာဝန္ယူရမလားလို႔ေမးရင္ေတာ့ တာဝန္ယူေပးရင္ေတာ့ ဒီ ကေလးေတြရဲ႕ဘဝက အဆင္ေျပသြားတာေပါ့။ ဗမာျပည္မွာ (၁၀ဝ)ေက်ာ္ ေသာင္တင္ေနတာရွိတယ္ ေလ။ အဲဒီကေလးေတြကေတာ့ ပိုက္ဆံျပန္မရတာကလြဲရင္ ဘာမွမျဖစ္ေသးဘူး။ ဟိုဟာကေတာ့ နိစၥဒူဝ ရက္တိုးလာေလ Living Cost တိုးလာေလ။ လမ္းေပ်ာက္ေလ။ ရွင္းရွင္းေျပာရရင္ ပိုက္ဆံက မိဘေတြ ကုန္တာ။ ဒီကေလး ေတြရဲ႕ ဘဝသည္ အစိုးရတာဝန္ယူၿပီး လုပ္ေပးလိုက္ရင္ေတာ့ ေတာ္ေတာ္ေလး အဆင္ေျပသြားမွာေပါ့။ ဒါေပမဲ့ လည္း မဟုတ္ရင္ေတာ့ လမ္းေပ်ာက္တာ၊ ဒုကၡေရာက္တာေတြ ျဖစ္သြား မွာ။ အဲဒီမွာ မိန္းကေလးေတြ သာပါသြားရင္ ယိုးဒယားဆိုတာသိတဲ့အတိုင္း ပ်က္စီးလြယ္တာ။ အမ်ားႀကီး စဥ္းစားရမွာ။ ဘယ္သူေတြ အျပစ္တင္တင္ ငါတို႔ဂ႐ုမစိုက္ဘူး။ ငါတို႔လူမ်ိဳးပဲဆိုၿပီးဆိုရင္ ေကာင္းတာေပါ့။
ေမး - အခုေလာေလာဆယ္ ကေလး(၇၀ဝ)ကို လုံ လုံၿခဳံၿခဳံျဖစ္ေအာင္လုပ္ေပးရမယ္။ မွားတာ မွန္တာ ေနာက္မွျပင္မယ္။ ေလာေလာဆယ္ ဒီ(၇၀ဝ)ကို ဒီအ တိုင္းႀကီးပစ္ထားလို႔မရဘူးေလ။ ကိုယ့္ႏိုင္ငံသား ေတြ။ ကေလးေတြကိစၥေျပလည္မွ ေနာက္ထပ္ကြင္းဆက္ ကိုျပန္လိုက္။ လိုက္ၿပီးမွ လြတ္ေနတဲ့ အေပါက္ ေတြ ျပန္ပိတ္။
ေျဖ - လုပ္ရင္ေတာ့ေကာင္းတာေပါ့။ ဒီအေပါက္ႀကီး ပြင့္ေနတာၾကာလွၿပီ။ လူတိုင္းသိေနတဲ့ လွ်ိဳ႕ဝွက္ ခ်က္ႀကီးေလ။ ဘာမွမလုပ္လို႔ပဲ ဒီလိုျဖစ္လာတာ။ ဟိုအရင္တုန္းက စစလုပ္လုပ္ခ်င္းက တားတယ္လို႔ လုပ္ေသးတယ္။ ၾကားထဲက ဂိတ္ကတားၿပီး ပတ္စပို႔နဲ႔ဖုန္းေတြ သိမ္းသြားလို႔ တစ္ေယာက္ဘယ္ေလာက္ ဆိုၿပီး လိုက္ထုတ္ၿပီး အဆင္ေျပလို႔ ဂ်ပန္ေတာင္ေရာက္ကုန္ၿပီ အခုေတာ့။ အဲဒီအခ်ိန္တုန္းက ဟိုလူ လည္းျဖစ္၊ ဒီလူလည္းျဖစ္။ အဲဒီေနာက္ပိုင္းကစၿပီး ဘာမွမျဖစ္ေတာ့ဘူး။ ရွင္းရွင္းေျပာရရင္ ေဝစုမတည့္ ၾကတာလားမသိဘူး အဲဒီတုန္းကျဖစ္တာ ရဲဂိတ္။ ေနာက္ပိုင္း အေဝတည့္သြားၾကတဲ့အခ်ိန္ ဘာမွ မရစ္ ေတာ့ဘူး။ လြန္ခဲ့တဲ့ (၆)လ၊ (၈)လတည္းက အဲဒီအေပါက္က ေျဖာင့္ေျဖာင့္ျဖဴးျဖဴးျဖစ္ေနတာ။ အခု ေတာ့ ႏိုင္ငံေတာ္က တာဝန္ယူေပးရင္ေတာ့ ေကာင္းတာေပါ့။
ေမး - အခုျပည္တြင္းမွာလည္း ပတ္စပို႔ေတြ သိမ္းခံထားရတယ္ၾကားတယ္။
ေျဖ - အဲဒါကေတာ့ တကယ္ေအဂ်င္စီေတြ သိမ္းၾက တာပဲ။ မသိမ္းလို႔မရဘူး။ ကေလးေတြက အင္တာ ဗ်ဴး ေအာင္ၿပီးရင္ ပတ္စပို႔ကိုသိမ္းရတယ္။ သိမ္းရတဲ့ရည္႐ြယ္ခ်က္သည္ အစ္ကိုတို႔သည္ အကုန္လုပ္ ေပးရလို႔ သိမ္းထားတာ။ သူတို႔လက္ထဲေပ်ာက္သြားတာ ဘာညာျဖစ္တဲ့အျပင္ကို အားနည္းခ်က္တစ္ခုက ဒီမွာ အင္တာဗ်ဴးဝင္တယ္ လစာက ဂ်ပန္ေငြ ယန္း (၁၅)ေသာင္းရတယ္။ ေနာက္ထပ္ ေအဂ်င္စီတစ္ခုက ဒီလုပ္ငန္းမ်ိဳးကိုပဲေခၚတယ္။ လစာ(၁၆)ေသာင္းနဲ႔။ သူတို႔က စည္းမရွိဘူး။ သူတို႔လက္ထဲ ပတ္စပို႔ရွိေနရင္ သူတို႔သြားလို႔ရတဲ့ ပတ္စပို႔ျဖစ္လားဆိုတာ ေတာင္းၾကည့္တယ္။ In hand ျပႏိုင္မွ အင္တာဗ်ဴးအဝင္ခံ တာ။ သူတို႔လက္ထဲသာထည့္ထားရင္ ဒီဘက္မွာ အင္တာဗ်ဴးေအာင္တယ္ COE တင္တယ္။ ေနာက္တစ္ ဖက္မွာလည္း COE တင္လိုက္တဲ့အခါ COE သြားဆုံရင္ ဒီဘက္ကေအဂ်င္စီကိုပါမယုံတာျဖစ္တဲ့အတြက္ ေနာက္ဆိုရင္ ဘယ္ေအဂ်င္စီကလဲ။ ၿပီးခဲ့တဲ့တစ္ ေခါက္က တျခားေအဂ်င္စီတင္တာကို အခု ဒီေအဂ်င္စီ ကလည္းထပ္တင္တယ္။ မင္းတို႔ကုမၸဏီေတြ မသကၤာစရာေကာင္းတယ္ဆိုၿပီး Black list ဝင္သြားရင္ ဒီ ေအဂ်င္စီေတြထပ္ၿပီးေတာ့ လဝကမွာတင္လို႔ မရတာေတြျဖစ္တယ္။ အဲဒါေၾကာင့္ မျဖစ္မေန ဒီပတ္စပို႔ ေတြကိုယူၿပီး သိမ္းထားတာျဖစ္တယ္။ ေနဝန္း ကမာၻနဲ႔ဆုလာဘ္ျမင့္မိုရ္သိမ္းတာကေတာ့ ဘယ္ေလာက္ ရွိမလဲမသိဘူး။ သူတို႔ ဘယ္ေလာက္ကိုင္ထားလဲမသိဘူး။ (၁၀ဝ)ကိုင္ထားတာေတာ့သိတယ္။ ေအဂ်င္စီ ေတြရဲ႕ထုံးစံကေတာ့ အင္တာဗ်ဴးေအာင္ရင္ ကိုင္ကိုကိုင္ထားတယ္။
ေမး - လက္ရွိ ျပည္တြင္းမွာ ဂ်ပန္သြားဖို႔ေစာင့္ေနတာ ဘယ္ေလာက္ေလာက္မ်ားလဲ။
ေျဖ - မရွိဘူးဆို (၃)(၄)ေထာင္ကေတာ့ ရွိမွာပဲ။ ေအဂ်င္စီအကုန္လုံးေပါင္းရင္ ။
ေမး - အခု အလိမ္ခံရတဲ့(၇၀ဝ)အတြက္ အင္တာဗ်ဴးကေကာ ၾကားကပြဲစားဆိုတဲ့လူကပဲ ဖန္တီးေပးတာ လား။
ေျဖ - အဲဒါမသိေသးဘူး။ ပြင့္ပြင္းလင္းလင္းေျပာရရင္ ဒါကိုခ်မျပဘူး။ ေအဂ်င္စီေတြက သိတဲ့အတိုင္းပဲ။ အခုေတာ့ ေအဂ်င္စီက တာဝန္ ခံကိုခံရမယ္။ ဒုတိယ ကေလးကိုမိတ္ဆက္‌ေပးတဲ့ေက်ာင္းေတြကေတာ့ ဒုတိယအဆင့္ေပါ့။ အဲဒီမွာလည္း ေအဂ်င္စီလိုင္စင္ရတာမၾကာေသးဘူး။ ဆုလာဘ္ျမင့္မိုရ္ကေတာ့ အပိတ္ခံထားရတယ္။ ေရွ႕မွာတုန္းက (၂၅) ရာခိုင္ႏႈန္းနဲ႔ သို႔ မဟုတ္ အေၾကာင္းအရာတစ္ခုခုေၾကာင့္ ပိတ္ ခံထားရတာျဖစ္မယ္။ ဘယ္လိုပဲျဖစ္ျဖစ္ တာဝန္ခံရမွာပဲ။ ဒုတိယနစ္နာတာလည္း သူပဲ။
ေမး - ဂ်ပန္မွာ လုပ္သားလိုအပ္ခ်က္ ဘယ္ေလာက္ ရွိလဲ။ ျမန္မာက အလုပ္သမားခြဲတမ္း ဘယ္ေလာက္ ရလဲ။
ေျဖ - အရင္ကေတာ့ (၂)သိန္းေလာက္ရွိတယ္။ အခုကေတာ့ (၁)သိန္းေလာက္ျဖစ္မယ္။ ဘာလို႔ဆို ဗမာ ျပည္က လူေခၚဖို႔ေတာ္ေတာ္ေၾကာက္သြားၿပီ။ အရင္ကေတာ့ တစ္ႏွစ္ကို (၂)သိန္းေလာက္။ ဘာျဖစ္လို႔ လဲဆိုေတာ့ေရာက္မလာလို႔။ ဂ်ပန္လူမ်ိဳးက အကုန္အဆင္သင့္လုပ္ထားၿပီးသား။ တခ်ိဳ႕ဆို ႏွစ္ေပါက္ ေနၿပီ ဂ်ပန္မေရာက္ဘူး။ အခု ျမန္မာလုပ္သားေဈးကြက္ႀကီးက အင္ဒိုနီးရွားနဲ႔ ဘဂၤလားေဒ့ရွ္ကိုခြဲေပး လိုက္ရၿပီ။ လူမ်ားတဲ့ေနရာေတြ၊ တျခားလုပ္သားမ်ားမ်ားထြက္မယ့္ေနရာေတြလိုက္ေခၚတာ။ သူတို႔သိ တယ္ ျမန္မာလူမ်ိဳး ဂ်ပန္စာေတာ္တယ္။ အလုပ္ကို ေသခ်ာလုပ္တယ္ဆိုတာသိတယ္။ လက္ေက်ာ မတင္းဘူး တစ္ႏွစ္ မျပည့္ခင္ထြက္တယ္ဆိုတာလည္းသိတယ္။ လုပ္သား ေဈးကြက္သည္ ေပါက္ကုန္ ျဖစ္သြားၿပီ။ အခုေတာ့ အစိုးရေပၚလစီေၾကာင့္ မလာႏိုင္တာျဖစ္တဲ့အတြက္ေၾကာင့္မို႔ ေၾကာက္ေနတာ။ ေရွ႕မွာ ပိုက္ဆံေတြကုန္ ထားတာအမ်ားႀကီးပဲ။ အဲဒီေတာ့ အင္ဒိုနီးရွားေျပာင္းၾကတယ္။ ဂ်ပန္ေတြက ေတာ့ရွင္းပါတယ္။ ဒီလုပ္ငန္းကိုစလုပ္တဲ့အခ်ိန္တည္းက ဂ်ပန္လူမ်ိဳးသည္ ျမန္မာေတြက သူတို႔အေပၚ မွာေက်းဇူးရွိတယ္။ အဲဒါေၾကာင့္ ျမန္မာျပည္ကို ႀကီးပြားတိုးတက္ေအာင္ လုပ္ေပး ခ်င္တယ္။ ၿပီးေတာ့ ျမန္မာလူမ်ိဳးသည္ ဗုဒၶဘာသာမို႔ ဗုဒၶဘာသာတိုင္းျပည္က လူေတြကိုပဲေခၚခ်င္တယ္။ ဖိလစ္ပိုင္တို႔လို ခရစ္ယာန္တိုင္းျပည္ဆိုလည္း အရမ္း ခရစ္ယာန္ဆန္မွာကိုေၾကာက္တယ္။ မြတ္စလင္ဆိုလည္း ဘာသာ ေရးနဲ႔ပတ္သက္ၿပီး ပြဲလုပ္တာေတြမႀကိဳက္ဘူး။ အဲဒီအတြက္ေၾကာင့္ ဗုဒၶဘာသာတိုင္းျပည္ကို ေခၚခ်င္ တာမို႔လို႔ ျမန္မာ၊ လာအို၊ ကေမာၻဒီးယား၊ ထိုင္း မပါဘူး။ သီရိလကၤာ၊ ဘူတန္။ အခုေတာ့ အစၥလာမ္ တိုင္းျပည္ေတြကိုပါ မရတဲ့အဆုံးလိုက္ေခၚေနတာ။ ဒါကေတာ့ စီးပြားေရးအျမင္အရ ၾကည့္မယ္ဆိုရင္ မလာႏိုင္ေတာ့တဲ့ဟာကို ေမွ်ာ္လင့္ခ်က္ထားေနမယ့္အစား ရႏိုင္မယ့္ဟာကေနေခၚလိုက္ေတာ့မယ္ ဆိုတာ မ်ိဳးျဖစ္ႏိုင္တယ္။
(ဆက္လက္ေဖာ္ျပပါမည္)

© 2021. All rights reserved.