တီမော၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အား ကန့်ကွက်ရှုတ်ချ

 96

Pearl (NP News) -ဇန်နဝါရီ ၁၈


မြန်မာနိုင်ငံက တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အား ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာ က ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) အား ဇန်နဝါရီလ ၁၄ ရက်တွင် လက်ခံတွေ့ဆုံ၍ ဒေသတွင်းတရားမျှတမှုနှင့် တာဝန်ခံမှုရှိရေး ဆွေးနွေးခဲ့သည့်သတင်းအား တီမောလက်စ်တေသမ္မတရုံး၏ website တွင် တရားဝင်ထုတ်ပြန်ထားခြင်းကို စိတ်မကောင်းဖွယ်တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။


တီမောအနေဖြင့် ဒီလီမြို့တွင် ပြီးခဲ့သည် ၂၀၂၃ ကကျင်းပခဲ့သော အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားသို့ မြန်မာအစိုးရက မတရားအသင်း ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်း “NUG” မှ ဇင်မာအောင်နှင့်အဖွဲ့အား ဖိတ်ကြားခဲ့ပြီး သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာ က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ တည်ဆဲအစိုးရအပေါ် ဆန့်ကျင်နေသည့် အကြမ်းဖက်အဖွဲ့အစည်းအား ဤကဲ့သို့ ထိတွေ့ဆက်ဆံမှုပြုခြင်းသည် နိုင်ငံတကာ ကျင့်ဝတ် ဖောက်ဖျက်ခြင်းဖြစ်၍ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံအား ၂၀၂၃ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ဆင့်ခေါ်ကာ ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် သံရုံးယာယီတာဝန်ခံကိုလည်း စက်တင်ဘာလ ၁ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံမှ ထွက်ခွာရန် နှင်ထုတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တီမောလက်စ်တေ နိုင်ငံ၏ အာဆီယံအဖွဲ့ဝင် လျှောက်ထားမှုကိုလည်း အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို လိုက်နာခြင်းမရှိ၍ ကန့်ကွက်ကြောင်း အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများအားလုံးထံ စာရေးသား ပေးပို့အကြောင်းကြားခဲ့ကြောင်းလည်း သိရသည်။

အထက်ဖော်ပြပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ တီမောလက်စ်တေ နိုင်ငံခြားရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးက ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပစဉ်ကာလအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် ဦးကျော်ညွန့်ဦးထံ တွေ့ဆုံခွင့်တောင်းခံ၍ တွေ့ဆုံခဲ့စဉ်တွင်လည်းကောင်း၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ စာပေးပို့၍လည်းကောင်း၊ တီမောလက်စ်တေနိုင်ငံခြားရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံစဉ်တွင်လည်းကောင်း တီမောလက်စ်တေနိုင်ငံသည် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုပါကြောင်းနှင့် အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို အပြည့်အဝ လေးစားလိုက်နာမည်ဖြစ်ပါကြောင်း အကြိမ်ကြိမ်ကတိကဝတ် ပြုခဲ့သည့်အတွက် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် လျှောက်ထားမှုကို မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ကန့်ကွက်ခြင်းမပြုတော့ဘဲ အာဆီယံ တူညီဆန္ဒဖြင့် လိုက်ပါဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို ထိုစဉ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှား နိုင်ငံခြားရေးဝန်ကြီးထံသို့ အသိပေးခဲ့ကြောင်း ဖော်ပြထားသည်။


တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်ပါ အခြေခံမူများနှင့်အညီ အခြား နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့် အပြုအမူများ ဆောင်ရွက်မည် မဟုတ်ကြောင်း အကြိမ်ကြိမ်ကတိပြုခဲ့သော်လည်း မြန်မာနိုင်ငံ၏ တည်ဆဲအစိုးရကို တီမော လက်စ်တေ၏ Public Prosecutor’s Office တွင် တရားစွဲဆိုတိုင်ကြားမည့် ချင်းလူ့အခွင့်အရေး အဖွဲ့အား တီမောလက်စ်တေသမ္မတက လက်ခံတွေ့ဆုံ၍ အားပေးအားမြှောက်ပြုခြင်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းပင် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


မြန်မာအစိုးရသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့် တီမောလက်စ် တေနိုင်ငံ၏ အဆိုပါထိတွေ့ဆက်ဆံမှု၏ အကြောင်းအရာ၊ သဘောသဘာဝနှင့် အကျိုးဆက်များ အပေါ် ကန့်ကွက်ပြီး တရားဝင်ဆန့်ကျင်ကြောင်း မှတ်တမ်းတင်သည်။ သတင်းမှားများဖြန့်ဝေပြီး မတည်ငြိမ်မှုများကိုလှုံ့ဆော်ရန် ကြိုးပမ်းကာ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေရန် ဆောင်ရွက်နေသည့် အစိုးရဆန့်ကျင်ရေးအဖွဲ့များနှင့် တီမော လက်စ်တေအစိုးရက တရားဝင်ထိတွေ့ဆက်ဆံခြင်းသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားရန်နှင့် အခြားအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းမှရှောင်ကြဉ်ရန် ပြဋ္ဌာန်းထားသည့် အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ တီမော လက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံအား နေပြည်တော်သို့ ဆင့်ခေါ်၍ တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်ပါ အခြေခံမူများအား ချိုးဖောက်၍ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဖြေရှင်းပြန်ကြားပေးရန် တောင်းဆိုကြောင်း ဖော်ပြသည့် သတိထောက်လွှာအား ပေးအပ်ခဲ့ကြာင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

zawgyi version

တီေမာ၏ အာဆီယံပဋိညာဥ္ႏွင့္ ဆန႔္က်င္သည့္လုပ္ရပ္အား ကန႔္ကြက္ရႈတ္ခ်

Pearl (NP News) -ဇန္နဝါရီ ၁၈


ျမန္မာႏိုင္ငံက တီေမာလက္စ္ေတ၏ အာဆီယံပဋိညာဥ္ႏွင့္ ဆန႔္က်င္သည့္လုပ္ရပ္အား ကန႔္ကြက္ရႈတ္ခ်ေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာနသည္ တီေမာလက္စ္ေတ သမၼတ မစၥတာ ဟိုေဆး ရာမို႔စ္ ေဟာ္တာ က ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ (Chin Human Rights Organization) အား ဇန္နဝါရီလ ၁၄ ရက္တြင္ လက္ခံေတြ႕ဆုံ၍ ေဒသတြင္းတရားမွ်တမႈႏွင့္ တာဝန္ခံမႈရွိေရး ေဆြးေႏြးခဲ့သည့္သတင္းအား တီေမာလက္စ္ေတသမၼတ႐ုံး၏ website တြင္ တရားဝင္ထုတ္ျပန္ထားျခင္းကို စိတ္မေကာင္းဖြယ္ေတြ႕ရွိခဲ့သည္ဟု ထုတ္ျပန္ထားသည္။


တီေမာအေနျဖင့္ ဒီလီၿမိဳ႕တြင္ ၿပီးခဲ့သည္ ၂၀၂၃ ကက်င္းပခဲ့ေသာ အစိုးရအဖြဲ႕ က်မ္းသစၥာက်ိန္ဆိုသည့္ အခမ္းအနားသို႔ ျမန္မာအစိုးရက မတရားအသင္း ေၾကညာထားေသာ အၾကမ္းဖက္အဖြဲ႕အစည္း “NUG” မွ ဇင္မာေအာင္ႏွင့္အဖြဲ႕အား ဖိတ္ၾကားခဲ့ၿပီး သမၼတ မစၥတာ ဟိုေဆး ရာမို႔စ္ ေဟာ္တာ က လက္ခံေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံတစ္ႏိုင္ငံ၏ တည္ဆဲအစိုးရအေပၚ ဆန႔္က်င္ေနသည့္ အၾကမ္းဖက္အဖြဲ႕အစည္းအား ဤကဲ့သို႔ ထိေတြ႕ဆက္ဆံမႈျပဳျခင္းသည္ ႏိုင္ငံတကာ က်င့္ဝတ္ ေဖာက္ဖ်က္ျခင္းျဖစ္၍ တီေမာလက္စ္ေတ သံ႐ုံးယာယီတာဝန္ခံအား ၂၀၂၃ခုႏွစ္ ဇူလိုင္လ ၅ ရက္တြင္ ဆင့္ေခၚကာ ကန႔္ကြက္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ သံ႐ုံးယာယီတာဝန္ခံကိုလည္း စက္တင္ဘာလ ၁ ရက္ ေနာက္ဆုံးထား၍ ျမန္မာႏိုင္ငံမွ ထြက္ခြာရန္ ႏွင္ထုတ္ခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ တီေမာလက္စ္ေတ ႏိုင္ငံ၏ အာဆီယံအဖြဲ႕ဝင္ ေလွ်ာက္ထားမႈကိုလည္း အာဆီယံပဋိညာဥ္ပါ အေျခခံမူမ်ားကို လိုက္နာျခင္းမရွိ၍ ကန႔္ကြက္ေၾကာင္း အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအားလုံးထံ စာေရးသား ေပးပို႔အေၾကာင္းၾကားခဲ့ေၾကာင္းလည္း သိရသည္။

အထက္ေဖာ္ျပပါကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ တီေမာလက္စ္ေတ ႏိုင္ငံျခားေရးႏွင့္ပူးေပါင္း ေဆာင္႐ြက္ေရးဝန္ႀကီးက ၅၈ ႀကိမ္ေျမာက္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝး က်င္းပစဥ္ကာလအတြင္း ျမန္မာကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္ၫြန႔္ဦးထံ ေတြ႕ဆုံခြင့္ေတာင္းခံ၍ ေတြ႕ဆုံခဲ့စဥ္တြင္လည္းေကာင္း၊ ျမန္မာႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးထံသို႔ စာေပးပို႔၍လည္းေကာင္း၊ တီေမာလက္စ္ေတႏိုင္ငံျခားေရးႏွင့္ ပူးေပါင္း ေဆာင္႐ြက္ေရးဝန္ႀကီး ျမန္မာႏိုင္ငံသို႔ လာေရာက္သည့္ ခရီးစဥ္အတြင္း ျမန္မာ ႏိုင္ငံျခားေရး ဝန္ႀကီးႏွင့္ ေတြ႕ဆုံစဥ္တြင္လည္းေကာင္း တီေမာလက္စ္ေတႏိုင္ငံသည္ အျခားႏိုင္ငံ၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္မႈမျပဳပါေၾကာင္းႏွင့္ အာဆီယံပဋိညာဥ္ပါ အေျခခံမူမ်ားကို အျပည့္အဝ ေလးစားလိုက္နာမည္ျဖစ္ပါေၾကာင္း အႀကိမ္ႀကိမ္ကတိကဝတ္ ျပဳခဲ့သည့္အတြက္ တီေမာလက္စ္ေတႏိုင္ငံ၏ အာဆီယံအဖြဲ႕ဝင္အျဖစ္ ဝင္ေရာက္ရန္ ေလွ်ာက္ထားမႈကို ျမန္မာႏိုင္ငံအေနျဖင့္ ဆက္လက္ကန႔္ကြက္ျခင္းမျပဳေတာ့ဘဲ အာဆီယံ တူညီဆႏၵျဖင့္ လိုက္ပါေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္းကို ထိုစဥ္က အာဆီယံအလွည့္က်ဥကၠ႒ မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးထံသို႔ အသိေပးခဲ့ေၾကာင္း ေဖာ္ျပထားသည္။


တီေမာလက္စ္ေတႏိုင္ငံအေနျဖင့္ အာဆီယံပဋိညာဥ္ပါ အေျခခံမူမ်ားႏွင့္အညီ အျခား ႏိုင္ငံ၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ရာေရာက္သည့္ အျပဳအမူမ်ား ေဆာင္႐ြက္မည္ မဟုတ္ေၾကာင္း အႀကိမ္ႀကိမ္ကတိျပဳခဲ့ေသာ္လည္း ျမန္မာႏိုင္ငံ၏ တည္ဆဲအစိုးရကို တီေမာ လက္စ္ေတ၏ Public Prosecutor’s Office တြင္ တရားစြဲဆိုတိုင္ၾကားမည့္ ခ်င္းလူ႔အခြင့္အေရး အဖြဲ႕အား တီေမာလက္စ္ေတသမၼတက လက္ခံေတြ႕ဆုံ၍ အားေပးအားေျမႇာက္ျပဳျခင္းသည္ ျမန္မာႏိုင္ငံ၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ျခင္းပင္ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။


ျမန္မာအစိုးရသည္ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ရာေရာက္သည့္ တီေမာလက္စ္ ေတႏိုင္ငံ၏ အဆိုပါထိေတြ႕ဆက္ဆံမႈ၏ အေၾကာင္းအရာ၊ သေဘာသဘာဝႏွင့္ အက်ိဳးဆက္မ်ား အေပၚ ကန႔္ကြက္ၿပီး တရားဝင္ဆန႔္က်င္ေၾကာင္း မွတ္တမ္းတင္သည္။ သတင္းမွားမ်ားျဖန႔္ေဝၿပီး မတည္ၿငိမ္မႈမ်ားကိုလႈံ႕ေဆာ္ရန္ ႀကိဳးပမ္းကာ ျမန္မာႏိုင္ငံ၏ တည္ၿငိမ္ေအးခ်မ္းေရးကို ရည္႐ြယ္ခ်က္ရွိရွိ ထိခိုက္ေစရန္ ေဆာင္႐ြက္ေနသည့္ အစိုးရဆန႔္က်င္ေရးအဖြဲ႕မ်ားႏွင့္ တီေမာ လက္စ္ေတအစိုးရက တရားဝင္ထိေတြ႕ဆက္ဆံျခင္းသည္ အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ အခ်ဳပ္အျခာအာဏာကို ေလးစားရန္ႏွင့္ အျခားအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ျပည္တြင္းေရးကို ဝင္ေရာက္ စြက္ဖက္ျခင္းမွေရွာင္ၾကဥ္ရန္ ျပ႒ာန္းထားသည့္ အာဆီယံပဋိညာဥ္ပါ အေျခခံမူမ်ားကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ျခင္းျဖစ္ေၾကာင္းလည္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုသည္။

အဆိုပါကိစၥႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံျခားေရးဝန္ႀကီးဌာနအေနျဖင့္ ျမန္မာႏိုင္ငံဆိုင္ရာ တီေမာ လက္စ္ေတသံ႐ုံးမွ သံ႐ုံးယာယီတာဝန္ခံအား ေနျပည္ေတာ္သို႔ ဆင့္ေခၚ၍ တီေမာလက္စ္ေတ၏ အာဆီယံပဋိညာဥ္ပါ အေျခခံမူမ်ားအား ခ်ိဳးေဖာက္၍ အျခားႏိုင္ငံ၏ ျပည္တြင္းေရးကို စြက္ဖက္မႈအေပၚ ကန႔္ကြက္ရႈတ္ခ်ေၾကာင္းႏွင့္ ေျဖရွင္းျပန္ၾကားေပးရန္ ေတာင္းဆိုေၾကာင္း ေဖာ္ျပသည့္ သတိေထာက္လႊာအား ေပးအပ္ခဲ့ၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အသိေပး ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.