YMBA အသင်းကြီးအနေဖြင့် နိုင်ငံတော်ကိုယ်စား ICJ သို့ သွားရောက် ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့ ၏ ကြိုးပမ်းဆောင် ရွက်မှုများကို ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်

141

သန့်ဇင်(NP News)-ဇန်နဝါရီ ၂၂
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းကြီးအနေဖြင့် နိုင်ငံတော်ကိုယ်စား ICJ သို့ သွားရောက် ဖြေရှင်းနေသော မြန်မာကိုယ် စားလှယ်အဖွဲ့ ၏ ကြိုးပမ်းဆောင် ရွက်မှုများကို ကြိုဆိုထောက်ခံကြောင်း ယမန်နေ့( ဇန်နဝါရီ ၂၁ရက်) တွင် သဘောထားထုတ်ပြန် ထားကြောင်း သိရသည်။
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် ဥပဒေရေးရာဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ (၁၂) ရက်မှ (၂၉)ရက်အထိ နယ်သာလန် နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ သို့ သွားရောက်၍ ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက် များအား ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထို့လုပ်ရပ်သည် မိမိတို့မြန်မာနိုင်ငံ၏ တာဝန်ယူမှုနှင့် ဂုဏ်သိက္ခာ ရှိသော လုပ်ရပ်တို့ကို ဖော်ညွှန်းပြသလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA အသင်းကြီးအနေဖြင့် မိမိတို့နိုင်ငံတော်အပေါ်မတရားစွပ်စွဲ လုပ်ဆောင်မှုများကို တရား ဥပဒေအပေါ် ယုံကြည်မှုအခြေခံ၍ ပြတ်ပြတ်သားသား ရင်ဆိုင်ဖြေရှင်းနေခြင်း ကို အပြည့်အဝကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ ဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ ပကတိဖြစ်စဉ် အမှန်များကို ပုံဖော်ပြသနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ အထင်အမြင်လွဲမှားစေရန်နှင့် မတရားစွပ်စွဲမှုများဖြစ်လာစေရန် လုပ်ဆောင်နေကြခြင်းကို နိုင်ငံတကာမှ သိရှိနားလည်သွားစေရန် နှင့် ယုံကြည်မှုရှိလာစေရေးအတွက်လည်း အရေးပါသောအချက်တစ်ခုဖြစ် ယုံကြည်ကြောင်းလည်း YMBAက ထုတ်ပြန်ထားသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA အသင်းကြီးအနေဖြင့် နိုင်ငံတော်၏ ကိုယ်စား ICJ သို့ သွားရောက်၍ မြန်မာနိုင်ငံ ၏ဂုဏ်သိက္ခာတရား၊ အချုပ်အခြာအာဏာ၊ အကျိုးစီးပွားနှင့်သက်ဆိုင် သောကိစ္စရပ်များအတွက် အမှန်တရားကို ရင်ဆိုင်ဖြေရှင်း နေသော မြန်မာကိုယ်စားလှယ်အဖွဲ့ ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အလေးအနက် ကြိုဆိုထောက်ခံ ဂုဏ်ပြုမှတ်တမ်း တင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA အသင်းကြီးအနေဖြင့် နိုင်ငံတော်၏ မူဝါဒသဘော ထားများနှင့် တစ်သားတည်း ရပ်တည်လျက်ရှိကြောင်းလည်း သဘောထားထုတ်ပြန်ထားကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ MSME Cluster ဖိနပ်လုပ်ငန်းရှင်များ ဗဟိုအဖွဲ့ချုပ်၊ NDNF ထာဝရငြိမ်းချမ်းရေးကွန်ယက်/ အထက် မြန်မာပြည် သာသနာပြုအဖွဲ့ချုပ် ငြိမ်းချမ်းရေးကရုဏာနှလုံးသား ပရဟိတဖောင်ဒေးရှင်း (ICJ)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ ကျားဖြူပါတီ၊ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) စသည်ဖြင့် အဖွဲ့အစည်း၊ ပါတီအချို့ကလည်း သဘောထားထုတ်ပြန်ထားကြောင်း သိရသည်။
ထို့ပြင် လာမည့် ဇန်နဝါရီ ၂၇ ရက်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် မြန်မာအရေးသွားရောက် ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံပွဲ နှင့် ဂမ်ဘီယာနိုင်ငံကို ရှုံ့ချပွဲပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
YMBA အသင္းႀကီးအေနျဖင့္ ႏိုင္ငံေတာ္ကိုယ္စား ICJ သို႔ သြားေရာက္ ေျဖရွင္းေနေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕ ၏ ႀကိဳးပမ္းေဆာင္ ႐ြက္မႈမ်ားကို ႀကိဳဆိုေထာက္ခံေၾကာင္း သေဘာထားထုတ္ျပန္
သန႔္ဇင္(NP News)-ဇန္နဝါရီ ၂၂
ဗုဒၶဘာသာကလ်ာဏယုဝအသင္း (YMBA) အသင္းႀကီးအေနျဖင့္ ႏိုင္ငံေတာ္ကိုယ္စား ICJ သို႔ သြားေရာက္ ေျဖရွင္းေနေသာ ျမန္မာကိုယ္ စားလွယ္အဖြဲ႕ ၏ ႀကိဳးပမ္းေဆာင္ ႐ြက္မႈမ်ားကို ႀကိဳဆိုေထာက္ခံေၾကာင္း ယမန္ေန႔( ဇန္နဝါရီ ၂၁ရက္) တြင္ သေဘာထားထုတ္ျပန္ ထားေၾကာင္း သိရသည္။
ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ ႏွင့္ ဥပေဒေရးရာဝန္ႀကီးႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာ သီတာဦးတို႔ ဦးေဆာင္သည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ ဇန္နဝါရီလ (၁၂) ရက္မွ (၂၉)ရက္အထိ နယ္သာလန္ ႏိုင္ငံ သည္ဟိတ္ဂ္ၿမိဳ႕ရွိ အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ သို႔ သြားေရာက္၍ ဂမ္ဘီယာႏိုင္ငံ၏ စြပ္စြဲခ်က္ မ်ားအား ဥပေဒႏွင့္အညီ ေျဖရွင္းေဆာင္႐ြက္လ်က္ ရွိေၾကာင္း သိရသည္။
ထို႔လုပ္ရပ္သည္ မိမိတို႔ျမန္မာႏိုင္ငံ၏ တာဝန္ယူမႈႏွင့္ ဂုဏ္သိကၡာ ရွိေသာ လုပ္ရပ္တို႔ကို ေဖာ္ၫႊန္းျပသလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ဗုဒၶဘာသာကလ်ာဏယုဝအသင္း YMBA အသင္းႀကီးအေနျဖင့္ မိမိတို႔ႏိုင္ငံေတာ္အေပၚမတရားစြပ္စြဲ လုပ္ေဆာင္မႈမ်ားကို တရား ဥပေဒအေပၚ ယုံၾကည္မႈအေျခခံ၍ ျပတ္ျပတ္သားသား ရင္ဆိုင္ေျဖရွင္းေနျခင္း ကို အျပည့္အဝႀကိဳဆိုေထာက္ခံေၾကာင္း ထုတ္ျပန္ထားသည္။
ထိုသို႔ ေဆာင္႐ြက္မႈသည္ ျမန္မာႏိုင္ငံ၏ ပကတိျဖစ္စဥ္ အမွန္မ်ားကို ပုံေဖာ္ျပသေနျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံတကာမွ အထင္အျမင္လြဲမွားေစရန္ႏွင့္ မတရားစြပ္စြဲမႈမ်ားျဖစ္လာေစရန္ လုပ္ေဆာင္ေနၾကျခင္းကို ႏိုင္ငံတကာမွ သိရွိနားလည္သြားေစရန္ ႏွင့္ ယုံၾကည္မႈရွိလာေစေရးအတြက္လည္း အေရးပါေသာအခ်က္တစ္ခုျဖစ္ ယုံၾကည္ေၾကာင္းလည္း YMBAက ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ဗုဒၶဘာသာကလ်ာဏယုဝအသင္း YMBA အသင္းႀကီးအေနျဖင့္ ႏိုင္ငံေတာ္၏ ကိုယ္စား ICJ သို႔ သြားေရာက္၍ ျမန္မာႏိုင္ငံ ၏ဂုဏ္သိကၡာတရား၊ အခ်ဳပ္အျခာအာဏာ၊ အက်ိဳးစီးပြားႏွင့္သက္ဆိုင္ ေသာကိစၥရပ္မ်ားအတြက္ အမွန္တရားကို ရင္ဆိုင္ေျဖရွင္း ေနေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕ ၏ ႀကိဳးပမ္းေဆာင္႐ြက္မႈမ်ားကို အေလးအနက္ ႀကိဳဆိုေထာက္ခံ ဂုဏ္ျပဳမွတ္တမ္း တင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ ဗုဒၶဘာသာကလ်ာဏယုဝအသင္း YMBA အသင္းႀကီးအေနျဖင့္ ႏိုင္ငံေတာ္၏ မူဝါဒသေဘာ ထားမ်ားႏွင့္ တစ္သားတည္း ရပ္တည္လ်က္ရွိေၾကာင္းလည္း သေဘာထားထုတ္ျပန္ထားေၾကာင္း ထုတ္ျပန္ခ်က္တြင္ေရးသားထားသည္။
အလားတူ ျမန္မာႏိုင္ငံလုံးဆိုင္ရာ MSME Cluster ဖိနပ္လုပ္ငန္းရွင္မ်ား ဗဟိုအဖြဲ႕ခ်ဳပ္၊ NDNF ထာဝရၿငိမ္းခ်မ္းေရးကြန္ယက္/ အထက္ ျမန္မာျပည္ သာသနာျပဳအဖြဲ႕ခ်ဳပ္ ၿငိမ္းခ်မ္းေရးက႐ုဏာႏွလုံးသား ပရဟိတေဖာင္ေဒးရွင္း (ICJ)၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီ၊ က်ားျဖဴပါတီ၊ ညီၫြတ္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ၊ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး၊ ျမန္မာ ႏိုင္ငံ သတင္းမီဒီယာေကာင္စီ၊ ျမန္မာ့ပုံရိပ္ေဖာ္ၫႊန္းေရးအဖြဲ႕ (Myanmar Narrative Think Tank) ႏွင့္ ဘာသာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕(ဗဟို) စသည္ျဖင့္ အဖြဲ႕အစည္း၊ ပါတီအခ်ိဳ႕ကလည္း သေဘာထားထုတ္ျပန္ထားေၾကာင္း သိရသည္။
ထို႔ျပင္ လာမည့္ ဇန္နဝါရီ ၂၇ ရက္တြင္ ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕တို႔၌ အျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ)တြင္ ျမန္မာအေရးသြားေရာက္ ေျဖရွင္းေနေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕အား ေထာက္ခံပြဲ ႏွင့္ ဂမ္ဘီယာႏိုင္ငံကို ရႈံ႕ခ်ပြဲျပဳလုပ္မည္ျဖစ္ေၾကာင္းလည္း သိရသည္။