ရေနံစိမ်းတန်ချိန် နှစ်သန်း ချက်လုပ်နိုင်သည့် သံပရာကန်ရေနံချက်စက်ရုံစီမံကိန်းကို တရုတ်နှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေ

 426

စော(NP News)- ဇန်နဝါရီ ၂၂
ရေနံစိမ်းတန်ချိန် နှစ်သန်း ချက်လုပ်နိုင်သည့် သံပရာကန်ရေနံချက်စက်ရုံစီမံကိန်းကို တရုတ်နှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ရေနံချက်စက်ရုံ (သန်လျင်)၌ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများကို ယမန်နေ့ (ဇန်နဝါရီ ၂၁ရက်)က သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။
ရေနံချက်စက်ရုံ (သန်လျင်) တွင် ရေနံချက်လုပ်ရာမှ ဘေးထွက်ပစ္စည်းအဖြစ် ထွက်ရှိလာမည့် ကာဗွန်ဒိုင် အောက်ဆိုဒ်များကို ဖမ်းယူ၍ ရေခဲခြောက်များ (Dry Ice) ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ခြင်းဖြင့် Dry Ice တင်သွင်းနေရသည့် နိုင်ငံခြားငွေများ သက်သာသွားမည်ဖြစ်ရာ လိုအပ်သည့် စက်ကိရိယာများ ဖြည့်ဆည်းတပ်ဆင်သွားမည်ဖြစ်ကြောင်းလည်း စစ်ဆေးစဉ် ပြောကြားသည်။
တစ်နှစ်လျှင် တန်ချိန် (၅) သိန်း ချက်လုပ်နိုင်မည့် ရေနံချက် စက်ရုံကြီး အဖြစ် ရေနံချက်စက်ရုံ (သန်လျင်) ကို တည်ဆောက်နေခြင်း ဖြစ်ကာ ယခု စီမံကိန်း ပြီးစီးပါက စီမံကိန်းအပိုင်း(၂) အဖြစ် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၃ သန်း ချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံအဖြစ် ၂၀၂၈ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားနိုင်ရန် အစီအမံများ ချမှတ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
ထို့ပြင် တရုတ်-မြန်မာရေနံစိမ်း ပိုက်လိုင်းမှ ရေနံစိမ်းရယူ၍ ရေနံစိမ်းတန်ချိန် နှစ်သန်း ချက်လုပ်နိုင်သည့် သံပရာကန်ရေနံချက်စက်ရုံစီမံကိန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံပိုင်စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင် အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ စီမံကိန်းများ ဆောင်ရွက်ပြီးစီးပါက ပြည်တွင်း၌ စက်မောင်းဆီ လိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက အသိပေး ပြောကြားသည်။

Zawgyi Version:
ေရနံစိမ္းတန္ခ်ိန္ ႏွစ္သန္း ခ်က္လုပ္ႏိုင္သည့္ သံပရာကန္ေရနံခ်က္စက္႐ုံစီမံကိန္းကို တ႐ုတ္ႏွင့္ပူးေပါင္း၍ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေန
ေစာ(NP News)- ဇန္နဝါရီ ၂၂
ေရနံစိမ္းတန္ခ်ိန္ ႏွစ္သန္း ခ်က္လုပ္ႏိုင္သည့္ သံပရာကန္ေရနံခ်က္စက္႐ုံစီမံကိန္းကို တ႐ုတ္ႏွင့္ပူးေပါင္း၍ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္က ေရနံခ်က္စက္႐ုံ (သန္လ်င္)၌ ေဆာင္႐ြက္လ်က္ရွိသည့္ စီမံကိန္းလုပ္ငန္းမ်ားကို ယမန္ေန႔ (ဇန္နဝါရီ ၂၁ရက္)က သြားေရာက္ၾကည့္ရႈစစ္ေဆးစဥ္ ေျပာၾကားခဲ့သည္။
ေရနံခ်က္စက္႐ုံ (သန္လ်င္) တြင္ ေရနံခ်က္လုပ္ရာမွ ေဘးထြက္ပစၥည္းအျဖစ္ ထြက္ရွိလာမည့္ ကာဗြန္ဒိုင္ ေအာက္ဆိုဒ္မ်ားကို ဖမ္းယူ၍ ေရခဲေျခာက္မ်ား (Dry Ice) ထုတ္လုပ္ႏိုင္ရန္ စီမံေဆာင္႐ြက္ျခင္းျဖင့္ Dry Ice တင္သြင္းေနရသည့္ ႏိုင္ငံျခားေငြမ်ား သက္သာသြားမည္ျဖစ္ရာ လိုအပ္သည့္ စက္ကိရိယာမ်ား ျဖည့္ဆည္းတပ္ဆင္သြားမည္ျဖစ္ေၾကာင္းလည္း စစ္ေဆးစဥ္ ေျပာၾကားသည္။
တစ္ႏွစ္လွ်င္ တန္ခ်ိန္ (၅) သိန္း ခ်က္လုပ္ႏိုင္မည့္ ေရနံခ်က္ စက္႐ုံႀကီး အျဖစ္ ေရနံခ်က္စက္႐ုံ (သန္လ်င္) ကို တည္ေဆာက္ေနျခင္း ျဖစ္ကာ ယခု စီမံကိန္း ၿပီးစီးပါက စီမံကိန္းအပိုင္း(၂) အျဖစ္ တစ္ႏွစ္လွ်င္ ေရနံစိမ္းတန္ခ်ိန္ ၃ သန္း ခ်က္လုပ္ႏိုင္သည့္ ေရနံခ်က္စက္႐ုံအျဖစ္ ၂၀၂၈ ခုႏွစ္အတြင္း အၿပီးတည္ေဆာက္သြားႏိုင္ရန္ အစီအမံမ်ား ခ်မွတ္ေဆာင္႐ြက္ေနျခင္း ျဖစ္သည္။
ထို႔ျပင္ တ႐ုတ္-ျမန္မာေရနံစိမ္း ပိုက္လိုင္းမွ ေရနံစိမ္းရယူ၍ ေရနံစိမ္းတန္ခ်ိန္ ႏွစ္သန္း ခ်က္လုပ္ႏိုင္သည့္ သံပရာကန္ေရနံခ်က္စက္႐ုံစီမံကိန္းအား တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ႏိုင္ငံပိုင္စြမ္းအင္ဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း၍ အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း၊ စီမံကိန္းမ်ား ေဆာင္႐ြက္ၿပီးစီးပါက ျပည္တြင္း၌ စက္ေမာင္းဆီ လိုအပ္ခ်က္ကို လုံေလာက္စြာ ျဖည့္ဆည္းေပးႏိုင္မည္ ျဖစ္ေၾကာင္း ျပည္ေထာင္စု ဝန္ႀကီးက အသိေပး ေျပာၾကားသည္။

Related news

© 2021. All rights reserved.