မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ လုံးဝသည်းခံမည်မဟုတ်ဟုဆို

381

Pearl (NP News) - ဇန်နဝါရီ ၂၄
မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ လုံးဝသည်းခံမည်မဟုတ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံး သိမ်းဆည်းရမိမှုနှင့် ပတ်သက်သည့် ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲကို ယနေ့ (ဇန်နဝါရီ ၂၄ရက်) နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ အနီးစခန်း၌ ပြုလုပ်စဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံအစိုးရ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအပေါ် မူဝါဒ (၅) ရပ်ချမှတ်ထားပြီး အဆိုပါ မူဝါဒ (၅)ရပ်အရ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်၍ မဖြစ်မနေအောင်ရမည်ဖြစ်ကြောင်း နှင့် လုံးဝ သည်းခံမည်မဟုတ်ကြောင်းကို ပြောသည်။
ထို့ပြင် မူးယစ်ဆေးဝါးအပေါ် အလုံးစုံစစ်ပွဲ ဆင်နွှဲမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးအကြမ်းဖက်မှုအဖြစ်သတ်မှတ်ချေမှုန်းမည်ဖြစ်ကြောင်း နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပိုမိုတက်ကြွစွာပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းလည်း အဆိုပါ မူဝါဒတွင် ဖော်ပြထားသည်။
လုံခြုံရေးအဖွဲ့ဝင်များက ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့က ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ မူး ယစ်ဆေးဝါးများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားရာတွင် အသုံးပြုသည့်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်တွင် ပထမအကြိမ် လိုက်လံရှင်းလင်းပြသခဲ့သည့် နေရာသုံးခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ် နှင့် မိုင်းရယ်မြို့နယ်တို့အတွင်း ဖော်ထုတ် ရှင်းလင်းခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့မှ ဇန်နဝါရီ ၂၂ ရက်နေ့အထိအဆိုပါဒေသအတွင်း မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာ ၁၃ နေရာနှင့် အွန်လိုင်း လိမ်လည်လောင်းကစားမှု ပြုလုပ်သည့်နေရာဟု ယူဆရသည့်နေရာ ၂ နေရာတို့ကို ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ကာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်း အမြောက်အများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ပြီး အဆိုပါ မူးယစ် ဆေးဝါးချက်လုပ်သည့် နေရာများအနီး တစ်ဝိုက်တွင် SSA အဖွဲ့၏ ကာကင်းစခန်း ၁ ခုနှင့် အခိုင်အမာတည်ဆောက်ထားသည့် စခန်းနေရာ ၁ ခုတို့ကို တွေ့ရှိသိမ်းဆည်းနိုင်ခဲ့သည်။

Zawgyi version:
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၄
မူးယစ္ေဆးဝါးႏွင့္ပတ္သက္၍ လုံးဝသည္းခံမည္မဟုတ္ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
မူးယစ္ေဆးဝါးမ်ားႏွင့္ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ပစၥည္းမ်ား ပမာဏအမ်ားဆုံး သိမ္းဆည္းရမိမႈႏွင့္ ပတ္သက္သည့္ ဒုတိယအႀကိမ္သတင္းစာရွင္းလင္းပြဲကို ယေန႔ (ဇန္နဝါရီ ၂၄ရက္) နံနက္ပိုင္းတြင္ ျပင္ဦးလြင္ၿမိဳ႕၊ အနီးစခန္း၌ ျပဳလုပ္စဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါ သတင္းစာရွင္းလင္းပြဲ၌ ျမန္မာႏိုင္ငံအစိုးရ၏ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးအေပၚ မူဝါဒ (၅) ရပ္ခ်မွတ္ထားၿပီး အဆိုပါ မူဝါဒ (၅)ရပ္အရ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးႏွင့္ပတ္သက္၍ မျဖစ္မေနေအာင္ရမည္ျဖစ္ေၾကာင္း ႏွင့္ လုံးဝ သည္းခံမည္မဟုတ္ေၾကာင္းကို ေျပာသည္။
ထို႔ျပင္ မူးယစ္ေဆးဝါးအေပၚ အလုံးစုံစစ္ပြဲ ဆင္ႏႊဲမည္ျဖစ္ေၾကာင္း၊ မူးယစ္ေဆးဝါးအၾကမ္းဖက္မႈအျဖစ္သတ္မွတ္ေခ်မႈန္းမည္ျဖစ္ေၾကာင္း ႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ ပိုမိုတက္ႂကြစြာပူးေပါင္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္းလည္း အဆိုပါ မူဝါဒတြင္ ေဖာ္ျပထားသည္။
လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ၿပီးခဲ့သည့္ ဇန္နဝါရီ ၉ ရက္၊ ၁၀ ရက္ႏွင့္ ၁၁ ရက္တို႔က ရွမ္းျပည္နယ္၊ သီေပါၿမိဳ႕နယ္ႏွင့္ မိုင္းရယ္ၿမိဳ႕နယ္တို႔အတြင္းမွ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ား၊ မူး ယစ္ေဆးဝါးမ်ားႏွင့္ အြန္လိုင္းလိမ္လည္ေလာင္းကစားရာတြင္ အသုံးျပဳသည့္ပစၥည္းမ်ားအား သိမ္းဆည္းရမိခဲ့ၿပီး ဇန္နဝါရီ ၁၄ ရက္တြင္ ပထမအႀကိမ္ လိုက္လံရွင္းလင္းျပသခဲ့သည့္ ေနရာသုံးခုကိုလည္း မီးရႈိ႕ဖ်က္ဆီးခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သီေပါၿမိဳ႕နယ္ ႏွင့္ မိုင္းရယ္ၿမိဳ႕နယ္တို႔အတြင္း ေဖာ္ထုတ္ ရွင္းလင္းခဲ့ရာ ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီ ၉ ရက္ေန႔မွ ဇန္နဝါရီ ၂၂ ရက္ေန႔အထိအဆိုပါေဒသအတြင္း မူးယစ္ေဆးဝါးခ်က္လုပ္သည့္ ေနရာ ၁၃ ေနရာႏွင့္ အြန္လိုင္း လိမ္လည္ေလာင္းကစားမႈ ျပဳလုပ္သည့္ေနရာဟု ယူဆရသည့္ေနရာ ၂ ေနရာတို႔ကို ေဖာ္ထုတ္ရွင္းလင္းႏိုင္ခဲ့ကာ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ ပစၥည္း အေျမာက္အမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ားကို သိမ္းဆည္းႏိုင္ခဲ့ၿပီး အဆိုပါ မူးယစ္ ေဆးဝါးခ်က္လုပ္သည့္ ေနရာမ်ားအနီး တစ္ဝိုက္တြင္ SSA အဖြဲ႕၏ ကာကင္းစခန္း ၁ ခုႏွင့္ အခိုင္အမာတည္ေဆာက္ထားသည့္ စခန္းေနရာ ၁ ခုတို႔ကို ေတြ႕ရွိသိမ္းဆည္းႏိုင္ခဲ့သည္။