မန္တလေးတိုင်းဒေသကြီးပြည်သူ့ပါတီ အလုပ်အမှုဆောင်ဒေါ်လွင်လွင်မာ ပါတီမှ နုတ်ထွက်

117

Pearl (NP News ) - ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီးပြည်သူ့ပါတီ အလုပ်အမှုဆောင်ဒေါ်လွင်လွင်မာ ပြည်သူ့ပါတီမှ နုတ်ထွက်လိုက်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ပြည်သူ့ပါတီ အလုပ်အမှုဆောင်ဖြစ်မှလည်းကောင်း ၊ အမရပူရမြို့နယ် ပြည်သူ့ပါတီအတွင်းရေးမှူး အဖြစ်မှလည်းကောင်း ၊ ပြည်သူ့ပါတီဝင်အဖြစ်မှလည်းကောင်း ပြည်သူ့ ပါတီမှ နုတ်ထွက်ကြောင်း ဒေါ်လွင်လွင်မာက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေထားသည်။
ပြည်သူ့ပါတီ၏ တာဝန်များကို ဆက်လက်ထမ်းဆောင်နိုင်ခြင်း မရှိတော့သဖြင့် မိမိဆန္ဒသဘောဖြင့် ပြည်သူ့ပါတီမှ နုတ်ထွက်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“၂၃ ရက် ၁ လ ၂၀၂၆ မှ စ၍ ပြည်သူ့ပါတီဝင်အဖြစ်မှ တရားဝင်ထွက်စာတင်ပါသည်။မိသားစု စား၊ဝတ်၊နေရေးအတွက် အလုပ်တွေက ပါတီနိုင်ငံရေး ကင်းရှင်းမှ အဆင်ပြေမှာမို့ပါ။ ကိုယ့်ကြောင့်လည်း ပါတီ ထိခိုက်မှာ မလိုလားတာကြောင့်ဖြစ်ပါသည်။ ပါတီနှင့်ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာ အနည်းငယ်မျှပင် မရှိပါ” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
ပြည်သူ့ပါတီသည် ဦးကိုကိုကြီးက ဦးဆောင်သည့် ပါတီ ဖြစ်ပြီး ယခုကျင်းပနေသည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ပါတီဖြစ်သည်။

Zawgyi Version;
မႏၲေလးတိုင္းေဒသႀကီးျပည္သူ႔ပါတီ အလုပ္အမႈေဆာင္ေဒၚလြင္လြင္မာ ပါတီမွ ႏုတ္ထြက္
Pearl (NP News ) - ဇန္နဝါရီ ၂၃
မႏၲေလးတိုင္းေဒသႀကီးျပည္သူ႔ပါတီ အလုပ္အမႈေဆာင္ေဒၚလြင္လြင္မာ ျပည္သူ႔ပါတီမွ ႏုတ္ထြက္လိုက္ေၾကာင္း သိရသည္။
မႏၲေလးတိုင္းေဒသႀကီး ျပည္သူ႔ပါတီ အလုပ္အမႈေဆာင္ျဖစ္မွလည္းေကာင္း ၊ အမရပူရၿမိဳ႕နယ္ ျပည္သူ႔ပါတီအတြင္းေရးမႉး အျဖစ္မွလည္းေကာင္း ၊ ျပည္သူ႔ပါတီဝင္အျဖစ္မွလည္းေကာင္း ျပည္သူ႔ ပါတီမွ ႏုတ္ထြက္ေၾကာင္း ေဒၚလြင္လြင္မာက ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားျဖန႔္ေဝထားသည္။
ျပည္သူ႔ပါတီ၏ တာဝန္မ်ားကို ဆက္လက္ထမ္းေဆာင္ႏိုင္ျခင္း မရွိေတာ့သျဖင့္ မိမိဆႏၵသေဘာျဖင့္ ျပည္သူ႔ပါတီမွ ႏုတ္ထြက္ျခင္းျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။
“၂၃ ရက္ ၁ လ ၂၀၂၆ မွ စ၍ ျပည္သူ႔ပါတီဝင္အျဖစ္မွ တရားဝင္ထြက္စာတင္ပါသည္။မိသားစု စား၊ဝတ္၊ေနေရးအတြက္ အလုပ္ေတြက ပါတီႏိုင္ငံေရး ကင္းရွင္းမွ အဆင္ေျပမွာမို႔ပါ။ ကိုယ့္ေၾကာင့္လည္း ပါတီ ထိခိုက္မွာ မလိုလားတာေၾကာင့္ျဖစ္ပါသည္။ ပါတီႏွင့္ပတ္သက္ၿပီး ျပႆနာတစ္စုံတစ္ရာ အနည္းငယ္မွ်ပင္ မရွိပါ” ဟု ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားေဖာ္ျပထားသည္။
ျပည္သူ႔ပါတီသည္ ဦးကိုကိုႀကီးက ဦးေဆာင္သည့္ ပါတီ ျဖစ္ၿပီး ယခုက်င္းပေနသည့္ေ႐ြးေကာက္ပြဲတြင္ ျပည္ေထာင္စုအဆင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ေနသည့္ ပါတီျဖစ္သည္။