မြန်မာ - အိန္ဒိယကြား လယ်ယာကဏ္ဍဆိုင်ရာကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေး

78

Pearl (NP News) - ဇန်နဝါရီ ၂၄
မြန်မာ - အိန္ဒိယကြား လယ်ယာကဏ္ဍဆိုင်ရာ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် အိန္ဒိယနိုင်ငံ စားသုံး သူရေးရာအစားအသောက်နှင့် ဖြန့်ဖြူးရေးဝန်ကြီးဌာနမှ Secretary ဖြစ်သူ Smt. Nidhi Khare နှင့် အဖွဲ့အား ယမန် နေ့ (ဇန်နဝါရီလ ၂၄ရက်) က ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotel ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် မြန်မာနှင့်အိန္ဒိယ နိုင်ငံအကြားလယ်ယာကဏ္ဍဆိုင်ရာ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရန်၊ တင်သွင်းမှု မူဝါဒတည်ငြိမ်စေရေး၊ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်၊ စပါးကို အခြေခံသော ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အိန္ဒိယမှ အများအပြားဝယ်ယူသော မတ်ပဲနှင့် ပဲစင်းငုံတို့တွင် ထွက်ကုန်အရည်အသွေးယှဉ်ပြိုင်နိုင်ရန်နှင့် ပိုးသတ် ဆေးဓာတ်ကြွင်းနည်းပါးရေးအတွက် ဘက်စုံပိုးမွှား ကာကွယ်ရေးနည်းပညာပေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် ပေးနိုင်ရေးကိစ္စရပ်များ၊ အခြားပဲများနှင့်ပတ်သက်၍အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်ပို့ရောင်းချမှု ရေရှည်တည်တံ့ရေးအတွက် လိုအပ်သည့်လုပ်ငန်းများတွင် ပူးပေါင်းဆောင် ရွက်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများတွင် ပဲမျိုးစုံသာမက ဂျုံနှင့်ပတ်သက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကို သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးမှစ၍ ဈေးကွက်ပို့ဆောင်သည်အထိ ဆောင်ရွက် နိုင်ရေး လုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Zawgyi Version;
ျမန္မာ - အိႏၵိယၾကား လယ္ယာက႑ဆိုင္ရာ ကုန္သြယ္မႈတိုးျမႇင့္ေဆာင္႐ြက္ရန္ ေဆြးေႏြး
Pearl (NP News) - ဇန္နဝါရီ ၂၄
ျမန္မာ - အိႏၵိယၾကား လယ္ယာက႑ဆိုင္ရာ ကုန္သြယ္မႈတိုးျမႇင့္ေဆာင္႐ြက္ရန္ ေဆြးေႏြးခဲ့ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာတင္ထြဋ္သည္ အိႏၵိယႏိုင္ငံ စားသုံး သူေရးရာအစားအေသာက္ႏွင့္ ျဖန႔္ျဖဴးေရးဝန္ႀကီးဌာနမွ Secretary ျဖစ္သူ Smt. Nidhi Khare ႏွင့္ အဖြဲ႕အား ယမန္ ေန႔ (ဇန္နဝါရီလ ၂၄ရက္) က ရန္ကုန္ၿမိဳ႕ ျပည္လမ္းရွိ Novotel Hotel ၌ လက္ခံေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ေတြ႕ဆုံစဥ္ ျမန္မာႏွင့္အိႏၵိယ ႏိုင္ငံအၾကားလယ္ယာက႑ဆိုင္ရာ ကုန္သြယ္မႈတိုးျမႇင့္ေဆာင္႐ြက္ရန္၊ တင္သြင္းမႈ မူဝါဒတည္ၿငိမ္ေစေရး၊ ႏိုင္ငံအခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္ရန္၊ စပါးကို အေျခခံေသာ ပဲမ်ိဳးစုံစိုက္ပ်ိဳးထုတ္လုပ္မႈ ကြင္းဆက္ ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေရးပူးေပါင္းေဆာင္႐ြက္ရန္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
အိႏၵိယမွ အမ်ားအျပားဝယ္ယူေသာ မတ္ပဲႏွင့္ ပဲစင္းငုံတို႔တြင္ ထြက္ကုန္အရည္အေသြးယွဥ္ၿပိဳင္ႏိုင္ရန္ႏွင့္ ပိုးသတ္ ေဆးဓာတ္ႂကြင္းနည္းပါးေရးအတြက္ ဘက္စုံပိုးမႊား ကာကြယ္ေရးနည္းပညာေပးလုပ္ငန္းမ်ားကို တိုးခ်ဲ႕ေဆာင္႐ြက္ ေပးႏိုင္ေရးကိစၥရပ္မ်ား၊ အျခားပဲမ်ားႏွင့္ပတ္သက္၍အလားအလာမ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံမွ ပဲမ်ိဳးစုံတင္ပို႔ေရာင္းခ်မႈ ေရရွည္တည္တံ့ေရးအတြက္ လိုအပ္သည့္လုပ္ငန္းမ်ားတြင္ ပူးေပါင္းေဆာင္ ႐ြက္ေရး၊ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ေရးလုပ္ငန္းမ်ားတြင္ ပဲမ်ိဳးစုံသာမက ဂ်ဳံႏွင့္ပတ္သက္၍ အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို သုေတသနႏွင့္နည္းပညာဖြံ႕ၿဖိဳးေရးမွစ၍ ေဈးကြက္ပို႔ေဆာင္သည္အထိ ေဆာင္႐ြက္ ႏိုင္ေရး လုပ္ငန္းမ်ားကိုလည္း ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။