တီဘီရောဂါတိုက်ဖျက်ရေးအတွက် စီမံကိန်း(၂၀၂၆-၂၀၃၀)ကို အချောသတ်ပြင်ဆင်ပြီးစီး

 239

ထိုက်စံ(NP News)-ဇန်နဝါရီ ၂၆
တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် အမျိုးသားမဟာဗျူဟာ စီမံကိန်း(၂၀၂၆-၂၀၃၀)ကို ရေးဆွဲလျက်ရှိရာ လက်ရှိတွင်အချောသတ်ပြင်ဆင်ပြီးစီးပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၏ပြောကြားချက်အရသိရသည်။
ပြီးခဲ့သည့်(ဇန်နဝါရီ ၂၂ရက်)၊ နံနက်ပိုင်း(၉) နာရီက နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရုံးအမှတ်(၄၇)၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည့် “TB Technical Strategic Group Meeting” ဖွင့်ပွဲအခမ်းအနားတွင်ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါအစည်းအဝေးသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူး၊ TB Technical Strategic Group အဖွဲ့ဝင်များ တက်‌ရောက်ခဲ့ကြောင်းသိရသည်။
ညွှန်ကြားရေးမှူးချုပ် မှ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင် ခေတ်မီသော Portable TrueNat စက်များ၊ AI (X-ray CAD) နည်းပညာကို အသုံးပြုလျက်ရှိကြောင်း၊ တီဘီရောဂါကို ပိုမိုမြန်ဆန်လွယ်ကူစွာရှာဖွေနိုင်ရန် GeneXpert စက် (၃၅) လုံးနှင့် X-ray စက် (၁၈) လုံးကို ထပ်မံတိုးချဲ့တပ်ဆင်နိုင်ခဲ့ကြောင်း၊ တီဘီ ရောဂါဆိုင်ရာ သတင်းအချက်အလက်မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံခြင်းစနစ်ကို On Paper System မှ Paperless System သို့ ပြောင်းလဲအသုံးပြုနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်ရန်ပုံငွေ ခွဲဝေချထားမှုတွင် တီဘီရောဂါတိုက်ဖျက်ရေးအတွက် ဒုတိယအများဆုံးဖြစ်ကြောင်း၊ နိုင်ငံတော် ရန်ပုံငွေဖြင့် ဝယ်ယူထားသည့် တီဘီဆေးနှင့်ဆေးပစ္စည်းများကို လေ့လွင့်ဆုံးရှုံးမှုမရှိစေရေး စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်းသိရသည်။
ထို့နောက် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် အမျိုးသားမဟာဗျူဟာ စီမံကိန်း(၂၀၂၆-၂၀၃၀)ကို ရေးဆွဲလျက်ရှိပြီး ယခုအခါ နောက်ဆုံးအချောသတ်ပြင်ဆင်ပြီးဖြစ်ကြောင်း Global Fund Grant Cycle 8 (2027-2029) အတွက် Proposal ကို မကြာမီ ပြင်ဆင်ရေးဆွဲသွားကြရ မည်ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ TSG အဖွဲ့ဝင်များအနေဖြင့် တီဘီရောဂါတိုက်ဖျက်ရေးဌာနစိတ်၏ ယခင်ပြုလုပ် ခဲ့သည့် Technical Working Group Meeting များမှ အကြံပြုချက်များအား ဆန်းစစ်သုံးသပ်ပြီး တီဘီ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာစေရန် ထိရောက်သော Recommendation များ ချမှတ်ကြရန် ပြောကြားခဲ့ကြောင်းပြောကြားခဲ့သည်။

Zawgyi Version:
တီဘီေရာဂါတိုက္ဖ်က္ေရးအတြက္ စီမံကိန္း(၂၀၂၆-၂၀၃၀)ကို အေခ်ာသတ္ျပင္ဆင္ၿပီးစီး
ထိုက္စံ(NP News)-ဇန္နဝါရီ ၂၆
တီဘီေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းမ်ားအတြက္ အမ်ိဳးသားမဟာဗ်ဴဟာ စီမံကိန္း(၂၀၂၆-၂၀၃၀)ကို ေရးဆြဲလ်က္ရွိရာ လက္ရွိတြင္အေခ်ာသတ္ျပင္ဆင္ၿပီးစီးၿပီျဖစ္ေၾကာင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာျမတ္ဝဏၰစိုး၏ေျပာၾကားခ်က္အရသိရသည္။
ၿပီးခဲ့သည့္(ဇန္နဝါရီ ၂၂ရက္)၊ နံနက္ပိုင္း(၉) နာရီက ေနျပည္ေတာ္၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ႐ုံးအမွတ္(၄၇)၊ အစည္းအေဝးခန္းမတြင္က်င္းပျပဳလုပ္ခဲ့သည့္ “TB Technical Strategic Group Meeting” ဖြင့္ပြဲအခမ္းအနားတြင္ေျပာၾကားခဲ့ေၾကာင္းသိရသည္။
အဆိုပါအစည္းအေဝးသို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္မ်ားႏွင့္ ၫႊန္ၾကားေရးမႉး၊ TB Technical Strategic Group အဖြဲ႕ဝင္မ်ား တက္‌ေရာက္ခဲ့ေၾကာင္းသိရသည္။
ၫႊန္ၾကားေရးမႉးခ်ဳပ္ မွ တီဘီေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းမ်ားတြင္ ေခတ္မီေသာ Portable TrueNat စက္မ်ား၊ AI (X-ray CAD) နည္းပညာကို အသုံးျပဳလ်က္ရွိေၾကာင္း၊ တီဘီေရာဂါကို ပိုမိုျမန္ဆန္လြယ္ကူစြာရွာေဖြႏိုင္ရန္ GeneXpert စက္ (၃၅) လုံးႏွင့္ X-ray စက္ (၁၈) လုံးကို ထပ္မံတိုးခ်ဲ႕တပ္ဆင္ႏိုင္ခဲ့ေၾကာင္း၊ တီဘီ ေရာဂါဆိုင္ရာ သတင္းအခ်က္အလက္မွတ္တမ္းတင္ျခင္းႏွင့္ အစီရင္ခံျခင္းစနစ္ကို On Paper System မွ Paperless System သို႔ ေျပာင္းလဲအသုံးျပဳႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း ေျပာၾကားသည္။
ထို႔ျပင္ ႏိုင္ငံေတာ္ရန္ပုံေငြ ခြဲေဝခ်ထားမႈတြင္ တီဘီေရာဂါတိုက္ဖ်က္ေရးအတြက္ ဒုတိယအမ်ားဆုံးျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္ ရန္ပုံေငြျဖင့္ ဝယ္ယူထားသည့္ တီဘီေဆးႏွင့္ေဆးပစၥည္းမ်ားကို ေလ့လြင့္ဆုံးရႈံးမႈမရွိေစေရး စနစ္တက် ေဆာင္႐ြက္ရန္လိုေၾကာင္းသိရသည္။
ထို႔ေနာက္ တီဘီေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းမ်ားအတြက္ အမ်ိဳးသားမဟာဗ်ဴဟာ စီမံကိန္း(၂၀၂၆-၂၀၃၀)ကို ေရးဆြဲလ်က္ရွိၿပီး ယခုအခါ ေနာက္ဆုံးအေခ်ာသတ္ျပင္ဆင္ၿပီးျဖစ္ေၾကာင္း Global Fund Grant Cycle 8 (2027-2029) အတြက္ Proposal ကို မၾကာမီ ျပင္ဆင္ေရးဆြဲသြားၾကရ မည္ျဖစ္ေၾကာင္းသိရသည္။
ဆက္လက္၍ TSG အဖြဲ႕ဝင္မ်ားအေနျဖင့္ တီဘီေရာဂါတိုက္ဖ်က္ေရးဌာနစိတ္၏ ယခင္ျပဳလုပ္ ခဲ့သည့္ Technical Working Group Meeting မ်ားမွ အႀကံျပဳခ်က္မ်ားအား ဆန္းစစ္သုံးသပ္ၿပီး တီဘီ ေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းမ်ား ပိုမိုေအာင္ျမင္လာေစရန္ ထိေရာက္ေသာ Recommendation မ်ား ခ်မွတ္ၾကရန္ ေျပာၾကားခဲ့ေၾကာင္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.