ဟားမက်စ်လက်နက်ကိုင်အဖွဲ့က လက်နက်စွန့်ရန် သဘောတူညီခဲ့ဟု သတင်းများထွက်ပေါ်

 102

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၈

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်သည် လက်ရှိအချိန်တွင် လက်နက်စွန့်လွတ်ရန် သဘောတူညီခဲ့ ကြောင်း သိရသည်။ ဟားမက်စ် လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းတွင် ၎င်းတို့လက်နက်များအချို့နှင့် မြေအောက်ဥမင်လိုဏ်ခေါင်း မြေပုံများကို အမေရိကန်အစိုးရထံ လွှဲပြောင်းပေးခဲ့သည်ဟု Sky News Arabia သတင်းဌာနက ဖော်ပြထားသည်။
အပြန်အလှန်အနေဖြင့် အမေရိကန် အစိုးရသည် ဟားမက်စလက်နက်ကိုင်အဖွဲ့ကို ဂါဇာဒေသရှိ နိုင်ငံရေးတွင် ပါဝင်ခွင့်ပေးရဖွယ်ရှိနေပြီးအချို့ကို ဂါဇာဒေသရှိ အုပ်ချုပ်ရေးအဖွဲ့အသစ်တွင် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများအဖြစ် ပါဝင်ခွင့်ပေးရဖွယ်ရှိနေကြောင်း သိရသည်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များသည် ဂါဇာဒေသမှ ထွက်ခွာခွင့်ပေးရမည်ဖြစ်သလို ပြည်ပရှိ ဟားမက်စ်ခေါင်းဆောင်များကို ပစ်မှတ်ထားခြင်းမျိုး လုပ်ဆောင်ရမည်မဟုတ်ကြောင်း သိရသည်။အဆိုပါ Sky News Arabia သတင်းဌာနက ဖော်ပြထားသော်လည်း အမေရိကန် နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့က တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိကြောင်းသိရသည်။
ထိုပြင် အစ္စရေးအစိုးရကလည်း အဆိုပါသတင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်ပြု ပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။
ဂါဇာဒေသတွင် အစ္စရေးနှင့်ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားသည်မှာ ၂နှစ် ခန့်ရှိနေပြီး အမေရိကန်အစိုးရက ကြားဝင်စေ့စပ်ပေးလျက်ရှိ နေရာအပစ်ခတ်ရပ်စဲရေး ရယူရန် သဘောတူညီခဲ့ကြောင်း သိရသည်။ သို့သော်လည်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် လက်နက်ဖျက်သိမ်းရန် ငြင်းဆန်မှုများရှိခဲ့ရာ တင်းမာမှုများရှိခဲ့ကြောင်း သိရသည်။ အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ရရှိထားသည့် အချက် ၂၀ ပါဝင်သည့် အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်၏ ဒုတိယအဆင့်ကို ပြီးခဲ့သည့်သီတင်းပတ်တွင် စတင်ခဲ့ပြီး သဘောတူညီချက်များထဲတွင် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို လက်နက်ဖျက်သိမ်းရေးနှင့် ဂါဇာဒေသကို ထိန်းချုပ်ခွင့် လွှဲပြောင်းပေးရေးဆိုသောအချက်ပါဝင်နေကြောင်း သိရသည်။

Zawgyi Version;
ဟားမက္စ္လက္နက္ကိုင္အဖြဲ႕က လက္နက္စြန႔္ရန္ သေဘာတူညီခဲ့ဟု သတင္းမ်ားထြက္ေပၚ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၈
ပါလက္စတိုင္းလက္နက္ကိုင္အဖြဲ႕ ဟားမက္စ္သည္ လက္ရွိအခ်ိန္တြင္ လက္နက္စြန႔္လြတ္ရန္ သေဘာတူညီခဲ့ ေၾကာင္း သိရသည္။ ဟားမက္စ္ လက္နက္ကိုင္အဖြဲ႕သည္ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ၎တို႔လက္နက္မ်ားအခ်ိဳ႕ႏွင့္ ေျမေအာက္ဥမင္လိုဏ္ေခါင္း ေျမပုံမ်ားကို အေမရိကန္အစိုးရထံ လႊဲေျပာင္းေပးခဲ့သည္ဟု Sky News Arabia သတင္းဌာနက ေဖာ္ျပထားသည္။
အျပန္အလွန္အေနျဖင့္ အေမရိကန္ အစိုးရသည္ ဟားမက္စလက္နက္ကိုင္အဖြဲ႕ကို ဂါဇာေဒသရွိ ႏိုင္ငံေရးတြင္ ပါဝင္ခြင့္ေပးရဖြယ္ရွိေနၿပီးအခ်ိဳ႕ကို ဂါဇာေဒသရွိ အုပ္ခ်ဳပ္ေရးအဖြဲ႕အသစ္တြင္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ အုပ္ခ်ဳပ္ေရး တာဝန္ရွိသူမ်ားအျဖစ္ ပါဝင္ခြင့္ေပးရဖြယ္ရွိေနေၾကာင္း သိရသည္။
ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္မ်ားသည္ ဂါဇာေဒသမွ ထြက္ခြာခြင့္ေပးရမည္ျဖစ္သလို ျပည္ပရွိ ဟားမက္စ္ေခါင္းေဆာင္မ်ားကို ပစ္မွတ္ထားျခင္းမ်ိဳး လုပ္ေဆာင္ရမည္မဟုတ္ေၾကာင္း သိရသည္။အဆိုပါ Sky News Arabia သတင္းဌာနက ေဖာ္ျပထားေသာ္လည္း အေမရိကန္ ႏွင့္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕တို႔က တစ္စုံတရာမွတ္ခ်က္ျပဳေျပာဆိုျခင္းမ်ိဳးမရွိေၾကာင္းသိရသည္။
ထိုျပင္ အစၥေရးအစိုးရကလည္း အဆိုပါသတင္းႏွင့္ပတ္သက္ၿပီး တစ္စုံတစ္ရာမွတ္ခ်က္ျပဳ ေျပာဆိုျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။
ဂါဇာေဒသတြင္ အစၥေရးႏွင့္ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား တိုက္ပြဲမ်ားျဖစ္ပြားသည္မွာ ၂ႏွစ္ ခန႔္ရွိေနၿပီး အေမရိကန္အစိုးရက ၾကားဝင္ေစ့စပ္ေပးလ်က္ရွိ ေနရာအပစ္ခတ္ရပ္စဲေရး ရယူရန္ သေဘာတူညီခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ဟားမက္စ္လက္နက္ကိုင္အဖြဲ႕သည္ လက္နက္ဖ်က္သိမ္းရန္ ျငင္းဆန္မႈမ်ားရွိခဲ့ရာ တင္းမာမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။ အစၥေရးႏွင့္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား ရရွိထားသည့္ အခ်က္ ၂၀ ပါဝင္သည့္ အပစ္ခတ္ရပ္စဲေရးသေဘာတူညီခ်က္၏ ဒုတိယအဆင့္ကို ၿပီးခဲ့သည့္သီတင္းပတ္တြင္ စတင္ခဲ့ၿပီး သေဘာတူညီခ်က္မ်ားထဲတြင္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ကို လက္နက္ဖ်က္သိမ္းေရးႏွင့္ ဂါဇာေဒသကို ထိန္းခ်ဳပ္ခြင့္ လႊဲေျပာင္းေပးေရးဆိုေသာအခ်က္ပါဝင္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.