အီရန်အပေါ်တိုက်ခိုက်မှုတွေမှာ နယ်မြေအသုံးပြုခွင့်ပေးမယ့် အိမ်နီးချင်းအားလုံးကို ရန်သူအဖြစ် သတ်မှတ်သွားမယ်လို့ အီရန်သတိပေး

 352

Pika (NP News) - ဇန်နဝါရီလ ၂၉
အီရန်အပေါ် တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့နဲ့ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတွေက ၎င်းတို့ရဲ့နယ်မြေတွေကို အမေရိကန်ကို အသုံးပြုခွင့်ပေးခဲ့မယ်ဆိုရင် ရန်သူအဖြစ် သတ်မှတ်သွားရလိမ့်မယ်လို့ အီရန်စစ်တပ်က သတိပေးပြောဆိုခဲ့ပါတယ်။အရှေ့အလယ်ပိုင်းဒေသရေပြင်ကို အမေရိကန်စစ်သင်္ဘောအုပ်စု ရောက်ရှိလာမှုနဲ့အတူ အီရန်စစ်တပ်က ယခုလိုသတိပေးပြောဆိုမှုတွေ လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။အီရန်စစ်တပ်အရာရှိတစ်ဦးက”အိမ်နီးချင်းနိုင်ငံတွေဟာ ကျွန်တော်တို့ရဲ့မိတ်ဆွေတွေဖြစ်ပေမယ့်လည်း အီရန်အပေါ် တိုက်ခိုက်မှုတွေမှာ ၎င်းတို့ရဲ့ရေ၊မြေ၊လေပိုင်နက်တွေကို အသုံးပြုခွင့်ပေးခဲ့မယ်ဆိုရင် ရန်သူအဖြစ် သတ်မှတ်သွားရပါလိမ့်မယ်။”လို့ သတိပေးပြောဆိုခဲ့ပါတယ်။ဒါ့ပြင် အဲ့ဒီသတင်းစကားကို ဒေသတွင်းနိုင်ငံတွေအားလုံးကို ပေးပို့ပြီးပြီဖြစ်တယ်လို့လည်း အီရန်စစ်တပ်အရာရှိကပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ(၂၈)ရက်နေ့ကနေစတင်ပြီး အီရန်နိုင်ငံတွင်းမှာ ဆန္ဒပြပွဲတွေဖြစ်ပွားလာခဲ့ပြီးနောက် ဆန္ဒပြသူတွေကို ကိုင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်ပြီး အီရန်နဲ့အမေရိကန်ကြား တင်းမာမှုတွေစတင်မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အီရန်က နောက်ထပ်ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့မယ်ဆိုရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မှုတွေလုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် ယခုလိုဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပွားလာတာဖြစ်ပါတယ်။

Zawgyi Version:
အီရန္အေပၚတိုက္ခိုက္မႈေတြမွာ နယ္ေျမအသုံးျပဳခြင့္ေပးမယ့္ အိမ္နီးခ်င္းအားလုံးကို ရန္သူအျဖစ္ သတ္မွတ္သြားမယ္လို႔ အီရန္သတိေပး
Pika (NP News) - ဇန္နဝါရီလ ၂၉
အီရန္အေပၚ တိုက္ခိုက္မႈေတြ လုပ္ေဆာင္ဖို႔နဲ႔ပတ္သက္ၿပီး အိမ္နီးခ်င္းႏိုင္ငံေတြက ၎တို႔ရဲ႕နယ္ေျမေတြကို အေမရိကန္ကို အသုံးျပဳခြင့္ေပးခဲ့မယ္ဆိုရင္ ရန္သူအျဖစ္ သတ္မွတ္သြားရလိမ့္မယ္လို႔ အီရန္စစ္တပ္က သတိေပးေျပာဆိုခဲ့ပါတယ္။အေရွ႕အလယ္ပိုင္းေဒသေရျပင္ကို အေမရိကန္စစ္သေဘၤာအုပ္စု ေရာက္ရွိလာမႈနဲ႔အတူ အီရန္စစ္တပ္က ယခုလိုသတိေပးေျပာဆိုမႈေတြ လုပ္ေဆာင္ခဲ့တာပဲျဖစ္ပါတယ္။အီရန္စစ္တပ္အရာရွိတစ္ဦးက”အိမ္နီးခ်င္းႏိုင္ငံေတြဟာ ကြၽန္ေတာ္တို႔ရဲ႕မိတ္ေဆြေတြျဖစ္ေပမယ့္လည္း အီရန္အေပၚ တိုက္ခိုက္မႈေတြမွာ ၎တို႔ရဲ႕ေရ၊ေျမ၊ေလပိုင္နက္ေတြကို အသုံးျပဳခြင့္ေပးခဲ့မယ္ဆိုရင္ ရန္သူအျဖစ္ သတ္မွတ္သြားရပါလိမ့္မယ္။”လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ အဲ့ဒီသတင္းစကားကို ေဒသတြင္းႏိုင္ငံေတြအားလုံးကို ေပးပို႔ၿပီးၿပီျဖစ္တယ္လို႔လည္း အီရန္စစ္တပ္အရာရွိကေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ဒီဇင္ဘာလ(၂၈)ရက္ေန႔ကေနစတင္ၿပီး အီရန္ႏိုင္ငံတြင္းမွာ ဆႏၵျပပြဲေတြျဖစ္ပြားလာခဲ့ၿပီးေနာက္ ဆႏၵျပသူေတြကို ကိုင္တြယ္ေျဖရွင္းပုံနဲ႔ပတ္သက္ၿပီး အီရန္နဲ႔အေမရိကန္ၾကား တင္းမာမႈေတြစတင္ျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အီရန္က ေနာက္ထပ္ဆႏၵျပသူေတြကို သတ္ျဖတ္ခဲ့မယ္ဆိုရင္ ျပင္းျပင္းထန္ထန္ တုံ႔ျပန္မႈေတြလုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ ယခုလိုျဖစ္ရပ္ေတြ ဆက္တိုက္ျဖစ္ပြားလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.