ခရီးသွားများ ပိုမိုဝင်ရောက်လာရန်မျှော်မှန်း၍ ပြင်ဦးလွင်ကို မြှင့်တင်ဖန်တီးနေ

 461

ကိုဖြိုး(NP News) ဖေဖေါ်ဝါရီ ၈
ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များကြားတွင် ဆွဲဆောင်ဖွယ်ရာဖြစ်စေရန်အတွက် ပြင်ဦးလွင်မြို့ကို ဘက်ပေါင်းစုံမှအဆင့်မြှင့်တင်ကာ ဖန်တီးလုပ်ဆောင်နေကြောင်း ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ လုပ်ငန်းရှင်များထံမှ သိရသည်။
ကော်ဖီမြို့တော်၊ ပန်းမြို့တော်၊ ကျန်းမာရေးမြို့တော်၊ အားကစားမြို့တော်နှင့် ခရီးသွားမြို့တော်ဟူ၍ဆိုကာ ကဏ္ဍပေါင်းစုံဘက်ပေါင်းစုံ အဆင့်မြှင့်တင်ပြီး ခရီးသွားလုပ်ငန်းကိုလည်း အဆင့်ဆင့်တိုးချဲ့လုပ်ကိုင်သွားရန်ပြင်ဆင်နေကြခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုထားသည်။
“အခု ကျွန်တော်တို့လုပ်နေကြတယ်၊ ဒေသတွင်းသွားလာလည်ပတ်လို့ရနိုင်မယ့် ခရီးစဉ်အသစ်တွေ ဖော်ထုတ်တာကိုလည်း အားပေးရမယ်လို့ ညွှန်ကြားချက်ရှိတယ်” ဟု ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
နိုင်ငံတကာအဆင့်မီမြို့တော်တစ်ခုအဖြစ်ရည်ရွယ်ထားပြီး ရှိထားပြီးသောခရီးစဉ်ဒေသများနှင့် ခရီးသွား ဆွဲဆောင်ရာ နေရာများအပြင် အသစ်ဖော်ထုတ်နိုင်သည့် ခရီးစဉ်ဒေသများကို ဆက်လက်ဖော်ထုတ်သွားရန် ရှိကြောင်း သိရသည်။
ထို့အပြင် ခရီးသွားလုပ်ငန်းဆွဲဆောင်သောအစီအစဉ်များအဖြစ် သဘာ၀အခြေခံခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးအခြေခံ ခရီးသွားလုပ်ငန်း၊ ကျေးလက်ဒေသခရီးသွားလုပ်ငန်း၊ လူထုအခြေပြုခရီးသွားလုပ်ငန်းနှင့် အခြားဆက်စပ်ခရီးသွားလုပ်ငန်းများအကောင်အထည် ဖော်သွားရန်ရှိကြောင်းလည်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့သို့ ယမန်နှစ်ကခရီးသွားဝင်ရောက်ခဲ့မှုအခြေအနေသည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၅၄)ရာခိုင်နှုန်း တိုးတက်လာသည်ဟုလည်း ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာန၏ သတင်းများကဆိုထားသည်။

Zawgyi Version:
ခရီးသြားမ်ား ပိုမိုဝင္ေရာက္လာရန္ေမွ်ာ္မွန္း၍ ျပင္ဦးလြင္ကို ျမႇင့္တင္ဖန္တီးေန
ကိုၿဖိဳး(NP News) ေဖေဖၚဝါရီ ၈
ျပည္တြင္းျပည္ပ ခရီးသြားဧည့္သည္မ်ားၾကားတြင္ ဆြဲေဆာင္ဖြယ္ရာျဖစ္ေစရန္အတြက္ ျပင္ဦးလြင္ၿမိဳ႕ကို ဘက္ေပါင္းစုံမွအဆင့္ျမႇင့္တင္ကာ ဖန္တီးလုပ္ေဆာင္ေနေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားဆိုင္ရာ လုပ္ငန္းရွင္မ်ားထံမွ သိရသည္။
ေကာ္ဖီၿမိဳ႕ေတာ္၊ ပန္းၿမိဳ႕ေတာ္၊ က်န္းမာေရးၿမိဳ႕ေတာ္၊ အားကစားၿမိဳ႕ေတာ္ႏွင့္ ခရီးသြားၿမိဳ႕ေတာ္ဟူ၍ဆိုကာ က႑ေပါင္းစုံဘက္ေပါင္းစုံ အဆင့္ျမႇင့္တင္ၿပီး ခရီးသြားလုပ္ငန္းကိုလည္း အဆင့္ဆင့္တိုးခ်ဲ႕လုပ္ကိုင္သြားရန္ျပင္ဆင္ေနၾကျခင္းျဖစ္ေၾကာင္း ၎တို႔ကဆိုထားသည္။
“အခု ကြၽန္ေတာ္တို႔လုပ္ေနၾကတယ္၊ ေဒသတြင္းသြားလာလည္ပတ္လို႔ရႏိုင္မယ့္ ခရီးစဥ္အသစ္ေတြ ေဖာ္ထုတ္တာကိုလည္း အားေပးရမယ္လို႔ ၫႊန္ၾကားခ်က္ရွိတယ္” ဟု ဟိုတယ္လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
ႏိုင္ငံတကာအဆင့္မီၿမိဳ႕ေတာ္တစ္ခုအျဖစ္ရည္႐ြယ္ထားၿပီး ရွိထားၿပီးေသာခရီးစဥ္ေဒသမ်ားႏွင့္ ခရီးသြား ဆြဲေဆာင္ရာ ေနရာမ်ားအျပင္ အသစ္ေဖာ္ထုတ္ႏိုင္သည့္ ခရီးစဥ္ေဒသမ်ားကို ဆက္လက္ေဖာ္ထုတ္သြားရန္ ရွိေၾကာင္း သိရသည္။
ထို႔အျပင္ ခရီးသြားလုပ္ငန္းဆြဲေဆာင္ေသာအစီအစဥ္မ်ားအျဖစ္ သဘာ၀အေျခခံခရီးသြားလုပ္ငန္း၊ စိုက္ပ်ိဳးေရးအေျခခံ ခရီးသြားလုပ္ငန္း၊ ေက်းလက္ေဒသခရီးသြားလုပ္ငန္း၊ လူထုအေျချပဳခရီးသြားလုပ္ငန္းႏွင့္ အျခားဆက္စပ္ခရီးသြားလုပ္ငန္းမ်ားအေကာင္အထည္ ေဖာ္သြားရန္ရွိေၾကာင္းလည္း သိရသည္။
မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕သို႔ ယမန္ႏွစ္ကခရီးသြားဝင္ေရာက္ခဲ့မႈအေျခအေနသည္ ၂၀၂၄ ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက (၅၄)ရာခိုင္ႏႈန္း တိုးတက္လာသည္ဟုလည္း ဟိုတယ္ႏွင့္ခရီးသြားလာေရး၀န္ႀကီးဌာန၏ သတင္းမ်ားကဆိုထားသည္။

Related news

© 2021. All rights reserved.