နေတိုးအဖွဲ့စစ်ရေးလေ့ကျင့်မှုမှာပါဝင်ဖို့ စစ်လေယာဉ်တွေကို ဒိန်းမတ်နဲ့ဆွီဒင်တို့ စေလွှတ်သွားမယ်

 151

Pika (NP News) - ဖေဖော်ဝါရီလ ၁၅

ဂရင်းလန်းကျွန်းနဲ့ အာတိတ်ဒေသကို အဓိကထားတဲ့ နေတိုးအဖွဲ့စစ်ရေးလေ့ကျင့်မှုမှာပါဝင်ဖို့အတွက် စစ်လေယာဉ်အုပ်စုတစ်စုကို ဒိန်းမတ်နဲ့ဆွီဒင်တို့က စေလွှတ်သွားမယ်လို့ နှစ်နိုင်ငံစလုံးရဲ့တာဝန်ရှိသူတွေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဂရင်းလန်းကျွန်းအပေါ်ထိန်းချုပ်မှုကို အမေရိကန်ကို လွှဲပြောင်းပေးဖို့ ဥရောပသမဂ္ဂကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖိအားပေးနေချိန်မှာပဲ ယခုလိုလှုပ်ရှားမှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။အမျိုးသားလုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကြောင့် အမေရိကန်က ဂရင်းလန်းကျွန်းကို သိမ်းယူဖို့လိုအပ်တာဖြစ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နေတိုးအဖွဲ့ရဲ့ အာတိတ်ဒေသကာကွယ်ရေးမစ်ရှင်မှာပါဝင်ဖို့အတွက် ဒိန်းမတ်က F-35 တိုက်လေယာဉ်လေးစီးစေလွှတ်သွားမယ်လို့ ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး Troels Lund Poulsenက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်ထုတ် F-35တိုက်လေယာဉ်တွေဟာ ဒေသတွင်းမှာ ၎င်းတို့ရဲ့တည်ရှိမှုကို ပိုမိုအားကောင်းလာစေလိမ့်မယ်လို့လည်း Troels Lund Poulsenကပြောကြားခဲ့ပါတယ်။

နေတိုးအဖွဲ့လေ့ကျင့်ခန်းမှာ ဆွီဒင်ရဲ့ပါဝင်မှုကို ဆွီဒင်ဝန်ကြီးချုပ် Ulf Kristerssonကလည်း အတည်ပြုခဲ့ပြီး အိုက်စ်လန်းနိုင်ငံနဲ့ ဂရင်းလန်းကျွန်းတစ်ဝိုက်ကဒေသတွေကို JAS 39 Gripenလေယာဉ်တွေ စေလွှတ်သွားမယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

zawgyi version

ေနတိုးအဖြဲ႕စစ္ေရးေလ့က်င့္မႈမွာပါဝင္ဖို႔ စစ္ေလယာဥ္ေတြကို ဒိန္းမတ္နဲ႔ဆြီဒင္တို႔ ေစလႊတ္သြားမယ္
Pika (NP News) - ေဖေဖာ္ဝါရီလ ၁၅

ဂရင္းလန္းကြၽန္းနဲ႔ အာတိတ္ေဒသကို အဓိကထားတဲ့ ေနတိုးအဖြဲ႕စစ္ေရးေလ့က်င့္မႈမွာပါဝင္ဖို႔အတြက္ စစ္ေလယာဥ္အုပ္စုတစ္စုကို ဒိန္းမတ္နဲ႔ဆြီဒင္တို႔က ေစလႊတ္သြားမယ္လို႔ ႏွစ္ႏိုင္ငံစလုံးရဲ႕တာဝန္ရွိသူေတြက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ဂရင္းလန္းကြၽန္းအေပၚထိန္းခ်ဳပ္မႈကို အေမရိကန္ကို လႊဲေျပာင္းေပးဖို႔ ဥေရာပသမဂၢကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က ဖိအားေပးေနခ်ိန္မွာပဲ ယခုလိုလႈပ္ရွားမႈေတြထြက္ေပၚလာတာျဖစ္ပါတယ္။အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာစိုးရိမ္မႈေတြေၾကာင့္ အေမရိကန္က ဂရင္းလန္းကြၽန္းကို သိမ္းယူဖို႔လိုအပ္တာျဖစ္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။

ေနတိုးအဖြဲ႕ရဲ႕ အာတိတ္ေဒသကာကြယ္ေရးမစ္ရွင္မွာပါဝင္ဖို႔အတြက္ ဒိန္းမတ္က F-35 တိုက္ေလယာဥ္ေလးစီးေစလႊတ္သြားမယ္လို႔ ဒိန္းမတ္ကာကြယ္ေရးဝန္ႀကီး Troels Lund Poulsenက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္ထုတ္ F-35တိုက္ေလယာဥ္ေတြဟာ ေဒသတြင္းမွာ ၎တို႔ရဲ႕တည္ရွိမႈကို ပိုမိုအားေကာင္းလာေစလိမ့္မယ္လို႔လည္း Troels Lund Poulsenကေျပာၾကားခဲ့ပါတယ္။

ေနတိုးအဖြဲ႕ေလ့က်င့္ခန္းမွာ ဆြီဒင္ရဲ႕ပါဝင္မႈကို ဆြီဒင္ဝန္ႀကီးခ်ဳပ္ Ulf Kristerssonကလည္း အတည္ျပဳခဲ့ၿပီး အိုက္စ္လန္းႏိုင္ငံနဲ႔ ဂရင္းလန္းကြၽန္းတစ္ဝိုက္ကေဒသေတြကို JAS 39 Gripenေလယာဥ္ေတြ ေစလႊတ္သြားမယ္လို႔ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.