နေပြည်တော် MSME ပြပွဲနှင့် ဈေးရောင်းပွဲတော်၌ ခြောက်ရက်အတွင်း ငွေကျပ် (၁၆) ဘီလီယံကျော် ဖိုး ရောင်းချနိုင်ခဲ့

 178

သန့်မင်းအိမ်(NP News) ဖေဖော်ဝါရီ ၁၅

နေပြည်တော် MSME ပြပွဲနှင့် ဈေးရောင်းပွဲတော်ပိတ်ပွဲး၌ ခြောက်ရက်အတွင်း ငွေကျပ် (၁၆) ဘီလီယံကျော် ဖိုး ရောင်းချနိုင်ခဲ့ပြီး ပြပွဲသို့ ပြည်သူ (၆) သိန်းကျော် လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရသည်။

နေပြည်တော်ရင်ပြင်တွင် ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည့် ပြည်ထောင်စုအဆင့် MSME အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ထို့အပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် အသိပညာပေး ဆွေးနွေးပွဲပေါင်း (၃၆) ကြိမ် တိတိ ကျင်းပပေးနိုင်ခဲ့ကြောင်းသိရသည်။

ယခုနှစ် ပြပွဲတွင် ထုတ်ကုန်အရည်အသွေးနှင့် ဆန်းသစ်မှုအပေါ် မူတည်၍ လယ်ယာသုံးပစ္စည်း အကောင်းဆုံးဆု၊ တန်ဖိုးမြှင့်ထုတ်ကုန်နှင့် ထုပ်ပိုးမှု အကောင်းဆုံးဆု၊သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့် ထုတ်ကုန်ဆု၊ယခင်နှစ် ဆုရရှိသူများထဲမှ တိုးတက်မှု အကောင်းဆုံးဆု၊ သွင်းကုန်အစားထိုး ထုတ်ကုန်ဆုနှင့်ဆန်းသစ်တီထွင်မှု အကောင်းဆုံးဆု စုစုပေါင်း ဆုအမျိုးအစား (၆) မျိုး ကို ချီးမြှင့်ခဲ့ကြောင်းသိရသည်။

zawgyi version

ေနျပည္ေတာ္ MSME ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္၌ ေျခာက္ရက္အတြင္း ေငြက်ပ္ (၁၆) ဘီလီယံေက်ာ္ ဖိုး ေရာင္းခ်ႏိုင္ခဲ့

သန႔္မင္းအိမ္(NP News) ေဖေဖာ္ဝါရီ ၁၅

ေနျပည္ေတာ္ MSME ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္ပိတ္ပြဲး၌ ေျခာက္ရက္အတြင္း ေငြက်ပ္ (၁၆) ဘီလီယံေက်ာ္ ဖိုး ေရာင္းခ်ႏိုင္ခဲ့ၿပီး ျပပြဲသို႔ ျပည္သူ (၆) သိန္းေက်ာ္ လာေရာက္ၾကည့္ရႈ အားေပးခဲ့ၾကေၾကာင္းသိရသည္။

ေနျပည္ေတာ္ရင္ျပင္တြင္ ခမ္းနားထည္ဝါစြာ က်င္းပခဲ့သည့္ ျပည္ေထာင္စုအဆင့္ MSME အေသးစား၊ အလတ္စား စီးပြားေရးလုပ္ငန္း ထုတ္ကုန္ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္ ပိတ္ပြဲႏွင့္ ဆုခ်ီးျမႇင့္ျခင္း အခမ္းအနားကို ယမန္ေန႔ညေနပိုင္းတြင္ က်င္းပခဲ့ေၾကာင္းသိရသည္။

အဆိုပါ အခမ္းအနားသို႔ ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္က်င္းပေရးဦးစီးေကာ္မတီဥကၠ႒ စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္း၊ တာဝန္ရွိသူမ်ား ႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ေၾကာင္းသိရသည္။
ထို႔အျပင္ ပုဂၢလိကလုပ္ငန္းရွင္မ်ားအတြက္ အသိပညာေပး ေဆြးေႏြးပြဲေပါင္း (၃၆) ႀကိမ္ တိတိ က်င္းပေပးႏိုင္ခဲ့ေၾကာင္းသိရသည္။

ယခုႏွစ္ ျပပြဲတြင္ ထုတ္ကုန္အရည္အေသြးႏွင့္ ဆန္းသစ္မႈအေပၚ မူတည္၍ လယ္ယာသုံးပစၥည္း အေကာင္းဆုံးဆု၊ တန္ဖိုးျမႇင့္ထုတ္ကုန္ႏွင့္ ထုပ္ပိုးမႈ အေကာင္းဆုံးဆု၊သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းသည့္ ထုတ္ကုန္ဆု၊ယခင္ႏွစ္ ဆုရရွိသူမ်ားထဲမွ တိုးတက္မႈ အေကာင္းဆုံးဆု၊ သြင္းကုန္အစားထိုး ထုတ္ကုန္ဆုႏွင့္ဆန္းသစ္တီထြင္မႈ အေကာင္းဆုံးဆု စုစုေပါင္း ဆုအမ်ိဳးအစား (၆) မ်ိဳး ကို ခ်ီးျမႇင့္ခဲ့ေၾကာင္းသိရသည္။

ဆုရရွိသူမ်ားကို ျပည္ေထာင္စုဝန္ႀကီး၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒ႏွင့္ တာဝန္ရွိသူမ်ားက ဂုဏ္ျပဳလက္မွတ္ႏွင့္ ဆုေငြမ်ား အသီးသီး ေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္းသိ့ရသည္။

ယခုကဲ့သို႔ MSME ျပပြဲမ်ား က်င္းပျခင္းသည္ ႏိုင္ငံေတာ္အႀကီးအကဲ၏ လမ္းၫႊန္ခ်က္ျဖစ္ေသာ "စိုက္ပ်ိဳးေရးအေျခခံ စက္မႈလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး" ကို မ်ားစြာ အေထာက္အကူျပဳေၾကာင္းႏွင့္ျပည္တြင္းျဖစ္ ထုတ္ကုန္မ်ားကို တန္ဖိုးျမႇင့္ထုတ္လုပ္ႏိုင္ျခင္းေၾကာင့္ သြင္းကုန္ေလွ်ာ့ခ်ႏိုင္ၿပီး ႏိုင္ငံေတာ္၏ စီးပြားေရးကို တစ္ဖက္တစ္လမ္းမွ အားေပးကူညီရာေရာက္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပး ေျပာၾကားခဲ့ေၾကာင္းသိ့ရသည္။

Related news

© 2021. All rights reserved.