ကာရေဘီယံပင်လယ်မှာ သွားလာနေတဲ့နောက်ထပ်မူးယစ်မှောင်ခိုသင်္ဘောတစ်စီးကို အမေရိကန် တိုက်ခိုက် ဖျက်ဆီး

109

Pika (NP News) - ဖေဖော်ဝါရီ ၁၆
ကာရေဘီယံပင်လယ်ပြင်မှာ သွားလာနေတဲ့ မူးယစ်မှောင်ခိုသင်္ဘောလိုယူဆရတဲ့သင်္ဘောတစ်စီးကို တိုက်ခိုက်မှု တွေလုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က အတည်ပြုပြောကြားခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် မူးယစ်မှောင်ခိုသင်္ဘောပေါ်မှာ လိုက်ပါလာတဲ့လူ(၃)ဦး သေဆုံးခဲ့တယ်လို့လည်း အမေရိကန်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေစတင်ခဲ့တဲ့ Operation Southern Spear လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အမေရိကန်က မူးယစ်မှောင်ခိုသင်္ဘောလို့ယူဆရတဲ့သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံးလူ(၁ဝဝ)ကျော် သေဆုံးထားတယ်လို့လည်း သိရပါတယ်။
အမေရိကန်စစ်တပ်က “ကာရေဘီယံမှာ ပင်လယ်ပြင်သွားလာနေတဲ့မူးယစ်မှောင်ခိုသင်္ဘောလို့ယူဆရတဲ့ သင်္ဘောတစ်စီးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် မူးယစ်မှောင်ခို သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့လူ(၃)ဦး သေဆုံးခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကနေ စတင်ပြီး အမေရိကန်စစ်တပ်ဟာ မူးယစ်မှောင်ခိုသင်္ဘောလို့ ယူဆရတဲ့ သင်္ဘောအစီးရေ(၃ဝ)ကျော်ကို တိုက်ခိုက်မှု တွေ လုပ်ဆောင်ခဲ့ပြီး အများစုက အရှေ့ပစိဖိတ်ပင်လယ်ပြင်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ကာေရဘီယံပင္လယ္မွာ သြားလာေနတဲ့ေနာက္ထပ္မူးယစ္ေမွာင္ခိုသေဘၤာတစ္စီးကို အေမရိကန္ တိုက္ခိုက္ ဖ်က္ဆီး
Pika (NP News) - ေဖေဖာ္ဝါရီ ၁၆
ကာေရဘီယံပင္လယ္ျပင္မွာ သြားလာေနတဲ့ မူးယစ္ေမွာင္ခိုသေဘၤာလိုယူဆရတဲ့သေဘၤာတစ္စီးကို တိုက္ခိုက္မႈ ေတြလုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္စစ္တပ္က အတည္ျပဳေျပာၾကားခဲ့ပါတယ္။
အဲဒီတိုက္ခိုက္မႈေၾကာင့္ မူးယစ္ေမွာင္ခိုသေဘၤာေပၚမွာ လိုက္ပါလာတဲ့လူ(၃)ဦး ေသဆုံးခဲ့တယ္လို႔လည္း အေမရိကန္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလကေနစတင္ခဲ့တဲ့ Operation Southern Spear လို႔ အမည္ေပးထားတဲ့ စစ္ဆင္ေရးရဲ႕ တစ္စိတ္တစ္ပိုင္းအေနနဲ႔ အေမရိကန္က မူးယစ္ေမွာင္ခိုသေဘၤာလို႔ယူဆရတဲ့သေဘၤာေတြကို တိုက္ခိုက္မႈေတြ ဆက္တိုက္လုပ္ေဆာင္ခဲ့တာေၾကာင့္ အနည္းဆုံးလူ(၁ဝဝ)ေက်ာ္ ေသဆုံးထားတယ္လို႔လည္း သိရပါတယ္။
အေမရိကန္စစ္တပ္က “ကာေရဘီယံမွာ ပင္လယ္ျပင္သြားလာေနတဲ့မူးယစ္ေမွာင္ခိုသေဘၤာလို႔ယူဆရတဲ့ သေဘၤာတစ္စီးကို ေအာင္ျမင္စြာပစ္ခတ္တိုက္ခိုက္ဖ်က္ဆီးႏိုင္ခဲ့ပါတယ္။ ဒီတိုက္ခိုက္မႈေၾကာင့္ မူးယစ္ေမွာင္ခို သေဘၤာေပၚမွာ လိုက္ပါလာတဲ့လူ(၃)ဦး ေသဆုံးခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလကေန စတင္ၿပီး အေမရိကန္စစ္တပ္ဟာ မူးယစ္ေမွာင္ခိုသေဘၤာလို႔ ယူဆရတဲ့ သေဘၤာအစီးေရ(၃ဝ)ေက်ာ္ကို တိုက္ခိုက္မႈ ေတြ လုပ္ေဆာင္ခဲ့ၿပီး အမ်ားစုက အေရွ႕ပစိဖိတ္ပင္လယ္ျပင္မွာ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။