ဦးကျော်မိုးထွန်းနှင့် ငွေ့ပျံသွားသော ကန်ဒေါ်လာများ

 3945

သုတကျော် (NP News)
ကုလသမဂ္ဂတွင် မဲပေးခွင့်မဆုံးရှုံးစေရန်အတွက် ကုလသမဂ္ဂသို့ ထည့်ဝင်ငွေ အမေရိကန် ဒေါ် လာ သုံးသိန်းကျော်ကို သုံးခါပေးသွင်းခဲ့ကြောင်း NUG ၏ မီဒီယာတွင် ကုလသမဂ္ဂ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ဟုဆိုသူ ဦးကျော်မိုးထွန်းက အင်တာဗျူးဖြေကြားခဲ့ရာ ယင်းသည် အင်တာနက်တွင် လူပြောများသော အကြောင်းအရာတစ်ခုဖြစ်လာခဲ့သည်။
“ပထမတစ်ကြိမ် ပေးသွင်းတုန်းကတော့ အဖွဲ့ရုံးရဲ့ ရန်ပုံငွေအောက်မှာရှိတဲ့ ငွေထဲကနေပဲ(၃) သိန်းကျော်ကို ကုလသမဂ္ဂကို ပေးသွင်းခဲ့တာ ရှိပါတယ်။ ပြီးတော့ (၂၀၂၄)မှာ တစ်ကြိမ်ပေးသွင်းခဲ့တယ်။ (၂၀၂၅)မှာ တစ်ကြိမ်ပေးသွင်းခဲ့တယ်” ဟု ဦးကျော်မိုးထွန်းက ဆိုလာသည်။
ယင်းသို့ ပေးသွင်းရာတွင် (၂၀၂၄) ခုနှစ်နှင့် (၂၀၂၅) ခုနှစ်တွင် ပေးသွင်းခဲ့သော ပမာဏမှာ NUG က ပေးလာသည့် ပိုက်ဆံဖြစ်ကာ မြန်မာကိုယ် စားလှယ်အဖွဲ့ရုံး၏ ဘဏ်အကောင့်မှတစ်ဆင့် ပေးသွင်းခဲ့ ခြင်းဖြစ်သည်ဟုဆိုသည်။ “ကုလသမဂ္ဂ ရုံးကိုပေါ့နော်။ ပေးရမယ့် Amount (၃)သိန်းကျော်ကို ကျွန်တော် တို့ နှစ်စဉ်ပေးသွင်းခဲ့ပြီးဖြစ်တယ်” ဟု ဦးကျော်မိုးထွန်းက ဆိုခဲ့သည်။
တစ်ဖက်တွင်မူ မြန်မာကိုယ်စားလှယ်အဖွဲ့ရုံးအတွက် Bank of America တွင် အကောင့်တစ်ခု ဖွင့်လှစ်ခဲ့ပြီး (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလအထိ အဆိုပါအကောင့်တွင် ဒေါ်လာ (၂.၆)သန်းခန့် ရှိနေ ကြောင်း အချက်အလက်များအရ သိရသော်လည်း ယခုပြောကြားချက်တွင် ယင်းဘဏ်မှ ငွေကြေးများ ကို ထည့်သွင်းပြောကြားခဲ့ခြင်းမရှိသည့်အတွက်လည်း ယင်းငွေများ အဘယ်သို့ ရောက်သွားသနည်း ဆိုခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
(၂၀၂၀) ပြည့်နှစ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် စတင်ခန့်အပ် ခံရသော ဦးကျော်မိုးထွန်းသည် (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီ (၂၆) ရက်တွင် ကျင်းပသော ကုလသမဂ္ဂ အထွေ ထွေညီလာခံတွင် ၎င်း၏ရပ်တည်ချက်ကို ပြောကြားကာ NUG အဖွဲ့ထံ အတိအလင်း ဘက်ပြောင်းသွား ခဲ့သည်။
ယင်းနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရကလည်း ထုတ်ပြန်ကြေညာကာ ရာထူးမှထုတ်ပယ်ခဲ့ပြီး ဖြစ်သော်လည်း ကုလသမဂ္ဂကမူ ၎င်းကိုဆက်လက် ကိုယ်စားပြုခွင့်ပေးခဲ့ရာ မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုခြင်းမရှိတော့သည့် မြန်မာနိုင်ငံ၏ ကိုယ်စား လှယ်ဟောင်းတစ်ဦး ဖြစ်သော်လည်း ဆက် လက် နေရာရနေခဲ့သည်။
ယင်းနောက် ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂ မှ ၎င်း၏ ခုံနေရာကို အကာအကွယ်ယူကာ NUG ကို ကျောထောက်နောက်ခံပြု၍ မြန်မာပြည်အရေးနှင့်ပတ်သက်၍ ပြောဆိုခြင်းများပြုလုပ်ခဲ့သည်။ ယင်း သို့ ပြုလုပ်ရာတွင် အထင်ရှားဆုံးဖြစ်စဉ်များအနက် တစ်ခုမှာ ICJ တွင် မြန်မာအစိုးရ ကိုယ်စား NUG ကို ကိုယ်စားပြုခွင့်တောင်းခဲ့ခြင်းဖြစ်သည်။ ဦးကျော်မိုးထွန်း၏ ကုလသမဂ္ဂတွင် ပြောကြားချက်အများစုမှာ မူ အဘယ်အကြောင်းအရာဖြစ်မည်ကို စာရှု့သူများ သိပါလိမ့်မည်။
ဦးကျော်မိုးထွန်းတို့အနေဖြင့် ငွေထည့်သွင်းရာတွင် ၎င်းတို့ ထိုင်ခုံတည်မြဲသည်ဆိုရုံသာ အလှူငွေ ထည့်သွင်းခဲ့ဖွယ်သော်လည်း သံရုံး၏ ရန်ပုံငွေမှာ လုံးဝစာရင်းပျောက်နေသောအခြေအနေ ဖြစ်သည်။
“ကုလမသဂ္ဂက နိုင်ငံတိုင်းကို တစ်ပြေးညီ ထည့်ဝင်ငွေ ကောက်တာမျိုးတော့ မဟုတ်ဘူး။ သူက နိုင်ငံအလိုက် စီးပွားရေးအခြေအနေအရ ကောက်တာပေါ့လေ။ သူတို့ ခုံနေရာမပျောက်အောင် အနည်း ဆုံးသွင်းလို့ရတဲ့ ပမာဏလောက်ပဲသွင်းထားတာမျိုးဖြစ်မယ်” ဟု နိုင်ငံတကာနှင့်ပတ်သက်၍ အတွေ့ အကြုံရှိသော သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
အင်တာနက်တွင် ဦးကျော်မိုးထွန်း၏ ပြောစကားနှင့်ပတ်သက်၍ ဝေဖန်မှုများရှိနေသည့် အနက် အများစုက သိလိုနေသောအချက်မှာ Bank of America တွင်အပ်ထားသည့် ဒေါ်လာ (၂.၆) သန်း ဘယ် ကိုရောက်သွားသနည်းဆိုသောအချက်ဖြစ်သည်။
“ဖြစ်စေချင်ကြတာက သံရုံးဘဏ်အကောင့်ထဲက ဒေါ်လာ (၂.၆) သန်းဆိုတာ ဘယ်ရောက်သွား လဲ။ ဘယ်ကိုလွှဲလိုက်လဲ။ Bank Statement လေးဖြစ်ဖြစ် ထုတ်ပြပေါ့နော်။ ဘယ်လွှဲလိုက်လဲ။ ဘာတွေ လုပ်နေလဲ။ ဘာတွေသုံးလဲဆိုတာ သိချင်တာ။ ဘယ်သူက ပိုတဲ့ငွေကို ကိုင်ထားလဲဆိုတာ သိချင်ကြ တယ်။ ပထမ သုံးသိန်းကို အဲဒီထဲက ပေးထားတယ် ပြောတယ်လေ။ ဒါကို လက်ခံပြီ။ အဲဒီလို ပေးထား တယ်ဆိုရင်တောင်မှပဲ ဒေါ်လာ (၂ . ၃) သန်းတော့ ကျန်မှာပဲလေ။ အဲဒါတွေက ဘယ်မှာရောက်နေလဲ။ ဘယ်သူက တာဝန်ခံထိန်းနေတာလဲ။ ဒီပိုက်ဆံတွေကို ဘယ်နေရာမှာ သုံးနေလဲဆိုတာ ဖော်ပြစေချင်ကြ တာ” ဟု အမည်မဖော်လိုသော နိုင်ငံရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
ကုလသမဂ္ဂသို့ နှစ်စဉ် ရန်ပုံငွေသွင်းထားသည် ဆိုသောအချက်နှင့်ပတ်သက်၍ NP News က လေ့လာခဲ့ရာ (၂၀၂၀)ပြည့်နှစ်က အပြည့်အဝ သွင်းထားကြောင်း တွေ့ရသော်လည်း ကျန်ကာလများတွင် အပြည့်အဝ ငွေသွင်းသောနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံကို မတွေ့ရပေ။ သို့သော် ကုလသမဂ္ဂက ထုတ်ပြန်သည့် (၂၀၂၄ - ၂၀၂၅) ခုနှစ်အတွက် ပမာဏအနည်းဆုံးပေးသွင်းရမည့် ပမာဏကိုပင် ပေးသွင်း ထားခြင်းမရှိသော နိုင်ငံများ စာရင်းတွင်လည်း မြန်မာနိုင်ငံကို မတွေ့ရပေ။ ထူးဆန်းသည့်အချက်မှာ NUG ထောက်ခံသူများသည် ဟုတ်ခြင်း၊ မဟုတ်ခြင်းထက် ဘူးခံကာ ဦးကျော်မိုးထွန်းနှင့် NUG ဘက်မှ အပြည့်အဝကာကွယ်နေ ကြခြင်းဖြစ်ပြီး ယင်းမှာ ရယ်စရာပင် ကောင်းခဲ့သည်။ NP News က အင်တာ နက်တွင် အများဆုံးတွေ့မြင်ရသည့် NUG ထောက်ခံသူများက တင်ထားကြသော ဦးကျော်မိုးထွန်းတို့ ပေးသွင်းသည် ဆိုသော ပမာဏစာရင်းအချက်အလက်မှာ ပေးသွင်းသည့် ပမာဏကို ဖော်ပြထားခြင်း မျိုးမဟုတ်ဘဲ မြန်မာနိုင်ငံက ပေးသွင်းရမည့် ပမာဏကိုသာလျှင် ဖော်ပြထားခြင်းဖြစ်ပြီး ယင်းကိုပင်လျှင် အများအပြား ပြန်လည်မျှဝေနေကြခြင်းဖြစ်သည်။
ဦးကျော်မိုးထွန်းက အမေရိကန်ဒေါ်လာ သုံးသိန်းကို သုံးကြိမ်ပေးခဲ့သည်ဟု ပြောကြားမှုကြောင့် ဝေဖန်မှုများရှိပြီးနောက် NUG မှ နေဘုန်းလတ်က ၎င်းတို့ပိုင် မီဒီယာကတစ်ဆင့် ပြန်လည်ရှင်းလင်းခဲ့ ရာ ကုလသမဂ္ဂသို့ မဲပေးခွင့် ထိန်းသိမ်းရန်အနည်းဆုံး ငွေပမာဏကို သုံးကြိမ်တိုင်တိုင်ပေးခဲ့သည်ဟု အထောက်အထားများဖြင့် ပြောကြားခဲ့သော်လည်း ပြည်သူများကမူ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ထက်က ယင်းသတင်း၏အောက်တွင် သံရုံးရန်ပုံငွေ (၂.၆) သန်း အဘယ်ရောက်သွားသနည်းဟု မှတ်ချက်ပေး မေးမြန်းနေကြသည်။ ယင်းနှင့်ပတ်သက်၍ NLD လူဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသူ ဒေါ်စန်းစန်းမော်က ၎င်း ၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဦးကျော်မိုးထွန်းကို မေးခွန်းထုတ်ထားသည်။
“ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံး နာမည်နဲ့ Bank of America ထဲမှာ ဒေါ်လာငွေ (၂.၆) သန်းရဲ့ Bank Statement ကို ပြည်သူလူထုကို ချပြလိုက်ပါ ကျော်မိုးထွန်း။ လောလောဆယ် နင်ချက်ချင်း လုပ်ရ မှာက ဒေါ်လာ (၂.၆) သန်း ဘယ်ရောက်နေလဲ အဖြေပေးပါ ကျော်မိုးထွန်း” ဟု ရေးသားထားပြီး NUG က လည်း ယင်းငွေများကို တစ်ကြိမ်မျှ ထုတ်ပြန်ခြင်းမရှိဟု ပြောကြားထားသည်။

Zawgyi Version:
ဦးေက်ာ္မိုးထြန္းႏွင့္ ေငြ႕ပ်ံသြားေသာ ကန္ေဒၚလာမ်ား
သုတေက်ာ္ (NP News)
ကုလသမဂၢတြင္ မဲေပးခြင့္မဆုံးရႈံးေစရန္အတြက္ ကုလသမဂၢသို႔ ထည့္ဝင္ေငြ အေမရိကန္ ေဒၚ လာ သုံးသိန္းေက်ာ္ကို သုံးခါေပးသြင္းခဲ့ေၾကာင္း NUG ၏ မီဒီယာတြင္ ကုလသမဂၢ ျမန္မာအၿမဲတမ္း ကိုယ္စားလွယ္ဟုဆိုသူ ဦးေက်ာ္မိုးထြန္းက အင္တာဗ်ဴးေျဖၾကားခဲ့ရာ ယင္းသည္ အင္တာနက္တြင္ လူေျပာမ်ားေသာ အေၾကာင္းအရာတစ္ခုျဖစ္လာခဲ့သည္။
“ပထမတစ္ႀကိမ္ ေပးသြင္းတုန္းကေတာ့ အဖြဲ႕႐ုံးရဲ႕ ရန္ပုံေငြေအာက္မွာရွိတဲ့ ေငြထဲကေနပဲ(၃) သိန္းေက်ာ္ကို ကုလသမဂၢကို ေပးသြင္းခဲ့တာ ရွိပါတယ္။ ၿပီးေတာ့ (၂၀၂၄)မွာ တစ္ႀကိမ္ေပးသြင္းခဲ့တယ္။ (၂၀၂၅)မွာ တစ္ႀကိမ္ေပးသြင္းခဲ့တယ္” ဟု ဦးေက်ာ္မိုးထြန္းက ဆိုလာသည္။
ယင္းသို႔ ေပးသြင္းရာတြင္ (၂၀၂၄) ခုႏွစ္ႏွင့္ (၂၀၂၅) ခုႏွစ္တြင္ ေပးသြင္းခဲ့ေသာ ပမာဏမွာ NUG က ေပးလာသည့္ ပိုက္ဆံျဖစ္ကာ ျမန္မာကိုယ္ စားလွယ္အဖြဲ႕႐ုံး၏ ဘဏ္အေကာင့္မွတစ္ဆင့္ ေပးသြင္းခဲ့ ျခင္းျဖစ္သည္ဟုဆိုသည္။ “ကုလသမဂၢ ႐ုံးကိုေပါ့ေနာ္။ ေပးရမယ့္ Amount (၃)သိန္းေက်ာ္ကို ကြၽန္ေတာ္ တို႔ ႏွစ္စဥ္ေပးသြင္းခဲ့ၿပီးျဖစ္တယ္” ဟု ဦးေက်ာ္မိုးထြန္းက ဆိုခဲ့သည္။
တစ္ဖက္တြင္မူ ျမန္မာကိုယ္စားလွယ္အဖြဲ႕႐ုံးအတြက္ Bank of America တြင္ အေကာင့္တစ္ခု ဖြင့္လွစ္ခဲ့ၿပီး (၂၀၂၁)ခုႏွစ္ ေဖေဖာ္ဝါရီလအထိ အဆိုပါအေကာင့္တြင္ ေဒၚလာ (၂.၆)သန္းခန႔္ ရွိေန ေၾကာင္း အခ်က္အလက္မ်ားအရ သိရေသာ္လည္း ယခုေျပာၾကားခ်က္တြင္ ယင္းဘဏ္မွ ေငြေၾကးမ်ား ကို ထည့္သြင္းေျပာၾကားခဲ့ျခင္းမရွိသည့္အတြက္လည္း ယင္းေငြမ်ား အဘယ္သို႔ ေရာက္သြားသနည္း ဆိုျခင္းမွာ ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့သည္။
(၂၀၂၀) ျပည့္ႏွစ္တြင္ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္း ကိုယ္စားလွယ္အျဖစ္ စတင္ခန႔္အပ္ ခံရေသာ ဦးေက်ာ္မိုးထြန္းသည္ (၂၀၂၁)ခုႏွစ္ ေဖေဖာ္ဝါရီ (၂၆) ရက္တြင္ က်င္းပေသာ ကုလသမဂၢ အေထြ ေထြညီလာခံတြင္ ၎၏ရပ္တည္ခ်က္ကို ေျပာၾကားကာ NUG အဖြဲ႕ထံ အတိအလင္း ဘက္ေျပာင္းသြား ခဲ့သည္။
ယင္းႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္အစိုးရကလည္း ထုတ္ျပန္ေၾကညာကာ ရာထူးမွထုတ္ပယ္ခဲ့ၿပီး ျဖစ္ေသာ္လည္း ကုလသမဂၢကမူ ၎ကိုဆက္လက္ ကိုယ္စားျပဳခြင့္ေပးခဲ့ရာ ျမန္မာတစ္ႏိုင္ငံလုံးကို ကိုယ္စားျပဳျခင္းမရွိေတာ့သည့္ ျမန္မာႏိုင္ငံ၏ ကိုယ္စား လွယ္ေဟာင္းတစ္ဦး ျဖစ္ေသာ္လည္း ဆက္ လက္ ေနရာရေနခဲ့သည္။
ယင္းေနာက္ ဦးေက်ာ္မိုးထြန္းသည္ ကုလသမဂၢ မွ ၎၏ ခုံေနရာကို အကာအကြယ္ယူကာ NUG ကို ေက်ာေထာက္ေနာက္ခံျပဳ၍ ျမန္မာျပည္အေရးႏွင့္ပတ္သက္၍ ေျပာဆိုျခင္းမ်ားျပဳလုပ္ခဲ့သည္။ ယင္း သို႔ ျပဳလုပ္ရာတြင္ အထင္ရွားဆုံးျဖစ္စဥ္မ်ားအနက္ တစ္ခုမွာ ICJ တြင္ ျမန္မာအစိုးရ ကိုယ္စား NUG ကို ကိုယ္စားျပဳခြင့္ေတာင္းခဲ့ျခင္းျဖစ္သည္။ ဦးေက်ာ္မိုးထြန္း၏ ကုလသမဂၢတြင္ ေျပာၾကားခ်က္အမ်ားစုမွာ မူ အဘယ္အေၾကာင္းအရာျဖစ္မည္ကို စာရႈ႕သူမ်ား သိပါလိမ့္မည္။
ဦးေက်ာ္မိုးထြန္းတို႔အေနျဖင့္ ေငြထည့္သြင္းရာတြင္ ၎တို႔ ထိုင္ခုံတည္ၿမဲသည္ဆို႐ုံသာ အလႉေငြ ထည့္သြင္းခဲ့ဖြယ္ေသာ္လည္း သံ႐ုံး၏ ရန္ပုံေငြမွာ လုံးဝစာရင္းေပ်ာက္ေနေသာအေျခအေန ျဖစ္သည္။
“ကုလမသဂၢက ႏိုင္ငံတိုင္းကို တစ္ေျပးညီ ထည့္ဝင္ေငြ ေကာက္တာမ်ိဳးေတာ့ မဟုတ္ဘူး။ သူက ႏိုင္ငံအလိုက္ စီးပြားေရးအေျခအေနအရ ေကာက္တာေပါ့ေလ။ သူတို႔ ခုံေနရာမေပ်ာက္ေအာင္ အနည္း ဆုံးသြင္းလို႔ရတဲ့ ပမာဏေလာက္ပဲသြင္းထားတာမ်ိဳးျဖစ္မယ္” ဟု ႏိုင္ငံတကာႏွင့္ပတ္သက္၍ အေတြ႕ အႀကဳံရွိေသာ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
အင္တာနက္တြင္ ဦးေက်ာ္မိုးထြန္း၏ ေျပာစကားႏွင့္ပတ္သက္၍ ေဝဖန္မႈမ်ားရွိေနသည့္ အနက္ အမ်ားစုက သိလိုေနေသာအခ်က္မွာ Bank of America တြင္အပ္ထားသည့္ ေဒၚလာ (၂.၆) သန္း ဘယ္ ကိုေရာက္သြားသနည္းဆိုေသာအခ်က္ျဖစ္သည္။
“ျဖစ္ေစခ်င္ၾကတာက သံ႐ုံးဘဏ္အေကာင့္ထဲက ေဒၚလာ (၂.၆) သန္းဆိုတာ ဘယ္ေရာက္သြား လဲ။ ဘယ္ကိုလႊဲလိုက္လဲ။ Bank Statement ေလးျဖစ္ျဖစ္ ထုတ္ျပေပါ့ေနာ္။ ဘယ္လႊဲလိုက္လဲ။ ဘာေတြ လုပ္ေနလဲ။ ဘာေတြသုံးလဲဆိုတာ သိခ်င္တာ။ ဘယ္သူက ပိုတဲ့ေငြကို ကိုင္ထားလဲဆိုတာ သိခ်င္ၾက တယ္။ ပထမ သုံးသိန္းကို အဲဒီထဲက ေပးထားတယ္ ေျပာတယ္ေလ။ ဒါကို လက္ခံၿပီ။ အဲဒီလို ေပးထား တယ္ဆိုရင္ေတာင္မွပဲ ေဒၚလာ (၂ . ၃) သန္းေတာ့ က်န္မွာပဲေလ။ အဲဒါေတြက ဘယ္မွာေရာက္ေနလဲ။ ဘယ္သူက တာဝန္ခံထိန္းေနတာလဲ။ ဒီပိုက္ဆံေတြကို ဘယ္ေနရာမွာ သုံးေနလဲဆိုတာ ေဖာ္ျပေစခ်င္ၾက တာ” ဟု အမည္မေဖာ္လိုေသာ ႏိုင္ငံေရးသတင္းရင္းျမစ္တစ္ဦးက ဆိုသည္။
ကုလသမဂၢသို႔ ႏွစ္စဥ္ ရန္ပုံေငြသြင္းထားသည္ ဆိုေသာအခ်က္ႏွင့္ပတ္သက္၍ NP News က ေလ့လာခဲ့ရာ (၂၀၂၀)ျပည့္ႏွစ္က အျပည့္အဝ သြင္းထားေၾကာင္း ေတြ႕ရေသာ္လည္း က်န္ကာလမ်ားတြင္ အျပည့္အဝ ေငြသြင္းေသာႏိုင္ငံမ်ားစာရင္းတြင္ ျမန္မာႏိုင္ငံကို မေတြ႕ရေပ။ သို႔ေသာ္ ကုလသမဂၢက ထုတ္ျပန္သည့္ (၂၀၂၄ - ၂၀၂၅) ခုႏွစ္အတြက္ ပမာဏအနည္းဆုံးေပးသြင္းရမည့္ ပမာဏကိုပင္ ေပးသြင္း ထားျခင္းမရွိေသာ ႏိုင္ငံမ်ား စာရင္းတြင္လည္း ျမန္မာႏိုင္ငံကို မေတြ႕ရေပ။ ထူးဆန္းသည့္အခ်က္မွာ NUG ေထာက္ခံသူမ်ားသည္ ဟုတ္ျခင္း၊ မဟုတ္ျခင္းထက္ ဘူးခံကာ ဦးေက်ာ္မိုးထြန္းႏွင့္ NUG ဘက္မွ အျပည့္အဝကာကြယ္ေန ၾကျခင္းျဖစ္ၿပီး ယင္းမွာ ရယ္စရာပင္ ေကာင္းခဲ့သည္။ NP News က အင္တာ နက္တြင္ အမ်ားဆုံးေတြ႕ျမင္ရသည့္ NUG ေထာက္ခံသူမ်ားက တင္ထားၾကေသာ ဦးေက်ာ္မိုးထြန္းတို႔ ေပးသြင္းသည္ ဆိုေသာ ပမာဏစာရင္းအခ်က္အလက္မွာ ေပးသြင္းသည့္ ပမာဏကို ေဖာ္ျပထားျခင္း မ်ိဳးမဟုတ္ဘဲ ျမန္မာႏိုင္ငံက ေပးသြင္းရမည့္ ပမာဏကိုသာလွ်င္ ေဖာ္ျပထားျခင္းျဖစ္ၿပီး ယင္းကိုပင္လွ်င္ အမ်ားအျပား ျပန္လည္မွ်ေဝေနၾကျခင္းျဖစ္သည္။
ဦးေက်ာ္မိုးထြန္းက အေမရိကန္ေဒၚလာ သုံးသိန္းကို သုံးႀကိမ္ေပးခဲ့သည္ဟု ေျပာၾကားမႈေၾကာင့္ ေဝဖန္မႈမ်ားရွိၿပီးေနာက္ NUG မွ ေနဘုန္းလတ္က ၎တို႔ပိုင္ မီဒီယာကတစ္ဆင့္ ျပန္လည္ရွင္းလင္းခဲ့ ရာ ကုလသမဂၢသို႔ မဲေပးခြင့္ ထိန္းသိမ္းရန္အနည္းဆုံး ေငြပမာဏကို သုံးႀကိမ္တိုင္တိုင္ေပးခဲ့သည္ဟု အေထာက္အထားမ်ားျဖင့္ ေျပာၾကားခဲ့ေသာ္လည္း ျပည္သူမ်ားကမူ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ထက္က ယင္းသတင္း၏ေအာက္တြင္ သံ႐ုံးရန္ပုံေငြ (၂.၆) သန္း အဘယ္ေရာက္သြားသနည္းဟု မွတ္ခ်က္ေပး ေမးျမန္းေနၾကသည္။ ယင္းႏွင့္ပတ္သက္၍ NLD လူေဟာင္းတစ္ဦးျဖစ္ခဲ့ဖူးသူ ေဒၚစန္းစန္းေမာ္က ၎ ၏ လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္ ဦးေက်ာ္မိုးထြန္းကို ေမးခြန္းထုတ္ထားသည္။
“ကုလသမဂၢဆိုင္ရာျမန္မာသံ႐ုံး နာမည္နဲ႔ Bank of America ထဲမွာ ေဒၚလာေငြ (၂.၆) သန္းရဲ႕ Bank Statement ကို ျပည္သူလူထုကို ခ်ျပလိုက္ပါ ေက်ာ္မိုးထြန္း။ ေလာေလာဆယ္ နင္ခ်က္ခ်င္း လုပ္ရ မွာက ေဒၚလာ (၂.၆) သန္း ဘယ္ေရာက္ေနလဲ အေျဖေပးပါ ေက်ာ္မိုးထြန္း” ဟု ေရးသားထားၿပီး NUG က လည္း ယင္းေငြမ်ားကို တစ္ႀကိမ္မွ် ထုတ္ျပန္ျခင္းမရွိဟု ေျပာၾကားထားသည္။

Related news

© 2021. All rights reserved.