ဝ ၏ UWSP နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ရိုးရိုးကုပ်ကုပ်နေရန်၊ အခွင့်အရေး မရှာရန် ညွှန်ကြားချက် ထုတ်

15762

သုတကျော် (NP News) - ဖေဖော်ဝါရီ ၁၆
ကိုယ်ကျင့်တရား နှင့် ပတ်သက်၍ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၏ နိုင်ငံရေးပါတီ ဖြစ်သော UWSP နှင့် အဆိုပါ ဒေသမှ ၎င်းတို့၏ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ရိုးရိုးကုပ်ကုပ်နေရန်၊ အခွင့်အရေး မရှာရန် စသည်ဖြင့် အချက်များ ပါဝင်သော ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၏ ဗဟိုကော်မတီ က ယင်း ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး ချမ်းသာကြွယ်ဝမှုကို ပြသခြင်း ၊ဖြုန်းတီးမှုအပြိုင်အဆိုင်များတွင် ပါဝင်ခြင်း၊ တန်ဖိုးကြီးလက်ဆောင်များ ဖလှယ်ခြင်း၊ ကိုယ်ပိုင်ကွန်ယက်များ မွေးမြူခြင်း၊ တရားဝင်မဟုတ်သော အခွင့်ကောင်းများ ရှာဖွေခြင်း၊ ထိုသို့သော အလေ့အထများသည် ပြည်သူများကြားတွင် ပါတီ၏ ပုံရိပ်ကို ထိခိုက်စေပြီး ၎င်း၏ အုပ်ချုပ်မှု
မင်္ဂလာဆောင်များသည် ရိုးရှင်းရမည်ဖြစ်ပြီး တရားမဝင်၊ အပျက်သဘောဆောင်သည့် ဖျော်ဖြေရေးများ ကင်းစင်ရမည် ဖြစ်ကြောင်း၊ အသုဘများကို ရိုးရှင်းစေသင့်ပြီး သေဆုံးပြီးနောက် ခမ်းနားသော အခမ်းအနားများ ကျင်းပခြင်းထက် မိဘများ သက်ရှိထင်ရှားရှိစဉ် ပြုစုစောင့်ရှောက်ခြင်းကို အလေးပေးသင့်ကြောင်းလည်း ဖော်ပြထားသည်။
သတို့သမီးတင်တောင်းရာတွင် ငွေကြေးလက် ဆောင်များကို လျှော့ချသင့်ပြီး မွေးနေ့ပွဲများသည်လည်း အဆင့်အတန်းပြသမှုများထက် မိသားစု အသိုင်းအဝိုင်းများနှင့် အတူရှိခြင်းက ပြီးပြည့်စုံကြောင်း ဖော်ပြထားကာ ပွဲလမ်းသဘင်များအတွက် လမ်းများ ပိတ်ဆို့ခြင်းကို တားမြစ်ကာ နေထိုင်သူများကို အနှောင့်အယှက်မဖြစ်စေရန် အခမ်းအနားများအတွင်း တေးဂီတဖျော်ဖြေမှုတွေကို ကန့်သတ်ထားသည်။
ချမ်းသာကြွယ်ဝမှု အများရှေ့ပြသခြင်းနှင့် အလွန်အကျွံ အခမ်းအနားကျင်းပခြင်းသည် ပါတီတာဝန်ရှိသူများအတွက် လက်ခံနိုင်ဖွယ်ရာ မရှိဟုလည်း ယင်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

Zawgyi Version:
ဝ ၏ UWSP ႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား ႐ိုး႐ိုးကုပ္ကုပ္ေနရန္၊ အခြင့္အေရး မရွာရန္ ၫႊန္ၾကားခ်က္ ထုတ္
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁၆
ကိုယ္က်င့္တရား ႏွင့္ ပတ္သက္၍ ဝ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း ၏ ႏိုင္ငံေရးပါတီ ျဖစ္ေသာ UWSP ႏွင့္ အဆိုပါ ေဒသမွ ၎တို႔၏ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားအေနျဖင့္ ႐ိုး႐ိုးကုပ္ကုပ္ေနရန္၊ အခြင့္အေရး မရွာရန္ စသည္ျဖင့္ အခ်က္မ်ား ပါဝင္ေသာ ၫႊန္ၾကားခ်က္တစ္ရပ္ကို ထုတ္ျပန္လိုက္ေၾကာင္း သိရသည္။
ဝ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း ၏ ဗဟိုေကာ္မတီ က ယင္း ၫႊန္ၾကားခ်က္ကို ထုတ္ျပန္လိုက္ျခင္း ျဖစ္ၿပီး ခ်မ္းသာႂကြယ္ဝမႈကို ျပသျခင္း ၊ျဖဳန္းတီးမႈအၿပိဳင္အဆိုင္မ်ားတြင္ ပါဝင္ျခင္း၊ တန္ဖိုးႀကီးလက္ေဆာင္မ်ား ဖလွယ္ျခင္း၊ ကိုယ္ပိုင္ကြန္ယက္မ်ား ေမြးျမဴျခင္း၊ တရားဝင္မဟုတ္ေသာ အခြင့္ေကာင္းမ်ား ရွာေဖြျခင္း၊ ထိုသို႔ေသာ အေလ့အထမ်ားသည္ ျပည္သူမ်ားၾကားတြင္ ပါတီ၏ ပုံရိပ္ကို ထိခိုက္ေစၿပီး ၎၏ အုပ္ခ်ဳပ္မႈ
မဂၤလာေဆာင္မ်ားသည္ ႐ိုးရွင္းရမည္ျဖစ္ၿပီး တရားမဝင္၊ အပ်က္သေဘာေဆာင္သည့္ ေဖ်ာ္ေျဖေရးမ်ား ကင္းစင္ရမည္ ျဖစ္ေၾကာင္း၊ အသုဘမ်ားကို ႐ိုးရွင္းေစသင့္ၿပီး ေသဆုံးၿပီးေနာက္ ခမ္းနားေသာ အခမ္းအနားမ်ား က်င္းပျခင္းထက္ မိဘမ်ား သက္ရွိထင္ရွားရွိစဥ္ ျပဳစုေစာင့္ေရွာက္ျခင္းကို အေလးေပးသင့္ေၾကာင္းလည္း ေဖာ္ျပထားသည္။
သတို႔သမီးတင္ေတာင္းရာတြင္ ေငြေၾကးလက္ ေဆာင္မ်ားကို ေလွ်ာ့ခ်သင့္ၿပီး ေမြးေန႔ပြဲမ်ားသည္လည္း အဆင့္အတန္းျပသမႈမ်ားထက္ မိသားစု အသိုင္းအဝိုင္းမ်ားႏွင့္ အတူရွိျခင္းက ၿပီးျပည့္စုံေၾကာင္း ေဖာ္ျပထားကာ ပြဲလမ္းသဘင္မ်ားအတြက္ လမ္းမ်ား ပိတ္ဆို႔ျခင္းကို တားျမစ္ကာ ေနထိုင္သူမ်ားကို အေႏွာင့္အယွက္မျဖစ္ေစရန္ အခမ္းအနားမ်ားအတြင္း ေတးဂီတေဖ်ာ္ေျဖမႈေတြကို ကန႔္သတ္ထားသည္။
ခ်မ္းသာႂကြယ္ဝမႈ အမ်ားေရွ႕ျပသျခင္းႏွင့္ အလြန္အကြၽံ အခမ္းအနားက်င္းပျခင္းသည္ ပါတီတာဝန္ရွိသူမ်ားအတြက္ လက္ခံႏိုင္ဖြယ္ရာ မရွိဟုလည္း ယင္း ၫႊန္ၾကားခ်က္တြင္ ေဖာ္ျပထားသည္။