ပိုလန်က နျူကလီးယားလက်နက်တွေလိုအပ်တယ်လို့ သမ္မတကာရိုးနော်ရော်ကီပြော

 109

Pika (NP News) - ဖေဖော်ဝါရီ ၁၇

ပိုလန်နိုင်ငံက ၎င်းရဲ့ကိုယ်ပိုင်နျူကလီးယားလက်နက်အစီအစဉ်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ဖို့ လိုအပ် တယ်လို့ ပိုလန်သမ္မတကာရိုးနော်ရော်ကီက အကြံပြုပြောဆိုခဲ့ပါတယ်။ ရုရှားရဲ့ခြိမ်းခြောက်မှုတွေ မြင့်တက်လာ တာကို ကိုးကားပြီး ကာရိုးနော်ရော်ကီက ယခုလိုအကြံပြုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ရုရုားရဲ့ရန်လိုမှုတွေမြင့်တက်လာမှုနဲ့အတူ ကိုယ်ပိုင်စစ်ရေးတည်ဆောက်မှုတွေကိုမြှင့်တင်ဖို့ နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံတွေက ဆွေးနွေးတိုင်ပင်မှုတွေရှိနေချိန်မှာပဲ ကာရိုးနော်ရော်ကီက ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရုရှားကို ခြိမ်းခြောက်မှုတစ်ခုအဖြစ်သတ်မှတ်ထားတဲ့ပြောဆိုချက်တွေက အဓိပ္ပါယ်မဲ့ပြီး အခြေအမြစ်မရှိတဲ့ပြောဆိုချက်တွေဖြစ်တယ်လို့လည်း ရုရှားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ပိုလန်နိုင်ငံက နျူကလီးယားစီမံကိန်းမှာ ပါဝင်မှာကို ပြင်းပြင်းထန်ထန်ထောက်ခံတယ်လို့လည်း ကာရိုးနော်ရော်ကီက ပြောကြားခဲ့ပါတယ်။
ကာရိုးနော်ရော်ကီက “ပိုလန်က ကိုယ်ပိုင်နျူကလီးယားလက်နက်အစီအစဉ်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း ဒီလမ်းကြောင်းအတိုင်း လိုက်ဖြစ်/မလိုက်ဖြစ် ဆိုတာကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ပိုလန္က န်ဴကလီးယားလက္နက္ေတြလိုအပ္တယ္လို႔ သမၼတကာ႐ိုးေနာ္ေရာ္ကီေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၇
ပိုလန္ႏိုင္ငံက ၎ရဲ႕ကိုယ္ပိုင္န်ဴကလီးယားလက္နက္အစီအစဥ္ကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္လုပ္ေဆာင္ဖို႔ လိုအပ္ တယ္လို႔ ပိုလန္သမၼတကာ႐ိုးေနာ္ေရာ္ကီက အႀကံျပဳေျပာဆိုခဲ့ပါတယ္။ ႐ုရွားရဲ႕ၿခိမ္းေျခာက္မႈေတြ ျမင့္တက္လာ တာကို ကိုးကားၿပီး ကာ႐ိုးေနာ္ေရာ္ကီက ယခုလိုအႀကံျပဳေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
႐ု႐ုားရဲ႕ရန္လိုမႈေတြျမင့္တက္လာမႈနဲ႔အတူ ကိုယ္ပိုင္စစ္ေရးတည္ေဆာက္မႈေတြကိုျမႇင့္တင္ဖို႔ ေနတိုးအဖြဲ႕ဝင္ ဥေရာပႏိုင္ငံေတြက ေဆြးေႏြးတိုင္ပင္မႈေတြရွိေနခ်ိန္မွာပဲ ကာ႐ိုးေနာ္ေရာ္ကီက ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။
ဒါေပမယ့္လည္း ႐ုရွားကို ၿခိမ္းေျခာက္မႈတစ္ခုအျဖစ္သတ္မွတ္ထားတဲ့ေျပာဆိုခ်က္ေတြက အဓိပၸါယ္မဲ့ၿပီး အေျခအျမစ္မရွိတဲ့ေျပာဆိုခ်က္ေတြျဖစ္တယ္လို႔လည္း ႐ုရွားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ပိုလန္ႏိုင္ငံက န်ဴကလီးယားစီမံကိန္းမွာ ပါဝင္မွာကို ျပင္းျပင္းထန္ထန္ေထာက္ခံတယ္လို႔လည္း ကာ႐ိုးေနာ္ေရာ္ကီက ေျပာၾကားခဲ့ပါတယ္။
ကာ႐ိုးေနာ္ေရာ္ကီက “ပိုလန္က ကိုယ္ပိုင္န်ဴကလီးယားလက္နက္အစီအစဥ္ကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္လည္း ဒီလမ္းေၾကာင္းအတိုင္း လိုက္ျဖစ္/မလိုက္ျဖစ္ ဆိုတာကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးပါဘူး” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.