လျှို့ဝှက်လက်နက်သဘောတူညီချက်တစ်ခုကို အီရန်နဲ့ ရုရှားတို့သဘောတူ

348
Pika (NP News) - ဖေဖော်ဝါရီ ၂၄
ရုရှားနဲ့ အမေရိကန်ဒေါ်လာ(၅၈၉)သန်းတန်ဖိုးရှိ လက်နက်သဘောတူညီတစ်ခုကို အီရန်က လျှို့ဝှက်စွာ သဘောတူညီခဲ့တယ်လို့ Financial Times သတင်းစာ က ရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီသဘောတူညီချက်အရ အီရန်က ရုရှားဆီကနေ အဆင့်မြင့်ပခုံးတင်ပစ်ဒုံးကျည်ထောင်ပေါင်းများစွာကို ရရှိသွား မှာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက မော်စကိုမြို့မှာ လက်မှတ်ရေးထိုးခဲ့တဲ့သဘောတူညီချက်အရ ရုရှားက လူသယ်ဆောင်နိုင်တဲ့ Verba ဒုံးကျည်အစင်းရေ(၅၀၀)နဲ့ “9M336” ဒုံးကျည်အစင်းရေ(၂၅၀၀)ကို အချိန်(၃)နှစ် အတွင်း အီရန်ကိုပေးပို့ဖို့ ကတိပြုထားတယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် သဘောတူညီချက်အရ (၂၀၂၇)ခုနှစ်ကနေ (၂၀၂၉)ခုနှစ်အထိ အပိုင်းသုံးပိုင်းနဲ့ ပို့ဆောင်ဖို့ စီစဉ်ထားတယ် လို့လည်း သိရပါတယ်။ အဲဒီသဘောတူညီချက်ကို ရုရှားနိုင်ငံပိုင် လက်နက်တင်ပို့တဲ့ကုမ္ပဏီ Rosoboronexport နဲ့ အီရန်ကာကွယ်ရေးနဲ့ လက်နက်ထောက်ပံ့ပို့ဆောင်ရေးဝန်ကြီးဌာန (MODAFL) ရဲ့ ရုရှားကိုယ်စားလှယ်တို့ကြားမှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
Zawgyi Version;
လွ်ိဳ႕ဝွက္လက္နက္သေဘာတူညီခ်က္တစ္ခုကို အီရန္နဲ႔ ႐ုရွားတို႔သေဘာတူ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၄
႐ုရွားနဲ႔ အေမရိကန္ေဒၚလာ(၅၈၉)သန္းတန္ဖိုးရွိ လက္နက္သေဘာတူညီတစ္ခုကို အီရန္က လွ်ိဳ႕ဝွက္စြာ သေဘာတူညီခဲ့တယ္လို႔ Financial Times သတင္းစာ က ေရးသားေဖာ္ျပခဲ့ပါတယ္။
အဲဒီသေဘာတူညီခ်က္အရ အီရန္က ႐ုရွားဆီကေန အဆင့္ျမင့္ပခုံးတင္ပစ္ဒုံးက်ည္ေထာင္ေပါင္းမ်ားစြာကို ရရွိသြား မွာျဖစ္တယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလတုန္းက ေမာ္စကိုၿမိဳ႕မွာ လက္မွတ္ေရးထိုးခဲ့တဲ့သေဘာတူညီခ်က္အရ ႐ုရွားက လူသယ္ေဆာင္ႏိုင္တဲ့ Verba ဒုံးက်ည္အစင္းေရ(၅၀၀)နဲ႔ “9M336” ဒုံးက်ည္အစင္းေရ(၂၅၀၀)ကို အခ်ိန္(၃)ႏွစ္ အတြင္း အီရန္ကိုေပးပို႔ဖို႔ ကတိျပဳထားတယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ သေဘာတူညီခ်က္အရ (၂၀၂၇)ခုႏွစ္ကေန (၂၀၂၉)ခုႏွစ္အထိ အပိုင္းသုံးပိုင္းနဲ႔ ပို႔ေဆာင္ဖို႔ စီစဥ္ထားတယ္ လို႔လည္း သိရပါတယ္။ အဲဒီသေဘာတူညီခ်က္ကို ႐ုရွားႏိုင္ငံပိုင္ လက္နက္တင္ပို႔တဲ့ကုမၸဏီ Rosoboronexport နဲ႔ အီရန္ကာကြယ္ေရးနဲ႔ လက္နက္ေထာက္ပံ့ပို႔ေဆာင္ေရးဝန္ႀကီးဌာန (MODAFL) ရဲ႕ ႐ုရွားကိုယ္စားလွယ္တို႔ၾကားမွာ လက္မွတ္ေရးထိုးခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။