မူးယစ်ဂိုဏ်းခေါင်းဆောင် သတ်ခံရပြီးနောက် မက္ကဆီကိုတစ်ဝှမ်းမှာ အကြမ်းဖက်မှုတွေဖြစ်ပွားလာ

89

Pika (NP News) - ဖေဖော်ဝါရီ ၂၄
မက္ကဆီကိုနိုင်ငံတစ်ဝှမ်းက မြို့ပေါင်းများစွာမှာ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ လုံခြုံရေးအရာရှိတွေကြားမှာ ထိပ်တိုက် တွေ့ဆုံမှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မက္ကဆီကိုစစ်တပ်က ထိပ်တန်းမူးယစ်ရာဇာအယ်လ်မန်ချိုကို သတ်ပစ်ခဲ့ပြီးနောက် ယခုလိုဆူပူသောင်းကျန်းမှုတွေ ဖြစ်ပွားလာတာပဲဖြစ်ပါတယ်။
မက္ကဆီကိုစစ်တပ်ရဲ့ အထူးတပ်ဖွဲ့တွေဟာ Jalisco New Generation Cartel (CJNG) မူးယစ်ဂိုဏ်းရဲ့ခေါင်းဆောင် အယ်လ်မန်ချိုကို အောင်မြင်စွာသတ်ပစ်နိုင်ခဲ့တယ်လို့ မက္ကဆီကို အမျိုးသားကာကွယ်ရေးဝန်ကြီးရုံးက ထုတ်ပြန် ကြေညာခဲ့တာလည်းဖြစ်ပါတယ်။
Tapalpa မြို့မှာ ၎င်းကို ဖမ်းဆီးဖို့လုပ်ဆောင်ခဲ့တဲ့စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးတစ်ခုအတွင်း ရရှိခဲ့တဲ့ဒဏ်ရာတွေ ကြောင့်ပဲ အယ်လ်မန်ချိုက သေဆုံးသွားခဲ့တာဖြစ်တယ်လို့ မက္ကဆီကိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ အယ်လ်မန်ချိုသေဆုံးမှုနဲ့ပတ်သက်ပြီး လက်တုံ့ပြန်တဲ့အနေနဲ့ မူးယစ်ဆေးဝါးဂိုဏ်း အဖွဲ့ဝင်တွေက လမ်းတွေကိုပိတ်ဆို့ပြီး ကင်းလှည့်ယာဉ်တွေကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။
ဒါ့ပြင် အကြမ်းဖက်မှုတွေက Michoacan၊ Tamaulipas၊ Zacatecas၊ Colima နဲ့ Oaxaca ပြည်နယ်တွေကို လျင်မြန်စွာပျံ့နှံ့သွားခဲ့တာကြောင့် အာဏာပိုင်တွေက အရေးပေါ်အခြေအနေကြေညာခဲ့ရတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
မူးယစ္ဂိုဏ္းေခါင္းေဆာင္ သတ္ခံရၿပီးေနာက္ မကၠဆီကိုတစ္ဝွမ္းမွာ အၾကမ္းဖက္မႈေတြျဖစ္ပြားလာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၄
မကၠဆီကိုႏိုင္ငံတစ္ဝွမ္းက ၿမိဳ႕ေပါင္းမ်ားစြာမွာ မူးယစ္ေဆးဝါးဂိုဏ္းေတြနဲ႔ လုံၿခဳံေရးအရာရွိေတြၾကားမွာ ထိပ္တိုက္ ေတြ႕ဆုံမႈေတြျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ မကၠဆီကိုစစ္တပ္က ထိပ္တန္းမူးယစ္ရာဇာအယ္လ္မန္ခ်ိဳကို သတ္ပစ္ခဲ့ၿပီးေနာက္ ယခုလိုဆူပူေသာင္းက်န္းမႈေတြ ျဖစ္ပြားလာတာပဲျဖစ္ပါတယ္။
မကၠဆီကိုစစ္တပ္ရဲ႕ အထူးတပ္ဖြဲ႕ေတြဟာ Jalisco New Generation Cartel (CJNG) မူးယစ္ဂိုဏ္းရဲ႕ေခါင္းေဆာင္ အယ္လ္မန္ခ်ိဳကို ေအာင္ျမင္စြာသတ္ပစ္ႏိုင္ခဲ့တယ္လို႔ မကၠဆီကို အမ်ိဳးသားကာကြယ္ေရးဝန္ႀကီး႐ုံးက ထုတ္ျပန္ ေၾကညာခဲ့တာလည္းျဖစ္ပါတယ္။
Tapalpa ၿမိဳ႕မွာ ၎ကို ဖမ္းဆီးဖို႔လုပ္ေဆာင္ခဲ့တဲ့စစ္ဘက္ဆိုင္ရာစစ္ဆင္ေရးတစ္ခုအတြင္း ရရွိခဲ့တဲ့ဒဏ္ရာေတြ ေၾကာင့္ပဲ အယ္လ္မန္ခ်ိဳက ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ မကၠဆီကိုအမ်ိဳးသားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ အယ္လ္မန္ခ်ိဳေသဆုံးမႈနဲ႔ပတ္သက္ၿပီး လက္တုံ႔ျပန္တဲ့အေနနဲ႔ မူးယစ္ေဆးဝါးဂိုဏ္း အဖြဲ႕ဝင္ေတြက လမ္းေတြကိုပိတ္ဆို႔ၿပီး ကင္းလွည့္ယာဥ္ေတြကို တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ လည္း သိရပါတယ္။
ဒါ့ျပင္ အၾကမ္းဖက္မႈေတြက Michoacan၊ Tamaulipas၊ Zacatecas၊ Colima နဲ႔ Oaxaca ျပည္နယ္ေတြကို လ်င္ျမန္စြာပ်ံ႕ႏွံ႔သြားခဲ့တာေၾကာင့္ အာဏာပိုင္ေတြက အေရးေပၚအေျခအေနေၾကညာခဲ့ရတယ္လို႔လည္း သိရပါတယ္။