အီရန်စစ်ပွဲ အရှိန်မြင့်လာချိန် အမေရိကန်က အရှေ့အလယ်ပိုင်းသို့ မြေပြင်တပ်ဖွဲ့များ စတင်ဖြန့်ကြတ်ချထား

 169

ဂျန်ဇက် (NP News) - မတ် ၂၄

အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းဆင်နွှဲနေသော စစ်ဆင်ရေးသည် သီတင်းပတ် ၄ပတ်ခန့်ရှိလာချိန်မှာ အမေရိကန် လေထီးတပ်နှင့် အထူးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာသည် အရှေ့အလယ်ပိုင်းဒေသသို့ရောက်ရှိလာပြီဖြစ်ရာ အီရန်မြေပေါ်သို့အကန့်အသတ်ဖြင့် မြေပြင်စစ်ဆင်ရေး တစ်ရပ် စတင်တော့မည်လားဆိုသည့်ခန့်မှန်းချက်များ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

နိုင်ငံတကာ သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ အမေရိကန်စစ်တပ်၏ အထူးအမြန်တုံ့ပြန်ရေးတပ်ဖြစ်သော 82nd Airborne Divisionမှ တပ်ဖွဲ့ဝင်ပေါင်းထောင်ချီကိုC-17 သယ်ယူပို့ဆောင်ရေး လေယာဉ်များဖြင့် အရှေ့အလယ်ပိုင်းဒေသတွင်းသို့ ဖြန့်ကြတ်ချထားခဲ့ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက C-5 Galaxy လေယာဉ်ကြီး ၆ စင်းဖြင့် 160th Special Operations Aviation Regiment (Night Stalkers) မှ MH-47G Chinook နှင့် MH-60M Black Hawk ရဟတ်ယာဉ်များကိုလည်း ပို့ဆောင်ခဲ့ပြီး အဆိုပါရဟတ်ယာဉ်များသည် Delta Force ကဲ့သို့သော အထူးတပ်ဖွဲ့များ၏ မြေပြင်စစ်ဆင်ရေးများအတွက် အဓိက အထောက်အကူပြုမည့်ယာဉ်များဖြစ်သည်။

အိုကီနာဝါမှ 31st Marine Expeditionary Unit အပါအဝင် မရိန်းတပ်ဖွဲ့ဝင် ၄,၅၀၀ ကျော်ကိုလည်း USS Boxer နှင့် USS Tripoli စစ်သင်္ဘောများဖြင့် အရှေ့အလယ်ပိုင်းသို့ စေလွှတ်ထားရာ၊ လက်ရှိ ဒေသတွင်းရှိ အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀၀၀ ခန့်ရှိသော အင်အားကို ထပ်မံဖြည့်တင်းလိုက်ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံအနေဖြင့် မြေပြင်စစ်ဆင်ရေး စတင်ခဲ့ပါက အဓိက ပစ်မှတ်များမှာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို လုံခြုံရေးရယူရန်နှင့် အီရန်က သိမ်းပိုက်ထားခဲ့သည့်Greater Tunb, Lesser Tunb နှင့် Abu Musa ကျွန်း ၃ ကျွန်းကို ဝင်ရောက်ထိန်းချုပ်ရန် ဖြစ်နိုင်ကြောင်း စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။ ထို့ပြင် အမေရိကန်သည် အီရန်၏ ရေနံတင်ပို့မှု ၉၀ ရာခိုင်နှုန်း ကို ထိန်းချုပ်ထားသော Kharg ကျွန်းကို သိမ်းပိုက်ခြင်း (သို့မဟုတ်) အီစဖာဟန် (Isfahan) မြို့အနီးရှိ နျူကလီးယား လက်နက်ပြုလုပ်နိုင်သော အဆင့်ရှိ ယူရေနီယံ သိုလှောင်ရုံများကို အထူးတပ်ဖွဲ့များဖြင့် ဝင်ရောက်စီးနင်း သိမ်းပိုက်ခြင်းများလည်းလုပ်ဆောင်ဖွယ်ရှိနေကြောင်း သိရသည်။
သမ္မတ ဒေါ်နယ်ထရမ့်က မြေပြင်တပ်ဖွဲ့များ စေလွှတ်မည့်ကိစ္စကို အတိအလင်း အတည်ပြုခြင်းမရှိဘဲ "တပ်ဖွဲ့တွေကို ဘယ်ကိုမှ မလွှတ်သေးပါဘူး၊ လွှတ်ခဲ့ရင်တောင် ခင်ဗျားတို့ကို ပြောမှာမဟုတ်ဘူး" ဟု တုံ့ပြန်ပြောဆိုထားသည်။

Zawgyi Version;
အီရန္စစ္ပြဲ အရွိန္ျမင့္လာခ်ိန္ အေမရိကန္က အေရွ႕အလယ္ပိုင္းသို႔ ေျမျပင္တပ္ဖြဲ႕မ်ား စတင္ျဖန႔္ၾကတ္ခ်ထား
ဂ်န္ဇက္ (NP News) - မတ္ ၂၄
အေမရိကန္ႏွင့္ အစၥေရးတို႔ ပူးေပါင္းဆင္ႏႊဲေနေသာ စစ္ဆင္ေရးသည္ သီတင္းပတ္ ၄ပတ္ခန႔္ရွိလာခ်ိန္မွာ အေမရိကန္ ေလထီးတပ္ႏွင့္ အထူးတပ္ဖြဲ႕ဝင္ ေထာင္ေပါင္းမ်ားစြာသည္ အေရွ႕အလယ္ပိုင္းေဒသသို႔ေရာက္ရွိလာၿပီျဖစ္ရာ အီရန္ေျမေပၚသို႔အကန႔္အသတ္ျဖင့္ ေျမျပင္စစ္ဆင္ေရး တစ္ရပ္ စတင္ေတာ့မည္လားဆိုသည့္ခန႔္မွန္းခ်က္မ်ား က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚေနသည္။

ႏိုင္ငံတကာ သတင္းရင္းျမစ္မ်ား၏ ေဖာ္ျပခ်က္အရ အေမရိကန္စစ္တပ္၏ အထူးအျမန္တုံ႔ျပန္ေရးတပ္ျဖစ္ေသာ 82nd Airborne Divisionမွ တပ္ဖြဲ႕ဝင္ေပါင္းေထာင္ခ်ီကိုC-17 သယ္ယူပို႔ေဆာင္ေရး ေလယာဥ္မ်ားျဖင့္ အေရွ႕အလယ္ပိုင္းေဒသတြင္းသို႔ ျဖန႔္ၾကတ္ခ်ထားခဲ့ေၾကာင္း ေဖာ္ျပထားသည္။

ၿပီးခဲ့သည့္ရက္ပိုင္းက C-5 Galaxy ေလယာဥ္ႀကီး ၆ စင္းျဖင့္ 160th Special Operations Aviation Regiment (Night Stalkers) မွ MH-47G Chinook ႏွင့္ MH-60M Black Hawk ရဟတ္ယာဥ္မ်ားကိုလည္း ပို႔ေဆာင္ခဲ့ၿပီး အဆိုပါရဟတ္ယာဥ္မ်ားသည္ Delta Force ကဲ့သို႔ေသာ အထူးတပ္ဖြဲ႕မ်ား၏ ေျမျပင္စစ္ဆင္ေရးမ်ားအတြက္ အဓိက အေထာက္အကူျပဳမည့္ယာဥ္မ်ားျဖစ္သည္။

အိုကီနာဝါမွ 31st Marine Expeditionary Unit အပါအဝင္ မရိန္းတပ္ဖြဲ႕ဝင္ ၄,၅၀၀ ေက်ာ္ကိုလည္း USS Boxer ႏွင့္ USS Tripoli စစ္သေဘၤာမ်ားျဖင့္ အေရွ႕အလယ္ပိုင္းသို႔ ေစလႊတ္ထားရာ၊ လက္ရွိ ေဒသတြင္းရွိ အေမရိကန္တပ္ဖြဲ႕ဝင္ ၅၀၀၀၀ ခန႔္ရွိေသာ အင္အားကို ထပ္မံျဖည့္တင္းလိုက္ျခင္းျဖစ္သည္။

အေမရိကန္ႏိုင္ငံအေနျဖင့္ ေျမျပင္စစ္ဆင္ေရး စတင္ခဲ့ပါက အဓိက ပစ္မွတ္မ်ားမွာ ေဟာ္မုဇ္ေရလက္ၾကား (Strait of Hormuz) ကို လုံၿခဳံေရးရယူရန္ႏွင့္ အီရန္က သိမ္းပိုက္ထားခဲ့သည့္Greater Tunb, Lesser Tunb ႏွင့္ Abu Musa ကြၽန္း ၃ ကြၽန္းကို ဝင္ေရာက္ထိန္းခ်ဳပ္ရန္ ျဖစ္ႏိုင္ေၾကာင္း စစ္ေရးကြၽမ္းက်င္သူမ်ားက သုံးသပ္ၾကသည္။ ထို႔ျပင္ အေမရိကန္သည္ အီရန္၏ ေရနံတင္ပို႔မႈ ၉၀ ရာခိုင္ႏႈန္း ကို ထိန္းခ်ဳပ္ထားေသာ Kharg ကြၽန္းကို သိမ္းပိုက္ျခင္း (သို႔မဟုတ္) အီစဖာဟန္ (Isfahan) ၿမိဳ႕အနီးရွိ န်ဴကလီးယား လက္နက္ျပဳလုပ္ႏိုင္ေသာ အဆင့္ရွိ ယူေရနီယံ သိုေလွာင္႐ုံမ်ားကို အထူးတပ္ဖြဲ႕မ်ားျဖင့္ ဝင္ေရာက္စီးနင္း သိမ္းပိုက္ျခင္းမ်ားလည္းလုပ္ေဆာင္ဖြယ္ရွိေနေၾကာင္း သိရသည္။
သမၼတ ေဒၚနယ္ထရမ့္က ေျမျပင္တပ္ဖြဲ႕မ်ား ေစလႊတ္မည့္ကိစၥကို အတိအလင္း အတည္ျပဳျခင္းမရွိဘဲ "တပ္ဖြဲ႕ေတြကို ဘယ္ကိုမွ မလႊတ္ေသးပါဘူး၊ လႊတ္ခဲ့ရင္ေတာင္ ခင္ဗ်ားတို႔ကို ေျပာမွာမဟုတ္ဘူး" ဟု တုံ႔ျပန္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.