ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ အပါအဝင် ကော်မတီ နှစ်ခုအတွက် လျာထားသော ဥက္ကဌ နှင့် အတွင်းရေးမှူး အမည်စာရင်းကို တင်ပြ

295

ပိုင်ငြိမ်း (NP News) – မတ် ၂၄
ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ နှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီတို့အတွက် လျာထားသော ဥက္ကဌ နှင့် အတွင်းရေးမှူး အမည်စာရင်းကိုတတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့အဖြစ် မတ် ၂၄ ရက်၊ နံနက် ၁၀ နာရီက ကျင်းပခဲ့စဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက လွှတ်တော်သို့ တင်ပြခဲ့သည်။
လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း နှင့် ကော်မတီအတွင်းရေးမှုးအဖြစ် ဒေါက်တာကျော်ကျော်ဌေးကို လည်းကောင်း၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးသန်းထွန်းဦးနှင့် အတွင်းရေးမှူးအဖြစ် ဦးသန်းထွန်းတို့လည်းကောင်း ရွေးချယ်အဆိုပြုခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် ကော်မတီတစ်ခုစီတွင် အဖွဲ့ဝင် ၁၅ ဦးစီဖြင့် လျာထားဖွဲ့စည်းရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က လွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။
ထို့အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းကလည်း လွှတ်တော်အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့ ဖွဲ့စည်းရန် လျာထားသည့် ကော်မတီဥက္ကဋ္ဌများ ၊ ကော်မတီအတွင်းရေးမှုးများနှင့် ကော်မတီအဖွဲ့ဝင်များကို လာမည့် မတ်လ ၂၆ ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် အတည်ပြုကြေညာမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ျပည္သူ႔လႊတ္ေတာ္ အခြင့္အေရးေကာ္မတီ အပါအဝင္ ေကာ္မတီ ႏွစ္ခုအတြက္ လ်ာထားေသာ ဥကၠဌ ႏွင့္ အတြင္းေရးမႉး အမည္စာရင္းကို တင္ျပ
ပိုင္ၿငိမ္း (NP News) – မတ္ ၂၄
ျပည္သူ႔လႊတ္ေတာ္ လႊတ္ေတာ္အခြင့္အေရးေကာ္မတီ ႏွင့္ အစိုးရ၏ အာမခံခ်က္မ်ား၊ ကတိမ်ားႏွင့္ တာဝန္ခံခ်က္မ်ားစိစစ္ေရးေကာ္မတီတို႔အတြက္ လ်ာထားေသာ ဥကၠဌ ႏွင့္ အတြင္းေရးမႉး အမည္စာရင္းကိုတတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ပထမပုံမွန္အစည္းအေဝး တတိယေန႔အျဖစ္ မတ္ ၂၄ ရက္၊ နံနက္ ၁၀ နာရီက က်င္းပခဲ့စဥ္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီက လႊတ္ေတာ္သို႔ တင္ျပခဲ့သည္။
လႊတ္ေတာ္အခြင့္အေရးေကာ္မတီ ဥကၠ႒အျဖစ္ ျပည္သူ႔လႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးေမာင္ေမာင္အုန္း ႏွင့္ ေကာ္မတီအတြင္းေရးမႈးအျဖစ္ ေဒါက္တာေက်ာ္ေက်ာ္ေဌးကို လည္းေကာင္း၊ အစိုးရ၏ အာမခံခ်က္မ်ား၊ ကတိမ်ားႏွင့္ တာဝန္ခံခ်က္မ်ားစိစစ္ေရးေကာ္မတီ ဥကၠ႒အျဖစ္ ဦးသန္းထြန္းဦးႏွင့္ အတြင္းေရးမႉးအျဖစ္ ဦးသန္းထြန္းတို႔လည္းေကာင္း ေ႐ြးခ်ယ္အဆိုျပဳခဲ့ေၾကာင္းလည္း သိရသည္။
ထို႔အျပင္ ေကာ္မတီတစ္ခုစီတြင္ အဖြဲ႕ဝင္ ၁၅ ဦးစီျဖင့္ လ်ာထားဖြဲ႕စည္းရန္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ က လႊတ္ေတာ္သို႔ တင္ျပခဲ့ေၾကာင္း သိရသည္။
ထို႔အတူ ျပည္သူ႔လႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးေမာင္ေမာင္အုန္းကလည္း လႊတ္ေတာ္အခြင့္အေရးေကာ္မတီႏွင့္ အစိုးရ၏ အာမခံခ်က္မ်ား၊ ကတိမ်ားႏွင့္ တာဝန္ခံခ်က္မ်ားစိစစ္ေရးေကာ္မတီ၏ တာဝန္၊ လုပ္ပိုင္ခြင့္၊ ရပိုင္ခြင့္၊ သက္တမ္း၊ ေကာ္မတီအစည္းအေဝးမ်ားႏွင့္ စပ္လ်ဥ္း၍ ရွင္းလင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ဖြဲ႕စည္းရန္ လ်ာထားသည့္ ေကာ္မတီဥကၠ႒မ်ား ၊ ေကာ္မတီအတြင္းေရးမႈးမ်ားႏွင့္ ေကာ္မတီအဖြဲ႕ဝင္မ်ားကို လာမည့္ မတ္လ ၂၆ ရက္ေန႔တြင္ က်င္းပမည့္ တတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ပထမပုံမွန္အစည္းအေဝး စတုတၳေန႔တြင္ အတည္ျပဳေၾကညာမည္ျဖစ္ေၾကာင္း သိရသည္။