အစ္စရေး၏တိုက်ခိုက်မှုကြောင့် အီရန်ရေတပ်ဦးစီးချုပ် သေဆုံး

 392

ဂျန်ဇက် (NP News) - မတ် ၂၇

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ရေတပ်စစ်ဦးစီးချုပ် အလီရီဇာတန်စီရီ သေဆုံးသွားကြောင်း အစ္စရေးအစိုးရတာဝန်ရှိသူများက ပြောဆိုလိုက်သလို နိုင်ငံတကာသတင်းမီဒီယာများက ဖော်ပြသည်။
ဗိုလ်ချုပ်ကြီး အလီရီဇာသည် ကမ္ဘာ့ရေနံနှင့် စွမ်းအင်ဈေးကွက်အတွက် အလွန်အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ရန် ကြိုးကိုင်ခဲ့သူ အဓိကတာဝန်ရှိသူတစ်ဦးအဖြစ် လူသိများကြောင်း သိရသည်။
ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုကွင်းဆက်အတွက် အဓိက အရေးပါသည့် ဟော်မုဇ့်ရေလက်ကြားကို ပိတ်ဆို့ရန် တာဝန်ရှိသူ ဗိုလ်ချုပ်ကြီး အလီရီဇာ သေဆုံးခြင်းသည် အရှေ့အလယ်ပိုင်းဒေသ နှင့် ကမ္ဘာ့ပထဝီနိုင်ငံရေးအတွက် အလွန်ကြီးမားသော အချိုးအကွေ့တစ်ခုဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။
အစ္စရေး၏ စစ်ဆင်ရေးသည် အီရန်၏ ရေကြောင်းစစ်ရေးစွမ်းရည် နှင့် IRGC ၏ လွှမ်းမိုးမှုကို တိုက်ရိုက်အဆုံးသတ်လိုက်ခြင်းဖြစ်ပြီး၊ နှစ်နိုင်ငံကြား တင်းမာမှုများကို အမြင့်ဆုံးအဆင့်သို့ရောက်ရှိသွားစေဖွယ်ရှိနေသည်။ ၎င်းသည် ပါရှန်ပင်လယ်အတွင်း အီရန်၏ရေတပ်မဟာဗျူဟာများအတွက် အဓိက အရေးပါသူဖြစ်သည်။
အီရန်သည် စစ်ပွဲစတင်ပြီးနောက် တစ်လအတွင်း အမေရိကန် နှင့် အစ္စရေးတို့တိုက်ခိုက်မှုကြောင့် အမြင့်ဆုံး ဘာသာရေးခေါင်းဆောင်အယာတိုလာ ခါမေနီ အပါအဝင် စစ်တပ်နှင့်အစိုးရအဖွဲ့ အဓိကတာဝန်ရှိသူများ လုပ်ကြံသတ်ဖြတ်ခံနေရကြောင်း သိရသည်။

Zawgyi Version;
အစၥေရး၏တိုက္ခိုက္မႈေၾကာင့္ အီရန္ေရတပ္ဦးစီးခ်ဳပ္ ေသဆုံး
ဂ်န္ဇက္ (NP News) - မတ္ ၂၇

အစၥေရး၏ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အီရန္ေတာ္လွန္ေရးအေစာင့္တပ္ (IRGC) ၏ ေရတပ္စစ္ဦးစီးခ်ဳပ္ အလီရီဇာတန္စီရီ ေသဆုံးသြားေၾကာင္း အစၥေရးအစိုးရတာဝန္ရွိသူမ်ားက ေျပာဆိုလိုက္သလို ႏိုင္ငံတကာသတင္းမီဒီယာမ်ားက ေဖာ္ျပသည္။
ဗိုလ္ခ်ဳပ္ႀကီး အလီရီဇာသည္ ကမာၻ႔ေရနံႏွင့္ စြမ္းအင္ေဈးကြက္အတြက္ အလြန္အေရးပါေသာ ေဟာ္မုဇ္ေရလက္ၾကားကို ပိတ္ဆို႔ရန္ ႀကိဳးကိုင္ခဲ့သူ အဓိကတာဝန္ရွိသူတစ္ဦးအျဖစ္ လူသိမ်ားေၾကာင္း သိရသည္။
ကမာၻ႔စြမ္းအင္ေထာက္ပံ့မႈကြင္းဆက္အတြက္ အဓိက အေရးပါသည့္ ေဟာ္မုဇ့္ေရလက္ၾကားကို ပိတ္ဆို႔ရန္ တာဝန္ရွိသူ ဗိုလ္ခ်ဳပ္ႀကီး အလီရီဇာ ေသဆုံးျခင္းသည္ အေရွ႕အလယ္ပိုင္းေဒသ ႏွင့္ ကမာၻ႔ပထဝီႏိုင္ငံေရးအတြက္ အလြန္ႀကီးမားေသာ အခ်ိဳးအေကြ႕တစ္ခုျဖစ္လာႏိုင္ေၾကာင္း သုံးသပ္မႈမ်ားရွိေနသည္။
အစၥေရး၏ စစ္ဆင္ေရးသည္ အီရန္၏ ေရေၾကာင္းစစ္ေရးစြမ္းရည္ ႏွင့္ IRGC ၏ လႊမ္းမိုးမႈကို တိုက္႐ိုက္အဆုံးသတ္လိုက္ျခင္းျဖစ္ၿပီး၊ ႏွစ္ႏိုင္ငံၾကား တင္းမာမႈမ်ားကို အျမင့္ဆုံးအဆင့္သို႔ေရာက္ရွိသြားေစဖြယ္ရွိေနသည္။ ၎သည္ ပါရွန္ပင္လယ္အတြင္း အီရန္၏ေရတပ္မဟာဗ်ဴဟာမ်ားအတြက္ အဓိက အေရးပါသူျဖစ္သည္။
အီရန္သည္ စစ္ပြဲစတင္ၿပီးေနာက္ တစ္လအတြင္း အေမရိကန္ ႏွင့္ အစၥေရးတို႔တိုက္ခိုက္မႈေၾကာင့္ အျမင့္ဆုံး ဘာသာေရးေခါင္းေဆာင္အယာတိုလာ ခါေမနီ အပါအဝင္ စစ္တပ္ႏွင့္အစိုးရအဖြဲ႕ အဓိကတာဝန္ရွိသူမ်ား လုပ္ႀကံသတ္ျဖတ္ခံေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.