တက္ကသိုလ်များတွင် စီးပွားရေးဘွဲ့သင်တန်းနှင့် ဥပဒေဘွဲ့သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် စစ်ကောင်စီ က ညှိနှိုင်းဆွေးနွေးနေ

 562

NP News ဧပြီ ၂၇

တက္ကသိုလ်များတွင်စီးပွားရေးဘွဲ့သင်တန်းနှင့် ဥပဒေဘွဲ့သင်တန်းများတိုးချဲ့ ဖွင့်လှစ်နိုင်ရန် စစ်ကောင်စီက စီစဉ်နေပြီး ယင်းနှင့်ပတ်သတ်သည့် ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၆ ရက် နံနက် ပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

တိုင်းပြည်၏ စီးပွားရေးကောင်းမွန်စေရန်စီးပွားရေး အခြေခံများ နားလည်တတ်ကျွမ်းသူများရှိမှသာ ကုန် ထုတ်လုပ်မှုလုပ်ငန်းသည် ပိုမိုတိုးတက်လာမည်ဖြစ်ပြီး ယခင် စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှု အမှားကြောင့် နိုင်ငံ၏စီးပွားရေးကျဆင်းခဲ့ရကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ နိုင်ငံသားများစီးပွားရေးဆိုင်ရာ အမြင်များ ရှိ ရန်လိုအပ်သဖြင့် စီးပွားရေးပညာကို သင်ကြားစေလိုခြင်းဖြစ်ကြောင်း စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။

ဥပဒေပညာသည် နိုင်ငံသားတိုင်းဥပဒေစည်းကမ်းများနှင့်အညီ နေထိုင်ရန် လွန်စွာအရေးကြီးကြောင်း ၊ လူမှု ရေးဆိုင်ရာများ၊ စီးပွားရေးဆိုင်ရာများနှင့် အခြားကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဥပဒေဖြင့် ဖြေရှင်းရမှုများရှိ ကြောင်း ၊ အုပ်ချုပ်မှုအပိုင်းတွင်လည်း ဥပဒေ သိရန်လိုအပ်ပြီး စီမံခန့်ခွဲမှုဆောင်ရွက် သူများအနေဖြင့်လည်း ဥပဒေကို နားလည်တတ်ကျွမ်းရန်လိုအပ်ကြောင်း၊ လက်တွေ့နယ်ပယ်တွင် တိုက် ရိုက်အသုံးချရန်အတွက် ဥပဒေကို နားလည်တတ်ကျွမ်းထားရမည်ဖြစ်ကြောင်း စစ်ကောင်စီ ဥက္ကဌ က ဆက်လက်ပြောသည်။

စစ်ကောင်စီဥက္ကဌက ဥပဒေနှင့်ပတ်သက်၍ တက္ကသိုလ်များတွင် ဥပဒေဘွဲ့သင်တန်းများ ဖွင့်လှစ်ရန် စီစဉ်နေသော်လည်း လက်ရှိ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏လုပ်ရပ်သည် ဥပဒေနှင့် ဆန့်ကျင်နေပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများကို မတရားဖမ်းဆီးထိမ်းသိမ်းခြင်း၊ ဖမ်းဆီးထိမ်းသိမ်းခံရသူများကို မိသားစုနှင့် အဆက်အသွယ်ဖြတ်ထားခြင်း၊ စစ်ကြောရေးစခန်းများတွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင် ရာ အမြတ်ထုတ်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။
ထို့အတူ စီးပွားရေးဘွဲ့သင်တန်းပေးမည်ဟုဆိုသော်လည်း ယင်းတို့လက်ထက်တွင် ကုန်ဈေးနှုန်းမြင့်တက် မှုများ ဆက်တိုက်ဖြစ်လာပြီး မြန်မာနိုင်ငံ၏ စီးပွားရေးသည် ယခင်ကထက် ပိုမိုကျဆင်းသွားကြောင်း သိရသည်။

#NPNewsMyanmar

Related news

© 2021. All rights reserved.