မြန်မာကျောင်းသားများအတွက် Fulbright ပညာသင်ဆုပေးမည်ဟု အမေရိကန်သံရုံး ထုတ်ပြန်

 1027

သန့်မင်းအိမ် (NP News) - မတ် ၁၈
မြန်မာနိုင်ငံရှိ ထူးချွန်သည့် ကျောင်းသားများအတွက် Fulbright ပညာသင်ဆု ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ယနေ့ (မတ်လ ၁၈ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါForeign Student Programအမေရိကန်ရှိ တက္ကသိုလ်များတွင် မဟာဘွဲ့ (Master's Degree) တက်ရောက်လိုသည့် မြန်မာကျောင်းသားများအတွက် ပညာသင်သင်ဆု အပြည့်အစုံထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
ယခုခေါ်ယူနေသည့် ပညာသင်ဆုမှာ (၂၀၂၇- ၂၀၂၈) ပညာသင်နှစ်အတွက်ဖြစ်၍ လာမည့် (မေလ ၁ ရက်) နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများအနေဖြင့် လက်ရှိကန့်သတ်ချက်များနှင့် လျှောက်ထားရာတွင် သက်ဆိုင်ရာ ခရီးသွားခြွင်းချက်အတွက် အရည်အချင်းပြည့်မီရန် လိုအပ်၍ ထည့်သွင်းစဉ်းစားသင့်သည်ဟု သံရုံးက အသိပေးထားသည်။
ယခင်က အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ခရီးသွားလာခွင့် ကန့်သတ်ချက်များကြောင့် Fulbright ပညာတော်သင်ဆု အစီအစဉ် ရပ်တန့်ခဲ့ရပြီး ယခု ပြန်လည်ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် (၂၀၂၅) ခုနှစ်၊ ဇွန်လ (၄) ရက်တွင် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၁၂) နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်ပင်သည့် အမိန့်ထုတ်ပြန်ခဲ့ကာ ဇွန်လ ၉ ရက်နေ့တွင် စတင်သက်ရောက်ခဲ့သည့်နောက်ပိုင်း ယခုကဲ့သို့ ပညာသင်ဆု ပြန်လည်ခေါ်ယူမှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာေက်ာင္းသားမ်ားအတြက္ Fulbright ပညာသင္ဆုေပးမည္ဟု အေမရိကန္သံ႐ုံး ထုတ္ျပန္
သန႔္မင္းအိမ္ (NP News) - မတ္ ၁၈
ျမန္မာႏိုင္ငံရွိ ထူးခြၽန္သည့္ ေက်ာင္းသားမ်ားအတြက္ Fulbright ပညာသင္ဆု ေပးမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ရွိ အေမရိကန္သံ႐ုံးက ယေန႔ (မတ္လ ၁၈ ရက္) တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။
အဆိုပါForeign Student Programအေမရိကန္ရွိ တကၠသိုလ္မ်ားတြင္ မဟာဘြဲ႕ (Master's Degree) တက္ေရာက္လိုသည့္ ျမန္မာေက်ာင္းသားမ်ားအတြက္ ပညာသင္သင္ဆု အျပည့္အစုံေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ယခုေခၚယူေနသည့္ ပညာသင္ဆုမွာ (၂၀၂၇- ၂၀၂၈) ပညာသင္ႏွစ္အတြက္ျဖစ္၍ လာမည့္ (ေမလ ၁ ရက္) ေနာက္ဆုံးထား၍ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္ထားသူမ်ားအေနျဖင့္ လက္ရွိကန႔္သတ္ခ်က္မ်ားႏွင့္ ေလွ်ာက္ထားရာတြင္ သက္ဆိုင္ရာ ခရီးသြားႁခြင္းခ်က္အတြက္ အရည္အခ်င္းျပည့္မီရန္ လိုအပ္၍ ထည့္သြင္းစဥ္းစားသင့္သည္ဟု သံ႐ုံးက အသိေပးထားသည္။
ယခင္က အေမရိကန္အစိုးရက ျမန္မာႏိုင္ငံအေပၚ ခရီးသြားလာခြင့္ ကန႔္သတ္ခ်က္မ်ားေၾကာင့္ Fulbright ပညာေတာ္သင္ဆု အစီအစဥ္ ရပ္တန႔္ခဲ့ရၿပီး ယခု ျပန္လည္ေခၚယူျခင္းျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ (၂၀၂၅) ခုႏွစ္၊ ဇြန္လ (၄) ရက္တြင္ သမၼတ ေဒၚနယ္ထရန႔္က ျမန္မာႏိုင္ငံ အပါအဝင္ ႏိုင္ငံေပါင္း (၁၂) ႏိုင္ငံကို ျပည္ဝင္ခြင့္ပိတ္ပင္သည့္ အမိန႔္ထုတ္ျပန္ခဲ့ကာ ဇြန္လ ၉ ရက္ေန႔တြင္ စတင္သက္ေရာက္ခဲ့သည့္ေနာက္ပိုင္း ယခုကဲ့သို႔ ပညာသင္ဆု ျပန္လည္ေခၚယူမႈ ထြက္ေပၚလာျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.