အိန္ဒိယကို ယာစ်မုန်တိုင်းဝင်ရောက်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁သန်းကျော် ဘေးဒုက္ခများနှင့်ရင်ဆိုင်နေရ

 265

ဂျန်ဇက် (NP News) - မေ ၂၆
အိန္ဒိယနိုင်ငံအရှေ့ဘက်ပိုင်းတွင် ယနေ့နံနက်ပိုင်းက ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ယာစ် ကြောင့် ဘန်ဂေါနှင့် အိုဒီရှာပြည်နယ်က လူပေါင်း ၁ ဒသမ ၂သန်းကျော် ဘေးဒုက္ခရောက်ရှိနေပြီး ကူညီကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြောင်း သိရသည်။

အိန္ဒိယမိုးလေဝသဌာနက မုန်တိုင်းသည် ကုန်တွင်းကို နံနက်၁၁နာရီခွဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နေရာအချို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့်အဆောက်အဦးအမိုးများလွင့်စင့်ခဲ့ရကြောင်း ပြောသည်။ မုန်တိုင်းကြောင့် ဘန်ဂေါပြည်နယ်တွင် လူနှစ်ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများလုပ်ကိုင်သည့် ဝန်ထမ်းပေါင်း ၄၈ဝဝကျာ်သည် မုန်တိုင်းဒဏ်ခံရသည့် ပြည်နယ်နှစ်ခုတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေပြီး သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ လျှပ်စစ်ဝါယာကြိုးများဖယ်ရှားရှင်းလင်းခြင်း၊ အရေးပေါ်ကူညီဆက်သွယ်ပေး ခြင်း နှင့် ဆေးဝါးအကူအညီများ ပံ့ပိုးကူညီနေကြောင်း သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးဌာနက ပြောသည်။

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အရှိန်မြင့်နေချိန်တွင် မုန်တိုင်းဝင်ရောက်မှုကြောင့် ပိုမိုအ ခက်အခဲဖြစ်လာစေခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ ပြီးခဲ့သည့် သီတင်းပတ်ကလည်း အိန္ဒိယ နိုင်ငံအနောက်ပိုင်းကို ဆိုင်ကလုန်းမုန်တိုင်း တောက်တဲ့ ဝင်ရောက်မှုကြောင့် လူပေါင်း ၁၅၅ ဦးသေဆုံး ခဲ့ရသည်။

Related news

© 2021. All rights reserved.