အင်ဒိုနီးရှားနိုင်ငံမှာ မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၈၂)ဦးပျောက်ဆုံးနေ

168
Pika(NP News) - ဇန်နဝါရီ ၂၆
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်မှာ မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၈၂)ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။အနောက်ဂျာဗားပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းနေမှုနဲ့အတူ ယခုလိုမြေပြိုကျမှုတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။မြေပြိုမှုဟာ အနောက်ဂျာဗားပြည်နယ် West Bandungဒေသမှာရှိတဲ့ ရွာတစ်ရွာမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသတွင်းအရာရှိတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီပြောရေးဆိုခွင့်ရှိသူ အက်ဘ်ဒူလ်မူဟာရီက”ပျောက်ဆုံးနေသူအရေအတွက်က အရမ်းကိုများပြားတာကြောင့် ကျွန်တော်တို့ရဲ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။အနောက်ဂျာဗားပြည်နယ်မှာ သီတင်းပတ်တစ်ပတ်ကြာအောင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုနဲ့အတူ ပြင်းထန်တဲ့ရာသီဥတုအကြောင်း အင်ဒိုနီးရှားသဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီက သတိပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုဖြစ်ရပ်တွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အင္ဒိုနီးရွားႏိုင္ငံမွာ ေျမၿပိဳမႈတစ္ခုျဖစ္ပြားခဲ့ၿပီးေနာက္ အနည္းဆုံးလူ(၇)ဦးေသဆုံးကာ အျခားလူ(၈၂)ဦးေပ်ာက္ဆုံးေန
Pika(NP News) - ဇန္နဝါရီ ၂၆
အင္ဒိုနီးရွားႏိုင္ငံ အေနာက္ဂ်ာဗားျပည္နယ္မွာ ေျမၿပိဳမႈတစ္ခုျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၇)ဦးေသဆုံးကာ အျခားလူ(၈၂)ဦး ေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ သိရပါတယ္။အေနာက္ဂ်ာဗားျပည္နယ္မွာ မိုးသည္းထန္စြာ႐ြာသြန္းေနမႈနဲ႔အတူ ယခုလိုေျမၿပိဳက်မႈေတြျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ အင္ဒိုနီးရွားႏိုင္ငံ သဘာဝေဘးအႏၲရာယ္ေလ်ာ့ပါးေရးေအဂ်င္စီက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ေျမၿပိဳမႈဟာ အေနာက္ဂ်ာဗားျပည္နယ္ West Bandungေဒသမွာရွိတဲ့ ႐ြာတစ္႐ြာမွာျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ေဒသတြင္းအရာရွိတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။သဘာဝေဘးအႏၲရာယ္ေလ်ာ့ပါးေရးေအဂ်င္စီေျပာေရးဆိုခြင့္ရွိသူ အက္ဘ္ဒူလ္မူဟာရီက”ေပ်ာက္ဆုံးေနသူအေရအတြက္က အရမ္းကိုမ်ားျပားတာေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားသြားမွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။အေနာက္ဂ်ာဗားျပည္နယ္မွာ သီတင္းပတ္တစ္ပတ္ၾကာေအာင္ မိုးသည္းထန္စြာ႐ြာသြန္းခဲ့မႈနဲ႔အတူ ျပင္းထန္တဲ့ရာသီဥတုအေၾကာင္း အင္ဒိုနီးရွားသဘာဝေဘးအႏၲရာယ္ေလ်ာ့ပါးေရးေအဂ်င္စီက သတိေပးခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုျဖစ္ရပ္ေတြျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။