လက်ရှိကာလဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်အပေါ်မူတည်ပြီး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် သတိတရား၊ အသိတရားများဖြင့် ဆောင်ရွက်သွားကြရန် ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

 313

ဇွဲပြည့် (NPNews) မေ ၂၈
လက်ရှိကာလဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်အပေါ်မူတည်ပြီး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် သတိတရား၊ အသိတရားများဖြင့် ဆောင်ရွက်သွားကြရန် PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

၂ဝ၂၁ ခုနှစ်၊ မေလ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ Video Conferencing ဖြင့် နှစ်ရက်တိုင်တိုင်ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၁၆/၂၀၂၁) တွင် PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် လက်ရှိနိုင်ငံရေး အခြေအနေနှင့်ပတ်သတ်ပြီး အဖွဲ့အစည်းအသီးသီး၏အမြင်သဘောထားများ ဆွေးနွေးတင်ပြခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် အကြံပြုခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး EAO တို့၏ စုဖွဲ့မှုကိစ္စကိုလည်း အသေးစိတ်ဆွေးနွေးနိုင်ခဲ့ကြောင်း၊ လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် တစ်ဖက်တစ်လမ်းကနေပြီး NCA အသိသက်သေနိုင်ငံများနှင့် အဖွဲ့အစည်းများမှ ကြားဝင်ဖျန်ဖြေခြင်း ကိစ္စကိုလည်း အကျေအလည်ဆွေးနေပြီး လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း၊ ဖက်ဒရယ်အခြေခံမှု ရေးဆွဲရေးအလုပ်အဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး PPST ၏ ဖက်ဒရယ်အခြေခံမှုကို လာမည့် အစည်းအဝေးတွင် တင်ပြအတည်ပြုချက်ယူသွားရန် ဆုံးဖြတ်ခဲ့သလို နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ (FRC)၏ လုပ်ငန်းဆောင်ရွက်ချက်အပေါ်သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကိုလည်း ချမှတ်ပေးနိုင်ခဲ့ကြောင်းကိုလည်း ပြောကြားခဲ့သည်။

ထို့ပြင် ဥပဒေလေ့လာရေးအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များကိုလည်း ချမှတ်ပေးနိုင်ခဲ့သလို လက်ရှိနိုင်ငံရေး အကျပ်အတည်းဖြေရှင်းနိုင်ရေးအတွက် ပြည်တွင်းပြည်ပသက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားနိုင်ရန် ဆုံးဖြတ်နိုင်ခဲ့ကြောင်းကိုလည်းပြောကြားခဲ့သည်။

Related news

© 2021. All rights reserved.