အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရန် NUG နှင့် ချင်းအမျိုးသားတပ်ဦးတို့ ပူးပေါင်း
595
NP News - မေ ၂၉
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပူးပေါင်းပြီး အာဏာ ရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ကျင့်သုံးရေးအတွက် နှစ်ဖက်သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း မေလ ၂၉ ရက်နေ့တွင် NUG မှထုတ်ပြန် ကြေညာလိုက်သည်။
နှစ်ဖက်သဘောတူညီချက်ကို NUG ၏ ဒုတိယ သမ္မတကြီး ဒူဝါလရှီးလ နှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဝန်ကြီးများ နှင့် ချင်းအမျိုးသားတပ်ဦး (CNF) မှ ဥက္ကဌ ပူးဇင်ကျုံး၊ ဒု-ဥက္ကဌများ၊ အထွေထွေအတွင်းရေးမှူးတို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။
အဆိုပါ သဘောတူညီချက်တွင် NUG နှင့် ချင်းအမျိုးသားတပ်ဦးတို့အကြား အပြန်အလှန်အသိအ မှတ်ပြုမှု၊ အပြန်အလှန်လေးစားမှုဖြင့် အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ကျင့်သုံးရေးအတွက် တန်းတူရေးအခြေခံဖြင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။