ဘောလုံးကစားသမားများ နိုင်ငံတော်သီချင်းမဆိုခြင်းသည် နိုင်ငံတော်နှင့် ပြည်သူကို စော်ကားသည့် လုပ်ရပ်ဟု စစ်ကောင်စီ ပြန်ကြားရေးပြော

 1080

ကောင်းမြတ်ရာ (NPNews) မေ ၃၁

ဂျပန်နှင် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင်ဘောလုံးသမားများသည် နိုင်ငံတော် သီချင်းကို သီဆိုခဲ့ခြင်းမရှိသည့်အတွက် ယင်းလုပ်ရပ်သည် နိုင်ငံတော်နှင့် ပြည်သူကို စော်ကားသည့် လုပ်ရပ်ဟု စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံသီချင်းသည် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော သီချင်းဖြစ်ကြောင်း၊ ဘောလုံးသမားများ နိုင်ငံတော် သီချင်း မသီဆိုခဲ့ခြင်းသည် “တလွဲဆံပင်ကောင်းလုပ်ရပ်” နိုင်ငံတော်နှင့် ပြည်သူအပေါ်စော်ကားသောလုပ်ရပ်ဖြစ်သည်ဟု ပြောလိုကြောင်း ယင်းတို့ကဆိုသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက် ညနေပိုင်းက ဂျပန်နိုင်ငံတွင် ဂျပန် - မြန်မာ ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မြန်မာဘောလုံးကစားသမားများသည် နိုင်ငံတော်သီဆိုခဲ့ခြင်းမရှိဘဲ ဂိုးသမားပြည့်လျံအောင်ကလည်း လက်တွင် We Went Democrazy စာရေးသားပြီး လက်သုံးချောင်းထောင်ကာ စစ်အာရှင်ကို ဆန့်ကျင့်သည့် သင်္ကေတ ပြုလုပ်ခဲ့ကာ အဆိုပါပွဲတွင် မြန်မာအသင်းသည် ဂျပန်အသင်းကို ၁၀ ဂိုး၊ ဂိုးမရှိဖြင့် ရှံးနိမ့်ခဲ့သည်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ကျန်ရှိသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများဖြစ်သည့် ဇွန်လ ၁၁ ရက် တွင် မြန်မာ နှင့် ကာဂျစ်စတန်၊ ဇွန်လ ၁၅ ရက်တွင် တာဂျကစ္စတန် နှင့် မြန်မာ ပွဲစဉ်များကို ဂျပန်နိုင်ငံတွင် ကစားရဦးမည်ဖြစ်သည်။

Related news

© 2021. All rights reserved.