အကောင့်ဟက်ခံထားရတာ မဟုတ်ဘူးလို့ ပြောလာတဲ့ ရေဗက္ကာဝင်းပြော

615

အိဖြူ (NP News) - ဇွန် ၂
ရေဗက္ကာဝင်းဟာ နေရွှေသွေးအောင်နဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံကို ပြီးခဲ့တဲ့ရက်ပိုင်းက သူမ ကိုယ်တိုင်အသုံးပြုတဲ့ဖေ့ဘွတ်စ်အကောင့်ကနေတင်ခဲ့ပြီးနောက် တပ်သတင်းပေး(ဒလန်) လို့ ဝေဖန်ပြောဆိုခံနေရာတာဖြစ်ပြီး အဆိုပါ ပိုစ့်ကိုတော့ နာရီပိုင်းအတွင်းမှာပဲ ပြန်လည်ဖျက်သွားခဲ့ပါတယ်။
အဲဒီနောက် ဇွန်လ ၁ ရက်ညပိုင်းမှာ ကျွန်မအကောင့်ဟက်ခံထားရတာ လုံးဝမဟုတ်ပါဘူး။ မိတ်ဆွေတွေနဲ့ ပရိသတ်တွေက သူမအပေါ်မှာဘယ်လောက် ထိယုံကြည်မှုရှိလဲဆိုတာသိချင်တဲ့အတွက် စမ်းသပ်ခြင်းသာဖြစ်ပါတယ်လို့ သူမအကောင့်ကနေ ပြောခဲ့ပါတယ်။
“ကျွန်မ account heck ခံရတာ လုံးဝမဟုတ်ပါဘူးရှင်။ ကျွန်မအနေနဲ့ ပြည်သူလူထုကို ၁၇ နှစ်လုံးလုံး တတ်နိုင်တဲ့ဘက်က စေတနာမေတ္တာနဲ့ အလုပ်အကျွေးပြုခဲ့ပါတယ်။ ကျွန်မအပေါ်ဘယ်လောက် ယုံကြည်မှုရှိလည်း သိချင်လို့ စမ်းသပ်ခြင်းသက်သက်သာဖြစ်ပါတယ်ရှင်။ ကျွန်မအပေါ် မပြောင်းမလဲ ယုံကြည်ပေးကြတဲ့သူများကို အထူးကျေးဇူးတင်ရသလို မိမိအထင်နဲ့ ဆဲတဲ့သူများကိုလဲ သိမြင်ရပါ တယ်။ ကျွန်မတို့ ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဖြစ်ပြီး အားလုံး ဆက်စပ်ခင်မင်နေကြတာ အဆန်း မဟုတ်သလို ဖုံးကွယ်စရာလဲမဟုတ်ဘူးလို့မြင်ပါတယ်။ ကျွန်မအနေနဲ့တော့ ကျွန်မလုပ်နေကျအတိုင်း လူသားချင်းစာနာထောက်ထားတဲ့အကူအညီပေးမှုတွေ ဆက်လုပ်သွားမယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ရေဗက္ကာဝင်းဟာ ပြီးခဲ့တဲ့လပိုင်းကပဲ ချစ်သူအသစ်ရနေပြီဖြစ်ကြောင်း Relationships တင်ခဲ့တဲ့တာ ကြောင့် အခုလို နေရွှေသွေးအောင်နဲ့အတွဲပုံတင်ခဲ့ချိန်မှာ သူမတို့နှစ်ဦး တွဲနေကြပြီလားလို့ မေးခွန်း ထုတ်စရာတွေဖြစ်လာခဲ့သလို စစ်တပ်သတင်းပေးဖြစ်နေတာလားလို့ ဝေဖန်ပြောဆိုမှုတွေဖြစ်ခဲ့တာပါ။
အဆိုတော်ရေဗက္ကာဝင်းဟာ အခုလိုနွေဦးတော်လှန်ရေး မဖြစ်ခင်ကာလမှာကတည်းက ကိုဗစ်လူနာ တွေအတွက် လှူဒါန်းမှုတွေလည်း ပြုလုပ်ခဲ့သလို နွေဦးတော်လှန်ရေးကာလတလျှောက်လုံးမှာလည်း စားသောက်ရေး အခက်အခဲဖြစ်နေတဲ့ပြည်သူတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။